Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မျောက်ကျောက် ရောဂါကို နာမည်ပြောင်းလဲဖို့ WHO စီစဉ်နေ

နိုင်ငံတကာ သိပ္ပံပညာရှင် ၃၀ ကျော်လောက်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ မျောက်ကျောက် ရောဂါရဲ့ နာမည်နဲ့ ပတ်သက်လို့ မလိုလားအပ်တဲ့ ခွဲခြားမှု သဘောတွေ ရှိနေတာကြောင့် အမြန်ဆုံး နာမည်ပြောင်းသင့်ကြောင်း WHOဆီ စုပေါင်း တိုက်တွန်းခဲ့ကြပါတယ်။

မျောက်ကျောက် (Monkeypox)ရောဂါ
မျောက်ကျောက် (Monkeypox)ရောဂါ

မျောက်ကျောက်(Monkeypox)ရောဂါကို တရားဝင် နာမည်ပြောင်းလဲ သတ်မှတ်ဖို့ စီစဉ်နေကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က အတည်ပြုခဲ့ပါတယ်။

မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ နာမည်ပေးခဲ့တဲ့ ကျောက်ရောဂါဟာ အခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၂ ဒါဇင်ကျော်မှာ လူပေါင်း ၁၆၀၀ ကျော်ကို ကူးစက်ထားပြီးပါပြီ။ ရောဂါရဲ့ နာမည်က အာဖရိက အနွယ်တွေအပေါ် သွယ်ဝိုက် ထိခိုက်စေတဲ့ လူမျိုးရေး ခွဲခြားမှုဆန်ဆန် သဘောမျိုး သက်ရောက်နေကြောင်း ထောက်ပြမှုတွေ ရှိတဲ့အတွက် နာမည်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း WHOရဲ့ အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂီဘရီယီးဆက်စ်က ပြောပါတယ်။

မျောက်ကျောက်ရောဂါနဲ့ ရောဂါ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ကို သင့်တော်တဲ့ နာမည်အသစ် ပြောင်းလဲဖို့ ကမ္ဘာတလွှားက လက်တွဲဖော်တွေ၊ ကျွမ်းကျင်သူတွေနဲ့ ချိတ်ဆက် ဆွေးနွေး ဆောင်ရွက်နေကြောင်း ဒေါက်တာ တက်ဒ်ရော့စ်က အတည်ပြုပါတယ်။ သိပ်မကြာခင်မှာ ရောဂါရဲ့ တရားဝင် နာမည်အသစ်ကို ထုတ်ပြန်နိုင်မယ်လို့လည်း သူက ခန့်မှန်းပါတယ်။

နိုင်ငံတကာ သိပ္ပံပညာရှင် ၃၀ ကျော်လောက်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ မျောက်ကျောက် ရောဂါရဲ့ နာမည်နဲ့ ပတ်သက်လို့ မလိုလားအပ်တဲ့ ခွဲခြားမှု သဘောတွေ ရှိနေတာကြောင့် အမြန်ဆုံး နာမည်ပြောင်းသင့်ကြောင်း WHOဆီ စုပေါင်း တိုက်တွန်းခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒီဖြစ်ရပ်ဟာ ကိုဗစ်ရောဂါ အစောပိုင်း ကာလတွေတုန်းက ကိုရိုနာဗိုင်းရပ်စ်ရဲ့ နာမည်ကို အမြန်ဆုံး သတ်မှတ်ပေးဖို့ WHOက ကတိုက်ကရိုက် လုပ်ဆောင်ခဲ့တာကို အမှတ်ရစေပါတယ်။ အဲဒီတုန်းက လူတွေဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ရောဂါ စတင်ကူးစက်တာကို အကြောင်းပြုပြီး တရုတ်ဗိုင်းရပ်စ်၊ ဝူဟန်ဗိုင်းရပ်စ် စတာမျိုးတွေ သုံးနှုန်းနေတာကြောင့် WHOက ဗိုင်းရပ်စ်နာမည်ကို Sars-Cov-2လို့ သတ်မှတ် ကြေညာခဲ့ရတာပါ။

မျောက်ကျောက်ဟာ မျောက်တွေမှာတင် မကဘဲ တခြား တိရစ္ဆာန် မျိုးစိတ်တွေမှာလည်း ဖြစ်ပွားတတ်ပြီး လူတွေဆီ ရောက်ရှိအောင် သယ်ဆောင်လာတာက ကြွက်တွေလို့ ယုံကြည်ရပါတယ်။ မျောက်ကျောက်ဟာ အာဖရိက အနောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ ပျောက်ကွယ်နေခဲ့တာ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ပြီးမှ တကျော့ပြန် ခေါင်းထောင်လာသလို အခုဆိုရင် အာရှ၊ ဥရောပနဲ့ အမေရိကတိုက်တွေမှာပါ ကူးစက်မှုတွေ တွေ့ရှိလာရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)ရဲ့ ရန်ပုံငွေတွေ ဖြတ်တောက် လျှော့ချ ခံရမှုဟာ ကမ္ဘာအနှံ့မှာ လူသားချင်း စာနာမှု လုပ်ငန်းတွေအတွက် အကျပ်အတည်းတွေ ကြုံတွေ့လာစေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဆေးဝါးတွေကို ကြံ့ကြံ့ခံ ရှင်သန်နိုင်တဲ့ ရောဂါပိုးမွှားတွေကြောင့် တစ်နှစ်အတွင်း ကမ္ဘာအနှံ့မှာ ကလေး ၃ သန်းဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ရေးဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်တဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရပ်တန့်သွားတဲ့ဒဏ်ကို နိုင်ငံပေါင်း ၅၀ လောက်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွေ သက်ရောက် ခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လမ်းစဉ်ကိုလိုက်ပြီး အာဂျင်တီးနား အစိုးရဟာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။