Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပါကစ္စတန်မှာ မင်္ဂလာပွဲ ကျင်းပတဲ့ လှေနစ်မြုပ်ရာက ၂၀ ကျော်သေပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

အခင်းဖြစ်ချိန်က လှေပေါ်မှာ လူပေါင်း ၁၀၀ ကျော် စီးနင်း လိုက်ပါလာပြီး နစ်မြုပ်ချိန်မှာ သတို့သား အပါအဝင် လူ ၆၅ ဦးထက် မနည်းကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကလေးတွေ အပါအဝင် လူ ၂ ဒါဇင်လောက် ပျောက်ဆုံးနေဆဲ ဖြစ်သလို သေဆုံးသူ ၂၀ လောက် ရှိရာမှာလည်း အားလုံးက အမျိုးသမီးတွေ၊ ကလေးတွေလို့ သိရပါတယ်။

ပါကစ္စတန်မှာ မင်္ဂလာပွဲ ကျင်းပတဲ့ လှေနစ်မြုပ်ရာက ၂၀ ကျော်သေပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ
ပါကစ္စတန်မှာ မင်္ဂလာပွဲ ကျင်းပတဲ့ လှေနစ်မြုပ်ရာက ၂၀ ကျော်သေပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

ပါကစ္စတန် နိုင်ငံမှာ မင်္ဂလာပွဲ ကျင်းပနေတဲ့ အပျော်စီး လှေတစ်စီး ရုတ်တရက် နစ်မြုပ်ရာက လူ ၂၀ ကျော် သေဆုံးသွားကြောင်း သိရပါတယ်။

ဇူလိုင် ၁၈ ရက်က နိုင်ငံ အရှေ့ပိုင်း၊ ပန်ဂျပ်ပြည်နယ်ထဲက ရေစီးသန်တဲ့ အင်ဒူစ် မြစ်ထဲမှာ ရေယာဉ် မတော်တဆမှု ဖြစ်ခဲ့တာလို့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဆာဒီကာဘက်စ် ဒေသမှာ ရေယာဉ် စင်းလုံးငှားပြီး မင်္ဂလာပွဲ ကျင်းပနေရာက အခုလို ကြေကွဲစရာ ဖြစ်ရပ်ဆိုးမျိုး ကြုံခဲ့ရတာပါ။

အခင်းဖြစ်ချိန်က လှေပေါ်မှာ လူပေါင်း ၁၀၀ ကျော် စီးနင်း လိုက်ပါလာပြီး နစ်မြုပ်ချိန်မှာ သတို့သား အပါအဝင် လူ ၆၅ ဦးထက် မနည်းကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကလေးတွေ အပါအဝင် လူ ၂ ဒါဇင်လောက် ပျောက်ဆုံးနေဆဲ ဖြစ်သလို သေဆုံးသူ ၂၀ လောက် ရှိရာမှာလည်း အားလုံးက အမျိုးသမီးတွေ၊ ကလေးတွေလို့ သိရပါတယ်။

ပန်ဂျပ်ပြည်နယ် အစိုးရအဖွဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ဆာလင်မ် အက်ဆီက ပျောက်ဆုံးနေသူတွေကို မြစ်ရိုးတလျှောက် ဖြန့်ကျက် ရှာဖွေနေဆဲဖြစ်ပြီး လှေနစ်မြုပ်တဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လှေဟာ သတ်မှတ် ပမာဏထက် လူတွေ ပိုတင်ထားဟန် ရှိတယ်လို့တော့ သူက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှာရစ်ဖ်က အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဝမ်းနည်း ကြေကွဲမိကြောင်း ထုတ်ပြန်ခဲ့ပြီး လှေနစ်မြုပ်မှုအတွက် ပွင့်လင်းမြင်သာမှုအပြည့် စုံစမ်း စစ်ဆေးပေးဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။ ပါကစ္စတန်မှာ ရေကြောင်း မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး အဓိက အကြောင်းရင်းကတော့ ကြံ့ခိုင်မှု အားနည်းပြီး ဟောင်းနွမ်းနေတဲ့ ရေယာဉ်တွေကို အသုံးပြုတာ၊ ခရီးသည်တွေအတွက် အသက်ကယ်အင်္ကျီ အလုံအလောက် စီစဉ်မပေးတာတွေကြောင့်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။

နိုင်ငံတကာ

စစ်ရဟတ်ယာဉ် တစ်စီးဟာ ကေဘယ်လ်ကားနားထိ ကြိုးကြိုးစားစား ချဉ်းကပ်ပြီး ကလေးငယ် ၁ ဦးကို ကယ်ထုတ်နိုင်ခဲ့သလို ကျန်တဲ့သူတွေကိုတော့ မြေပြင် အဖွဲ့သားတွေက နာရီပေါင်း အတော်ကြာမှာ ချောချောမောမော ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဘာသာရေး အစွန်းရောက် လူရမ်းကားတွေဟာ ခရစ်ယာန် ဘုရားကျောင်းတွေကို မီးရှို့ပြီး အနီးတဝိုက်က နေအိမ်တွေကို ဖျက်ဆီးခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ မီးရှို့မှုတွေ ဦးဆောင် ကျူးလွန်သူ ၄ ဦးလောက်ကို ဖမ်းဆီးထားပါတယ်။