Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နှာခေါင်းဝမှာ ဖျန်းပြီး သုံးရမယ့် ကိုဗစ် ကာကွယ်ဆေးတစ်မျိုး ထိုင်းသိပ္ပံပညာရှင်တွေ တီထွင်နေ

လောလောဆယ် တီထွင်နေတဲ့ ဖျန်းဆေးဟာ နှာခေါင်းကနေတဆင့် ဗိုင်းရပ်စ် ဝင်ရောက်မှုကို တားဆီးပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ နှာခေါင်းပေါက်ဟာ အသက်ရှူ လမ်းကြောင်းထဲ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိမှုမှာ အဓိက အကျဆုံး ဝင်ပေါက်လည်း ဖြစ်ပါတယ်။

နှာခေါင်းဝမှာ ဖျန်းပြီး သုံးရမယ့် ကိုဗစ် ကာကွယ်ဆေးတစ်မျိုး ထိုင်းသိပ္ပံပညာရှင်တွေ တီထွင်နေ
နှာခေါင်းဝမှာ ဖျန်းပြီး သုံးရမယ့် ကိုဗစ် ကာကွယ်ဆေးတစ်မျိုး ထိုင်းသိပ္ပံပညာရှင်တွေ တီထွင်နေ

ကိုဗစ်ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ နှာခေါင်းဖျန်းဆေး တစ်မျိုးကို ထိုင်းသိပ္ပံပညာရှင်တွေက အပတ်တကုတ် ကြိုးစား တီထွင်နေကြပါတယ်။

အဲဒီ ဖျန်းဆေးဟာ လက်တွေ့ ထုတ်လုပ်တဲ့ အဆင့်ကို မရောက်သေးပေမယ့် သုတေသနပြု လေ့လာမှုတွေမှာ အလားအလာကောင်းတွေ ပြသနေတယ်လို့ ဆိုပါတယ်။ ဆေးရဲ့ အဓိက တာဝန်ဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေ အသက်ရှူ လမ်းကြောင်းက ဝင်ရောက်လာချိန်မှာ ကြားဖြတ် ဟန့်တားပေးဖို့ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဆေးကို ဘန်ကောက်မြို့၊ ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ ဆေးပညာ ဌာန အပါအဝင် အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ပူးပေါင်း တီထွင်နေတာပါ။ စမ်းသပ်ဆဲ Prototypeအဆင့် တီထွင်ထားတဲ့ ရောဂါ တိုက်ဖျက်မှု ကိုယ်ခံအား Antibody တစ်မျိုးကို အခြေပြုပြီး နှာခေါင်း ဖျန်းဆေးကို ဖန်တီးထားတာလို့ ဆိုပါတယ်။

သုတေသန လုပ်ငန်းစဉ်တွေ ဆက်တိုက် အရှိန်မြှင့်ရင်း Antibody တည်ဆောက်မှု အသစ်တွေကို တွေ့ရှိလာကြောင်း၊ လူ့ခန္ဓာကိုယ်ကနေတဆင့် ကိုဗစ်ရောဂါကို တုံ့ပြန် တားဆီးမယ့် ကိုယ်ခံအားစနစ် လှုံ့ဆော်ပုံတွေကို ဖော်ထုတ်လာနိုင်ကြောင်း ချူလာလောင်ကွန်း တက္ကသိုလ်က လက်ထောက် ပါမောက္ခ ဒေါက်တာ နက်ကာရင် ဆီရီဆာဗြာက ပြောပါတယ်။

အသစ် တွေ့ရှိတဲ့ Antibodyတွေထဲမှာ တစ်ခုက လူ့ခန္ဓာကိုယ် ပြင်ပက လေထုနဲ့ ထိတွေ့နေရင်တောင် အစွမ်းအာနိသင် ဆက်ရှိနေတာကို တွေ့ရှိခဲ့ကြောင်း သူက ရှင်းပြတယ်။ ဒါဟာ လက်ရှိ အသုံးပြုနေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေနဲ့ အဓိက ကွဲပြားတဲ့ အချက်ဖြစ်ပြီး ကာကွယ်ဆေးတွေက ထုတ်ပေးတဲ့ Antibodyဟာ လူ့ခန္ဓာကိုယ်ထဲက ကိုယ်ခံအား စနစ်နဲ့ ပေါင်းစည်းပြီးသာ အလုပ်လုပ်လေ့ ရှိပါတယ်။

လောလောဆယ် တီထွင်နေတဲ့ ဖျန်းဆေးဟာ နှာခေါင်းကနေတဆင့် ဗိုင်းရပ်စ် ဝင်ရောက်မှုကို တားဆီးပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ နှာခေါင်းပေါက်ဟာ အသက်ရှူ လမ်းကြောင်းထဲ ကိုရိုနာဗိုင်းရပ်စ် ရောက်ရှိမှုမှာ အဓိက အကျဆုံး ဝင်ပေါက်လည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နှာခေါင်းဝမှာ ကတည်းက Antibody တည်ဆောက်ပြီး ဗိုင်းရပ်စ်ကို တားထားလိုက်ပြီ ဆိုတာနဲ့ အသက်ရှူ လမ်းကြောင်း တစ်ခုလုံးကို ကာကွယ်ပြီးသား ဖြစ်သွားနိုင်တယ်လို့ ဒေါက်တာ ဆီရီဆာဗြာက ပြောပါတယ်။ ဒီဖျန်းဆေးကို လက်တွေ့ ကွင်းဆင်း စမ်းသပ်မှုတွေ ပြုလုပ်ပြီး ကျေနပ် အားရတဲ့ အခြေအနေ ဖြစ်လာရင်တော့ ထိုင်းအစိုးရရဲ့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာန (FDA)ဆီမှာ ခွင့်ပြုချက် ရယူပြီး နှစ်မကုန်ခင် စျေးကွက်ထဲ ဖြန့်ချိ ရောင်းချဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

ဆီရီဆာဗြာကတော့ ရောဂါ ကာကွယ်ရေးမှာ ဒီဖျန်းဆေး တစ်ခုကိုပဲ အလုံးစုံ အားကိုးလို့ ရမှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပြီး ကာကွယ်ဆေးတွေ တီထွင် အောင်မြင်ချိန်တုန်းကလိုပဲ လူအချင်းချင်း အနီးကပ် ထိတွေ့မှုကို လျှော့ချတာ၊ နှာခေါင်းစည်း တပ်တာ၊ ပုံမှန် လက်ဆေးတာမျိုး အလေ့အကျင့် ကောင်းတွေကိုပါ ထိန်းသိမ်းထားဖို့လိုကြောင်း ပြောကြားသွားပါတယ်။