Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ မင်္ဂလာပွဲ ကျင်းပတဲ့ လှေနစ်မြုပ်ရာက ၂၀ ကျော်သေပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

အခင်းဖြစ်ချိန်က လှေပေါ်မှာ လူပေါင်း ၁၀၀ ကျော် စီးနင်း လိုက်ပါလာပြီး နစ်မြုပ်ချိန်မှာ သတို့သား အပါအဝင် လူ ၆၅ ဦးထက် မနည်းကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကလေးတွေ အပါအဝင် လူ ၂ ဒါဇင်လောက် ပျောက်ဆုံးနေဆဲ ဖြစ်သလို သေဆုံးသူ ၂၀ လောက် ရှိရာမှာလည်း အားလုံးက အမျိုးသမီးတွေ၊ ကလေးတွေလို့ သိရပါတယ်။

ပါကစ္စတန်မှာ မင်္ဂလာပွဲ ကျင်းပတဲ့ လှေနစ်မြုပ်ရာက ၂၀ ကျော်သေပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ
ပါကစ္စတန်မှာ မင်္ဂလာပွဲ ကျင်းပတဲ့ လှေနစ်မြုပ်ရာက ၂၀ ကျော်သေပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

ပါကစ္စတန် နိုင်ငံမှာ မင်္ဂလာပွဲ ကျင်းပနေတဲ့ အပျော်စီး လှေတစ်စီး ရုတ်တရက် နစ်မြုပ်ရာက လူ ၂၀ ကျော် သေဆုံးသွားကြောင်း သိရပါတယ်။

ဇူလိုင် ၁၈ ရက်က နိုင်ငံ အရှေ့ပိုင်း၊ ပန်ဂျပ်ပြည်နယ်ထဲက ရေစီးသန်တဲ့ အင်ဒူစ် မြစ်ထဲမှာ ရေယာဉ် မတော်တဆမှု ဖြစ်ခဲ့တာလို့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဆာဒီကာဘက်စ် ဒေသမှာ ရေယာဉ် စင်းလုံးငှားပြီး မင်္ဂလာပွဲ ကျင်းပနေရာက အခုလို ကြေကွဲစရာ ဖြစ်ရပ်ဆိုးမျိုး ကြုံခဲ့ရတာပါ။

အခင်းဖြစ်ချိန်က လှေပေါ်မှာ လူပေါင်း ၁၀၀ ကျော် စီးနင်း လိုက်ပါလာပြီး နစ်မြုပ်ချိန်မှာ သတို့သား အပါအဝင် လူ ၆၅ ဦးထက် မနည်းကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကလေးတွေ အပါအဝင် လူ ၂ ဒါဇင်လောက် ပျောက်ဆုံးနေဆဲ ဖြစ်သလို သေဆုံးသူ ၂၀ လောက် ရှိရာမှာလည်း အားလုံးက အမျိုးသမီးတွေ၊ ကလေးတွေလို့ သိရပါတယ်။

ပန်ဂျပ်ပြည်နယ် အစိုးရအဖွဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ဆာလင်မ် အက်ဆီက ပျောက်ဆုံးနေသူတွေကို မြစ်ရိုးတလျှောက် ဖြန့်ကျက် ရှာဖွေနေဆဲဖြစ်ပြီး လှေနစ်မြုပ်တဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လှေဟာ သတ်မှတ် ပမာဏထက် လူတွေ ပိုတင်ထားဟန် ရှိတယ်လို့တော့ သူက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှာရစ်ဖ်က အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဝမ်းနည်း ကြေကွဲမိကြောင်း ထုတ်ပြန်ခဲ့ပြီး လှေနစ်မြုပ်မှုအတွက် ပွင့်လင်းမြင်သာမှုအပြည့် စုံစမ်း စစ်ဆေးပေးဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။ ပါကစ္စတန်မှာ ရေကြောင်း မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး အဓိက အကြောင်းရင်းကတော့ ကြံ့ခိုင်မှု အားနည်းပြီး ဟောင်းနွမ်းနေတဲ့ ရေယာဉ်တွေကို အသုံးပြုတာ၊ ခရီးသည်တွေအတွက် အသက်ကယ်အင်္ကျီ အလုံအလောက် စီစဉ်မပေးတာတွေကြောင့်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်က အလွတ်စာသင်ကျောင်း (ကျူရှင်)တစ်ခုမှာ အမိုးပြိုကျမှု ဖြစ်ပွားပြီး ကလေး ၁၄ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်တလျှောက် အာဖဂန် နစ္စတန် ပိုင်နက်ထဲက နေရာတချို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။