Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩဇာအကြီးဆုံး ပတ်စ်ပို့တ်ပိုင်ရှင်တွေအဖြစ် အာရှသုံးနိုင်ငံ ရပ်တည်

လေ့လာသူတွေကတော့ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေနဲ့ ပတ်သက်လို့ အာရှတိုက်မှာ အသွားအလာ ကန့်သတ်တာတွေ ရှိလာရင် ဒီပတ်စ်ပို့တ်တွေအပေါ် သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ဩဇာအကြီးဆုံး ပတ်စ်ပို့တ်ပိုင်ရှင်တွေအဖြစ် အာရှသုံးနိုင်ငံ ရပ်တည်
ဩဇာအကြီးဆုံး ပတ်စ်ပို့တ်ပိုင်ရှင်တွေအဖြစ် အာရှသုံးနိုင်ငံ ရပ်တည်

ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေအဖြစ် အာရှသုံးနိုင်ငံရဲ့ ပတ်စ်ပို့တ်တွေက ထိပ်ဆုံးမှာ ဦးဆောင် ရပ်တည်နေကြောင်း သိရပါတယ်။

ပတ်စ်ပို့တ်တစ်ခုရဲ့ နိုင်ငံအရေအတွက် ဘယ်လောက်များများမှာ ဆိုက်ရောက်ဗီဇာ ရရှိတာ၊ ဒါမှမဟုတ် ဗီဇာ ကင်းလွတ်ခွင့် ရနိုင်သလဲ ဆိုတာတွေအပေါ် မူတည်ပြီး ဒီစာရင်းကို သတ်မှတ်ထားတာပါ။ ကမ္ဘာ့နိုင်ငံ အရေအတွက် များများ ခရီးသွားနိုင်လေလေ၊ ပတ်စ်ပို့တ်ရဲ့ တန်ဖိုးနဲ့ ဩဇာက မြင့်တက်လေလေပါပဲ။

၂၀၂၂ ခုနှစ်မှာတော့ ဂျပန်ဟာ စင်ကာပူနဲ့ တောင်ကိုရီးယားတို့ကို ကျော်ပြီး နိုင်ငံ ၁၉၃ ခုကို ခရီးသွားလာနိုင်တဲ့ ပတ်စ်ပို့တ်ပိုင်ရှင် နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ စင်ကာပူနဲ့ တောင်ကိုရီးယား ပတ်စ်ပိုပတ်တွေက နိုင်ငံ ၁၉၂ ခုဆီ သွားလာဖို့ အဆင်ပြေတာကြောင့် ဒီစာရင်းရဲ့ ပူးတွဲ ဒုတိယ နေရာမှာ ရှိနေကြပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာပေါ်မှာ ဩဇာ အကြီးဆုံး ပတ်စ်ပို့စ် ပိုင်ရှင် သုံးနိုင်ငံဟာ အာရှတိုက်က ဖြစ်နေပါတယ်။

အမေရိကန် ပတ်စ်ပို့တ်ကတော့ နိုင်ငံပေါင်း ၁၈၆ ခုကို ဗီဇာ အခက်အခဲမရှိ သွားလာနိုင်ပြီး သတ္တမ နေရာမှာ ဘယ်လ်ဂျီယမ်၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်တို့နဲ့အတူ ပူးတွဲ ရပ်တည်နေပါတယ်။ ဒီနှစ်မှာ ထိပ်တန်း ၁၀ နေရာ စာရင်းကို ရောက်လာတဲ့ နိုင်ငံ အများစုဟာ ဥရောပက ဖြစ်ပါတယ်။ ဂျာမနီနဲ့ စပိန်တို့က နိုင်ငံ ၁၉၀ ကို ဗီဇာ ပြဿနာ မရှိဘဲ သွားလာနိုင်တဲ့ ပတ်စ်ပို့တ် ပိုင်ရှင်တွေအဖြစ် ပူးတွဲ တတိယ နေရာကို ရောက်နေသလို ထိပ်ဆုံး ၁၀ နေရာ စာရင်းမှာ (ပူးတွဲ ရပ်တည်မှုတွေ အပါအဝင်) ဖင်လန်၊ အီတလီ၊ လူဇင်းဘတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဗြိတိန်၊ အိုင်ယာလန်၊ ဆွီဒင် အစရှိတဲ့ ဥရောပ ပတ်စ်ပို့တ်တွေကို တွေ့နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

လေ့လာသူတွေကတော့ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေနဲ့ ပတ်သက်လို့ အာရှတိုက်မှာ အသွားအလာ ကန့်သတ်တာတွေ ရှိလာရင် ဒီပတ်စ်ပို့တ်တွေအပေါ် သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ကမ္ဘာပေါ်မှာ ဗီဇာ အခက်ခဲဆုံး ပတ်စ်ပို့တ်ပိုင်ရှင် နိုင်ငံအဖြစ် အာဖဂန် နစ္စတန်က ရပ်တည်နေပြီး အီရတ်၊ ဆီးရီးယား၊ ပါကစ္စတန်၊ ယီမင်၊ ဆိုမာလီယာတို့ရဲ့ ပတ်စ်ပို့တ်တွေကလည်း အခြေအနေ အဆိုးဆုံး စာရင်းဝင်တွေအဖြစ် ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယမှာ နီပါဗိုင်းရပ်စ် ကူးစက်မှုတွေ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် အာရှနိုင်ငံ တချို့ဟာ လေဆိပ်မှာ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးမှုတွေ လုပ်ဆောင်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ အနောက်ကမ္ဘာခြမ်းကို ကြီးစိုးဖို့ဖြစ်ကြောင်း ပိုပြီး သိသာ ထင်ရှားလာပါတယ်။ အဲဒီ အခြေအနေက ကမ္ဘာ့အရှေ့ခြမ်းနဲ့ အာရှရဲ့ နိုင်ငံတကာရေးရာ အခင်းအကျင်းတွေအပေါ် သက်ရောက် ပြောင်းလဲမှုတွေ ရှိလာစေပါလိမ့်မယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာ အမေရိကန် ပတ်စ်ပို့တ်ဟာ ထိပ်တန်း ၁၀ နေရာ အပြင်ဖက်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကြုံတွေ့လာတာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ စာရင်းမှာ စင်ကာပူ ပတ်စ်ပို့တ်က ထိပ်ဆုံးကနေ ဆက်လက် ဦးဆောင်နေပါတယ်။