Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန် စစ်ရဟတ်ယာဉ် ပျက်ကျပြီး ၆ ဦးသေဆုံး

လတ်တလောမှာတော့ ပါကစ္စတန် စစ်တပ်ဟာ ရဟတ်ယာဉ် ပျက်ကျရာ နေရာက ရုပ်အလောင်းတွေကို ပြန်သယ်ဆောင်ဖို့ စီစဉ်နေပြီး ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ။

ပါကစ္စတန် စစ်ရဟတ်ယာဉ် ပျက်ကျပြီး ၆ ဦးသေဆုံး
ပါကစ္စတန် စစ်ရဟတ်ယာဉ် ပျက်ကျပြီး ၆ ဦးသေဆုံး

ပါကစ္စတန် နိုင်ငံမှာ စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျပြီး လိုက်ပါသွားသူ ၆ ဦးစလုံး သေဆုံးသွားကြောင်း သိရပါတယ်။

အဲဒီ ရဟတ်ယာဉ်ဟာ နိုင်ငံ အနောက်တောင်ပိုင်း၊ ဘာလိုချီစတန် ဒေသမှာ လေ့ကျင့်ရေး မစ်ရှင် တစ်ခုအတွက် ပျံသန်းနေရင်း ပျက်ကျသွားခဲ့တာလို့ စစ်တပ်က ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ ဗိုလ်မှူးအဆင့် အရာရှိ ၂ ဦး ပါဝင်တယ်လို့လည်း စစ်တပ်က အတည်ပြုခဲ့ပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ စက်တင်ဘာ ၂၅ ရက် ညပိုင်းက ဟာနိုင်ခရိုင်မှာရှိတဲ့ ခေါ့စ်မြို့နားမှာ ပျက်ကျသွားတာလို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်ကြောင့် လေယာဉ်မှူး နှစ်ဦး အပါအဝင် လိုက်ပါသွားတဲ့ စစ်မှုထမ်း ၆ ဦးလုံး ကျဆုံးခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။

လတ်တလောမှာတော့ ပါကစ္စတန် စစ်တပ်ဟာ ရဟတ်ယာဉ် ပျက်ကျရာ နေရာက ရုပ်အလောင်းတွေကို ပြန်သယ်ဆောင်ဖို့ စီစဉ်နေပြီး ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ။

Public Service Announcement

Public Service Announcement

ဘာလိုချီစတန် ပြည်နယ်မှာတော့ စစ်တပ် ရဟတ်ယာဉ်တွေ ပျက်ကျပြီး စစ်မှုထမ်းတွေ အသက်ဆုံးရှုံးရတဲ့ ကိစ္စမျိုးကို ၂ လတာအတွင်း ဒုတိယအကြိမ် ကြုံရတာ ဖြစ်ပါတယ်။ ဩဂုတ်လတုန်းကလည်း ဘာလိုချီစတန်မှာပဲ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် ဗိုလ်ချုပ်တစ်ဦး အပါအဝင် ၆ ဦး အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံ ကမ်းလွန်က ဟောမုဇ်ရေလက်ကြားနားမှာ အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။