Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏာသိမ်းထားတဲ့ ဘာကီနာဖာဆို စစ်ခေါင်းဆောင်ကို စစ်တပ်က အာဏာထပ်သိမ်း

ဘာကီနာဖာဆိုဟာ အာဏာသိမ်းမှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံလို့ ဆိုရမှာပါ။ ၁၉၆၀ ပြည့်နှစ်မှာ လွတ်လပ်ရေး ရခဲ့တဲ့နောက်ပိုင်း ဘာကီနာဖာဆိုမှာ အာဏာသိမ်းမှု ၈ ကြိမ်ထက်မနည်း ကြုံခဲ့ဖူးပြီး ဖြစ်ပါတယ်။

အာဏာသိမ်းထားတဲ့ ဘာကီနာဖာဆို စစ်ခေါင်းဆောင်ကို စစ်တပ်က အာဏာထပ်သိမ်း
အာဏာသိမ်းထားတဲ့ ဘာကီနာဖာဆို စစ်ခေါင်းဆောင်ကို စစ်တပ်က အာဏာထပ်သိမ်း

ဘာကီနာဖာဆို နိုင်ငံမှာ စစ်အစိုးရ အကြီးအကဲကို ဖြုတ်ချပြီး ထပ်ဆင့် အာဏာသိမ်းလိုက်ကြောင်း လက်အောက်ခံ စစ်သည်တွေက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

စက်တင်ဘာ ၃၀ က အာဖရိက အနောက်ပိုင်း ဒေသတွင်း နိုင်ငံရဲ့ မြို့တော် အူဂါဒူဂူမှာ အပြန်အလှန် ပစ်ခတ်သံတွေ နာရီပေါင်းများစွာ ဆူညံနေခဲ့တဲ့နောက် တပ်တွင်း ပုန်ကန်မှုတွေ ဖြစ်ပွားနေကြောင်း သတင်းတွေ စတင် ပျံ့နှံ့လာပါတယ်။ ညပိုင်းမှာတော့ စစ်သားတွေက အစိုးရပိုင် ရုပ်မြင်သံကြား ဌာနကို သိမ်းပိုက်လိုက်ပြီး စစ်အစိုးရ သမ္မတ ပေါလ်ဟင်နီ ဒါမီဘာဆီကို ဖြုတ်ချလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

စစ်သား ၂၀ လောက် ခြံရံ စုဝေးနေချိန်မှာ ပုန်ကန်မှုကို ဦးဆောင်တဲ့ ဗိုလ်ကြီး အီဘရာဟင် ထယာအိုရေးက စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်သွားပြီဆိုတဲ့ သတင်းကို ထုတ်ပြန်သွားတာပါ။ ဒီဖြစ်စဉ်တွေအပြီး ဘာကီနာဖာဆိုမှာ ညမထွက်ရ အမိန့်တွေ ဒေသအလိုက် ထုတ်ပြန်သလို နယ်စပ်တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။

စစ်အစိုးရ ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ဒုတိယ ဗိုလ်မှူးကြီး ဒါမီဘာရဲ့ ကံကြမ္မာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ မြို့တော်ထဲမှာနဲ့ သမ္မတအိမ်တော် တဝိုက်မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရချိန်တုန်းက သူဟာ ပြည်သူတွေကို စိတ်အေးအေးထားဖို့ မိန့်ခွန်းပြောခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ အသံတိတ်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါမီဘာဟာ ဇန်နဝါရီလကမှ ဘာကီနာဖာဆို အရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာ သိမ်းယူခဲ့သူ ဖြစ်ပါတယ်။ သူဟာ အရပ်သား အစိုးရဟာ ပြည်သူတွေအပေါ် ဂျီဟတ်ဝါဒီ အစွန်းရောက် စစ်သွေးကြွတွေ ခြိမ်းခြောက်လာခြင်းကနေ ထိထိရောက်ရောက် မကာကွယ်နိုင်ဘူးလို့ စွပ်စွဲပြီး သမ္မတ ရော့ချ်ကာဘိုယေးကို ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ သူ့လက်ထက်မှာလည်း ဂျီဟတ် အကြမ်းဖက် အဖွဲ့တွေကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်ခဲ့ပါဘူး။

ဒါမီဘာကို ပုန်ကန်ပြီး အာဏာသိမ်းလိုက်တဲ့ ဗိုလ်ကြီး ထယာအိုရေးကတော့ ဒါမီဘာဟာ စစ်တပ်က ကတိပြုထားတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တွေကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ တာဝန် ပျက်ကွက်ခဲ့တာကြောင့် သူ့ကို ဖယ်ရှားလိုက်တာလို့ ကြေညာပါတယ်။

သူက နိုင်ငံရေးနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ဆက်စပ်မှု ရှိနေသူ အားလုံးကို မကြာခင် ဖိတ်ခေါ်ပြီး စစ်ဘက်၊ ဒါမှမဟုတ် အရပ်ဖက် သမ္မတတစ်ဦး ကြားဖြတ် တင်မြှောက်ရေးကိစ္စ ဆွေးနွေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ လောလောဆယ်တော့ ဘာကီနာဖာဆိုက အခြေအနေတွေဟာ ရှုပ်ထွေးနေဆဲဖြစ်ပြီး အမေရိကန် အစိုးရက ဘာကီနာဖာဆိုရောက် နိုင်ငံသားတွေကို တတ်နိုင်သမျှ အပြင်မထွက်ကြဖို့ ညွှန်ကြားထားပါတယ်။

ဘာကီနာဖာဆိုဟာ အာဏာသိမ်းမှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံလို့ ဆိုရမှာပါ။ ၁၉၆၀ ပြည့်နှစ်မှာ လွတ်လပ်ရေး ရခဲ့တဲ့နောက်ပိုင်း ဘာကီနာဖာဆိုမှာ အာဏာသိမ်းမှု ၈ ကြိမ်ထက်မနည်း ကြုံခဲ့ဖူးပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။