Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စွမ်းအင် လိုအပ်ချက်ကြောင့် နျူကလီးယား ဓာတ်အားပေး စက်ရုံအားလုံး ပြန်လည်ပတ်နိုင်ဖို့ ပြင်သစ် ကြိုးစားနေ

အဲဒီ စက်ရုံ ၅၆ ခုစလုံးကို ပြင်သစ် လျှပ်စစ်စွမ်းအင် လုပ်ငန်းစုကြီး EDFက စီမံခန့်ခွဲနေတာပါ။ EDF အနေနဲ့ လက်ရှိ ရပ်ဆိုင်းထားရတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ အမြန်ဆုံး လုပ်ငန်း ပြန်လည်ပတ်နိုင်အောင် တက်သုတ်ရိုက် ကြိုးစား လုပ်ဆောင်နေတယ်လို့ ဝန်ကြီး ရူနက်ချာက ဆိုပါတယ်။

စွမ်းအင် လိုအပ်ချက်ကြောင့် နျူကလီးယား ဓာတ်အားပေး စက်ရုံအားလုံး ပြန်လည်ပတ်နိုင်ဖို့ ပြင်သစ် ကြိုးစားနေ
စွမ်းအင် လိုအပ်ချက်ကြောင့် နျူကလီးယား ဓာတ်အားပေး စက်ရုံအားလုံး ပြန်လည်ပတ်နိုင်ဖို့ ပြင်သစ် ကြိုးစားနေ

နိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်ကို ကုစားဖို့အတွက် ပြည်တွင်းမှာ ရှိနေတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံ အားလုံးကို ပြန်လည် လည်ပတ်စေမယ်လို့ ပြင်သစ် အစိုးရက အတည်ပြု ကြေညာလိုက်ပါတယ်။

ပြင်သစ် စွမ်းအင်ဝန်ကြီး ပန်နီရာ ရူနက်ချာက ဆောင်းရာသီ မတိုင်ခင်မှာ နိုင်ငံရဲ့ နျူကလီးယား စက်ရုံအားလုံး လုပ်ငန်း လည်ပတ်နေစေဖို့ ရည်ရွယ်ထားကြောင်း ပြောကြားသွားပါတယ်။ ဆောင်းရာသီမှာ ရာသီဥတု အေးမြမှုနဲ့အတူ စွမ်းအင် သုံးစွဲမှုလည်း မြင့်တက်လာတာကြောင့် စွမ်းအင် ပြတ်လပ်မှုတွေ မရှိအောင် ကြိုတင် စီစဉ်နေတယ်လို့ ရူနက်ချာက ဆိုပါတယ်။

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ပြင်သစ် အပါအဝင် ဥရောပ နိုင်ငံတွေက ရုရှားရဲ့ စွမ်းအင် တင်ပို့မှုတွေကို ကန့်သတ် ပိတ်ပင်ခဲ့ရာက ပြည်တွင်းမှာလည်း စွမ်းအင် မဖူလုံတဲ့ အခြေအနေတွေ ကြုံလာရတာပါ။ ပြင်သစ်ဟာ နိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက် စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းကို နျူကလီးယား စွမ်းအင်အပေါ် မှီခိုနေရပါတယ်။ လောလောဆယ် ပြင်သစ်မှာ ရှိနေတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံ ၅၆ ခုအနက် ၃၂ ခုဟာ ပုံမှန် ပြုပြင်ထိန်းသိမ်းရေးအတွက်၊ ဒါမှမဟုတ် နည်းပညာပိုင်း အခက်အခဲတွေအတွက် ပိတ်ထားရပါတယ်။

အဲဒီ စက်ရုံ ၅၆ ခုစလုံးကို ပြင်သစ် လျှပ်စစ်စွမ်းအင် လုပ်ငန်းစုကြီး EDFက စီမံခန့်ခွဲနေတာပါ။ EDF အနေနဲ့ လက်ရှိ ရပ်ဆိုင်းထားရတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ အမြန်ဆုံး လုပ်ငန်း ပြန်လည်ပတ်နိုင်အောင် တက်သုတ်ရိုက် ကြိုးစား လုပ်ဆောင်နေတယ်လို့ ဝန်ကြီး ရူနက်ချာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အစိုးရ အနေနဲ့ နည်းပညာပိုင်း ပြဿနာ ရှိခဲ့လို့ ရပ်နားထားရတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ရာနှုန်းပြည့် လုံခြုံစိတ်ချရတဲ့ အခြေအနေထိ ရောက်မှ ပြန်လည်ပတ်တာ သေချာအောင်လည်း အနီးကပ် စောင့်ကြည့်သွားမယ်လို့ သူက ဆက်ပြောပါတယ်။ ပြင်သစ်ရဲ့ မဟာဗျူဟာရေးရာ အရန်ဓာတ်ငွေ့ သိုလှောင်မှုဟာ သတ်မှတ် ပမာဏရဲ့ ၉၂ ရာခိုင်နှုန်းထိ ကျန်နေသေးတယ်လို့လည်း ဝန်ကြီးက မှတ်ချက် ပေးပါတယ်။

ပြင်သစ်ဟာ ဆောင်းရာသီကို ကြံ့ကြံ့ခံ ဖြတ်သန်းဖို့အတွက် အိမ်နီးချင်း စပိန်၊ ဂျာမနီတို့နဲ့လည်း စွမ်းအင် ကုန်သွယ် ဖလှယ်မှုတွေ မြှင့်တင်သွားမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ရုရှားရဲ့ အဓိက စွမ်းအင် ကုမ္ပဏီကြီးဖြစ်တဲ့ Gazpromဟာ အကြီးစား ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥရောပ နိုင်ငံတွေဆီ သွယ်တန်းထားတဲ့ ပင်မ ဓာတ်ငွေ့ ပိုက်လိုင်းကြီးကို အခု သီတင်းပတ်မှာ ယာယီ ပိတ်ထားလိုက်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ရထားတစ်စီး သံလမ်းချော်မှု ဖြစ်ပွားပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုကို ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်ဖို့ ရည်ရွယ်ထားတဲ့ သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ စီစဉ်ထားတဲ့အတိုင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။