Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သမ္မတ အိမ်တော် စီးနင်းခံရမှုအပြီး ရာထူးက နုတ်ထွက်ပေးဖို့ သီရိလင်္ကာ သမ္မတ သဘောတူ

လူထုရဲ့ ထောက်ခံမှုဟာ အဖတ်ဆယ်မရအောင် ကျဆင်းနေပြီဆိုတာ ဖုံးမနိုင်ဖိမရ သေချာသွားတဲ့နောက် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာက ဇူလိုင် ၁၃ ရက်မှာ ရာထူးကနေ နုတ်ထွက်ပေးပါ့မယ်လို့ ကြေညာခဲ့ရပါတယ်။

သမ္မတ အိမ်တော် စီးနင်းခံရမှုအပြီး ရာထူးက နုတ်ထွက်ပေးဖို့ သီရိလင်္ကာ သမ္မတ သဘောတူ
သမ္မတ အိမ်တော် စီးနင်းခံရမှုအပြီး ရာထူးက နုတ်ထွက်ပေးဖို့ သီရိလင်္ကာ သမ္မတ သဘောတူ

သမ္မတ အိမ်တော်ထဲထိ လူစုလူဝေးနဲ့ ဝင်ရောက် စီးနင်း ခံခဲ့ရတဲ့ ဖြစ်ရပ်မျိုး ကြုံခဲ့တဲ့နောက် သီရိလင်္ကာ သမ္မတဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

သီရိလင်္ကာဟာ ခေတ်သစ် သမိုင်းတလျှောက် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရသလို အစိုးရကလည်း အကြွေးနွံနစ်ပြီး ဒေဝါလီ ခံရမယ့် အခြေအနေ ဆိုက်နေပါတယ်။ ပြည်တွင်းမှာ လောင်စာဆီ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အလွန်အကျွံ ရှားပါးလာနေပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေက တစ်နေ့တခြား အားကောင်းလာနေပါတယ်။

ဇူလိုင် ၉ ရက်မှာတော့ ဒေါသထွက်နေတဲ့ ဆန္ဒပြ ပြည်သူတွေဟာ ကိုလံဘို မြို့တော်မှာရှိတဲ့ သမ္မတ အိမ်တော်နဲ့ ဝန်ကြီးချုပ် အိမ်တော်တွေကို စီးနင်းခဲ့ကြပြီး ဝန်ကြီးချုပ် အိမ်တော်ကို မီးတင်ရှို့ခဲ့ပါတယ်။ ထောင်နဲ့ချီ များပြားတဲ့ ဆန္ဒပြသူတွေက သမ္မတ အိမ်တော်ထဲ ဝင်ရောက်ပြီး အိမ်တော်ရှေ့က ရေကူးကန်ထဲ ရေဆင်းကူးနေတဲ့ ဓာတ်ပုံတွေဟာ အင်တာနက်ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။ ဆန္ဒပြသူတွေ ဝင်ရောက်လာချိန်မှာ သမ္မတနဲ့ ဝန်ကြီးချုပ်ကိုတော့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

လူထုရဲ့ ထောက်ခံမှုဟာ အဖတ်ဆယ်မရအောင် ကျဆင်းနေပြီဆိုတာ ဖုံးမနိုင်ဖိမရ သေချာသွားတဲ့နောက် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာက ဇူလိုင် ၁၃ ရက်မှာ ရာထူးကနေ နုတ်ထွက်ပေးပါ့မယ်လို့ ကြေညာခဲ့ရပါတယ်။ သူနုတ်ထွက်ပြီးရင် ရွေးကောက်ပွဲ မတိုင်ခင်အထိ သီရိလင်္ကာမှာ ကြားဖြတ် ညွန့်ပေါင်း အစိုးရ တစ်ရပ်က တာဝန်ယူ အုပ်ချုပ်သွားဖွယ် ရှိနေပါတယ်။ မကြာသေးခင်ကမှ ဝန်ကြီးချုပ် ဖြစ်လာတဲ့ ရာနေးလ် ဝစ်ခ်ရာမီဆင်ဟီကလည်း ရာထူး နုတ်ထွက်ပေးဖို့ သဘောတူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လွှတ်တော် ဥက္ကဋ္ဌက သမ္မတ အနေနဲ့ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရာထူးက နုတ်ထွက်ပေးတာ ဖြစ်တဲ့အတွက် ပြည်သူလူထုကလည်း တရားဥပဒေကို လေးစား လိုက်နာပေးကြဖို့ ပန်ကြားခဲ့ပါတယ်။ သမ္မတ နုတ်ထွက်မယ့် သတင်းကို ကြေညာလိုက်တဲ့နောက် လူဦးရေ ၂၂ သန်းလောက်ရှိတဲ့ ကျွန်းနိုင်ငံမှာ ပြည်သူတွေက မီးရှူးမီးပန်းတွေပါ ပစ်ဖောက်ပြီး အကြီးအကျယ် အောင်ပွဲ ခံခဲ့ကြပါတယ်။ လောလောဆယ်တော့ နိုင်ငံရေးပါတီ အကြီးအကဲတွေ စုဝေးပြီး ချောချောမွေ့မွေ့ အာဏာလွှဲပြောင်းပေးနိုင်ရေး ကိစ္စတွေ ဆွေးနွေးနေပါတယ်။ သီရိလင်္ကာ စစ်တပ်ကလည်း အခြေအနေတွေ ပြန်အေးချမ်းစေဖို့အတွက် ပြည်သူတွေက လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်း ကူညီကြဖို့ မေတ္တာရပ်ခံထားပါတယ်။

သီရိလင်္ကာမှာတော့ အခု အစိုးရ အပြောင်းအလဲဟာ နိုင်ငံရေး ဩဇာ ကြီးမားလွန်းတဲ့ ရာဂျာပက်ခ်ဆာ မိသားစုရဲ့ ကျဆုံးခန်းလို့ ရည်ညွှန်းနိုင်ပါတယ်။ သမ္မတရဲ့ အစ်ကိုဖြစ်သူ မာဟင်ဒါ ရာဂျာပက်ခ်ဆာကလည်း သီရိလင်္ကာမှာ သမ္မတနဲ့ ဝန်ကြီးချုပ် ရာထူးတွေ ရယူခဲ့ဖူးသလို တခြား မိသားစုဝင် တချို့ကလည်း ဝန်ကြီးနေရာ အပါအဝင် အရေးပါတဲ့ အစိုးရ ရာထူးတွေမှာ ခန့်အပ် ခံခဲ့ရဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

ယူကရိန်း စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလုဇ်ညီဟာ ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရပြီး သူ့ရဲ့ စွမ်းစွမ်းတမံ အမှုထမ်းခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။