Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၄ ကြိမ်မြောက် အယုံအကြည်မရှိ အဆို တင်သွင်းခံရမှုကနေ လွတ်မြောက်လာပြန်တဲ့ ထိုင်းဝန်ကြီးချုပ်

လူထုအမြင် စစ်တမ်းတွေအရ လူကြိုက်များမှု သိသိသာသာ ယုတ်လျော့ ကျဆင်းလာနေပေမယ့်လည်း ဖွဲ့စည်းပုံ ဥပဒေ အကာအကွယ်ကြောင့် ပယာရွတ်သ်ဟာ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေဦးမယ်လို့ နိုင်ငံရေး လေ့လာသူတွေကလည်း သုံးသပ်ထားကြပါတယ်။

၄ ကြိမ်မြောက် အယုံအကြည်မရှိ အဆို တင်သွင်းခံရမှုကနေ လွတ်မြောက်လာပြန်တဲ့ ထိုင်းဝန်ကြီးချုပ်
၄ ကြိမ်မြောက် အယုံအကြည်မရှိ အဆို တင်သွင်းခံရမှုကနေ လွတ်မြောက်လာပြန်တဲ့ ထိုင်းဝန်ကြီးချုပ်

လွှတ်တော်မှာ စတုတ္ထ အကြိမ်မြောက် အယုံအကြည်မရှိအဆို မဲခွဲ တင်သွင်းခံရပေမယ့်လည်း ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာက ရှင်သန် လွတ်မြောက်နိုင်ခဲ့ပြန်ပါတယ်။

အသက် ၆၈ နှစ်အရွယ် ပယာရွတ်သ်ဟာ ထိုင်းနိုင်ငံမှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ အကြီးအကဲဟောင်းဖြစ်ပြီး သူကိုယ်တိုင် စိတ်တိုင်းကျ ပြင်ဆင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေသစ်ကို အားကိုးပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။ ထိုင်းရဲ့ ဒီမိုကရေစီ အင်အားစုတွေက ပယာရွတ်သ်ကို အစဉ်တစိုက် စိန်ခေါ်နေပေမယ့် လွှတ်တော်ထဲမှာ သူ့စိတ်တိုင်းကျ ခန့်အပ်ထားတဲ့ အမတ်တွေ တော်တော်များများ ကြိုတင် ထည့်သွင်းထားနိုင်တဲ့ အားသာချက်ကြောင့် ပယာရွတ်သ်ဟာ ရာထူး ဆက်မြဲနေခဲ့ပါတယ်။

ဇူလိုင် ၂၃ ရက်က အယုံအကြည်မရှိအဆို တင်သွင်းမှုမှာ ပယာရွတ်သ်ဟာ ကြိုတင် ခန့်မှန်းထားသလိုပဲ သူ့ကို ထောက်ခံတဲ့မဲ ၂၅၆ မဲ၊ သူ့ကို ဆွဲချမယ့်မဲ ၂၀၆ မဲနဲ့ အသာစီးရပြီး လွတ်မြောက်သွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မကျင်းပခင် ၁၁ လလောက် အလိုမှာ ဒီအခြေအနေမျိုး ကြုံရတာက သူ့အတွက်တော့ ဖိအားတစ်ခု ဖြစ်စေခဲ့ပါတယ်။ ပယာရွတ်သ်ကို အယုံအကြည်မရှိ အဆို တင်သွင်း မဲခွဲရာမှာ လွှတ်တော်အမတ် ၉ ဦးက မဲမပေးဘဲ ကြားနေခဲ့ကြပါတယ်။

အတိုက်အခံ အင်အားစုတွေဟာ ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင် ၁၀ ဦးကို အဂတိ လိုက်စားမှု၊ စီးပွားရေး မူဝါဒတွေ လွဲမှားမှု စတာတွေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန် စွပ်စွဲထားကြပါတယ်။ ဒီမိုကရေစီ ဘက်တော်သား အတိုက်အခံတွေက ၁၇ ပါတီ စုဖွဲ့ထားတဲ့ ညွန့်ပေါင်း အစိုးရကို ထိုးနှက်နိုင်ဖို့ ဘက်ပေါင်းစုံ အားထုတ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ပယာရွတ်သ် အတွက်တော့ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ရာထူးသက်တမ်းတလျှောက် လွှတ်တော်မှာ စတုတ္ထ အကြိမ်မြောက်အဖြစ် အယုံအကြည်မရှိအဆို တင်သွင်း ခံခဲ့ရတာပါ။ အတိုက်အခံတွေက ပယာရွတ်သ်ဟာ အမှန်တကယ် လုံးဝ အရည်အချင်း မရှိဘဲ သူ့ကိုယ်သူ ကာကွယ်ဖို့ ဘက်ပေါင်းစုံ စီစဉ် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေကြောင့်သာ ရာထူးမြဲနေတာလို့ စွပ်စွဲကြပါတယ်။ ပယာရွတ်သ်ကတော့ အဲဒီ ဝေဖန်ထိုးနှက်မှုတွေကို ပယ်ချထားပါတယ်။

လူထုအမြင် စစ်တမ်းတွေအရ လူကြိုက်များမှု သိသိသာသာ ယုတ်လျော့ ကျဆင်းလာနေပေမယ့်လည်း ဖွဲ့စည်းပုံ ဥပဒေ အကာအကွယ်ကြောင့် ပယာရွတ်သ်ဟာ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေဦးမယ်လို့ နိုင်ငံရေး လေ့လာသူတွေကလည်း သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကြံရာပါပြုခြင်း

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း