Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ရန်စမှုတိုင်းကို တင်းတင်းမာမာ တုံ့ပြန်မယ်လို့ တောင်ကိုရီးယား သမ္မတပြော

ယွန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည် နည်းပညာတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်မယ့် စစ်ရေးအင်အားနဲ့ အစီအမံတွေ လုပ်ဆောင်ထားဖို့ တောင်ကိုရီးယား စစ်ဗိုလ်ချုပ်တွေကို တောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ရန်စမှုတိုင်းကို တင်းတင်းမာမာ တုံ့ပြန်မယ်လို့ တောင်ကိုရီးယား သမ္မတပြော
မြောက်ကိုရီးယားရဲ့ ရန်စမှုတိုင်းကို တင်းတင်းမာမာ တုံ့ပြန်မယ်လို့ တောင်ကိုရီးယား သမ္မတပြော

မြောက်ကိုရီးယားဖက်က ရန်စတဲ့ အပြုအမူတွေ ပြသလာတာနဲ့ တင်းတင်းမာမာ လက်တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်က သတိပေး ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲလာနိုင်ခြေတွေ ရှိနေကြောင်း အမေရိကန်က သတိပေးထားတဲ့နောက် ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမြင့်တက်လာနိုင်တဲ့ အရိပ်အယောင်တွေ မြင်နေရပါတယ်။

ရွေးကောက်ပွဲကြို ကတိတွေမှာ ကတည်းက မြောက်ကိုရီးယားနဲ့ ပတ်သက်ရင် မာမာထန်ထန် မူဝါဒတွေ ချမှတ်သွားမယ်လို့ ကြွေးကြော်ထားတဲ့ ယွန်ဟာ အခု သီတင်းပတ်မှာတော့ စစ်ဘက် ထိပ်တန်း အရာရှိကြီးတွေနဲ့ ပထမဆုံးအကြိမ် စုံစုံညီညီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ယွန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ် ဒုံးကျည် နည်းပညာတွေကို ထိထိရောက်ရောက် တုံ့ပြန်နိုင်မယ့် စစ်ရေးအင်အားနဲ့ အစီအမံတွေ လုပ်ဆောင်ထားဖို့ တောင်ကိုရီးယား စစ်ဗိုလ်ချုပ်တွေကို တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတနဲ့ စစ်ဦးစီးတွေ တွေ့ဆုံမှုကို အမေရိကန် လေတပ်ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် F-35A ကိုယ်ပျောက် တိုက်လေယာဉ်တွေ တောင်ကိုရီးယားကို ဆိုက်ရောက်လာပြီး နောက်တစ်နေ့မှာ ပြုလုပ်ခဲ့တာပါ။ အဲဒီ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေဟာ တောင်ကိုရီးယား လေတပ်က ဝယ်ယူထားတဲ့ F-35တွေနဲ့ ပထမဆုံးအကြိမ် ပူးပေါင်း ပျံသန်းပြီး စစ်ရေး လေ့ကျင့်မှာ ဖြစ်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားအပေါ် တိုက်ရိုက်ကျကျ အင်အားပြ သတိပေးလိုက်တဲ့ သဘောမျိုးလို့ ယူဆနိုင်ပါတယ်။

သမ္မတ ယွန်ဟာ တောင်ကိုရီးယားရဲ့ လုံခြုံရေး ကဏ္ဍကို ခိုင်မာ အားကောင်းနေစေဖို့အတွက် တောင့်တင်းတဲ့ စစ်ရေး စွမ်းရည်မျိုး လိုအပ်တယ်လို့ ယုံကြည်ထားကြောင်း၊ အထူးသဖြင့် တောင်ကိုရီးယားနိုင်ငံ ပတ်ဝန်းကျင်နဲ့ အရှေ့မြောက်အာရှ ရပ်ဝန်းမှာ လုံခြုံရေးဆိုင်ရာ အနာဂတ် မရေရာမှုတွေ ပိုမို ဆိုးရွားလာချိန်မှာ သမ္မတက နိုင်ရဲ့ စစ်အင်အားကို အရာရာအတွက် အဆင်သင့် ဖြစ်နေစေလိုကြောင်း တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ယွန်ဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၊ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့နဲ့ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ဆွေးနွေးခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရကတော့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ အာရှတိုက်ရဲ့ NATOပုံစံ စစ်မဟာမိတ် အဖွဲ့မျိုး ဖွဲ့စည်းဖို့ ကြံစည်နေကြောင်း စွပ်စွဲပြီး ဒီလုပ်ရပ်က ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အကြီးအကျယ် ထိခိုက် ခြိမ်းခြောက်လာစေနိုင်ကြောင်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။