Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘာကီနာဖာဆိုမှာ ရွှေတွင်းပေါက်ကွဲပြီး လူ ၆၀ ကျော် သေဆုံး

ဘာကီနာဖာဆိုဟာ အာဖရိကတိုက်မှာ ရွှေထုတ်လုပ်ရေး လုပ်ငန်း ဖွံ့ဖြိုးမှု အမြန်ဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ရွှေတူးတဲ့ လုပ်ငန်းက လူပေါင်း ၁ သန်းခွဲလောက်ကို အလုပ်အကိုင် ရရှိစေပြီး ၂၀၁၉ ခုနှစ်မှာ ဝင်ငွေ စုစုပေါင်း ဒေါ်လာ ၂ ဘီလီယံလောက် ရရှိလာပါတယ်။

ဘာကီနာဖာဆို နိုင်ငံက ရွှေတွင်းတစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားရာက လူ ၆၀ ကျော် သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံ အနောက်တောင်ပိုင်းက ဂေါ်ဝါမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက်က ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဒေသခံ အစိုးရ ရှေ့နေ အယ်လ်ဖာ ကွမ်ပိုရီက ပြောပါတယ်။ နောက်ထပ် ၄၈ နာရီ အကြာမှာ အသေအပျောက် ၆၃ ဦး စာရင်းရထားပြီး ၁၀၀ ကျော် ရှိလာပါပြီ။

ဂေါ်ဝါမြို့စွန်က ဘွမ်ဘလိုရာ ရပ်ကွက်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုဟာ ရွှေတူးရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ စုပုံထားရာ နေရာက အစပြုတယ်လို့ ယုံကြည်ရပါတယ်။ အစိုးရပိုင် ရုပ်မြင်သံကြား ဌာနက အခင်းဖြစ်ရာ နေရာနားမှာ ရုပ်အလောင်းတွေကို အဝတ်တွေ ဖုံးထားပုံတွေ၊ ဆေးရုံမှာ လူနာတွေကို ကုသပေးနေပုံတွေကို ထုတ်လွှင့် ပြသခဲ့ပါတယ်။

ပေါက်ကွဲမှုအပြီး ကူညီဖို့ သွားရောက်တဲ့အခါ နေရာတိုင်းလိုလိုမှာ အလောင်းတွေကို မြင်နေရပြီး ကြောက်စရာ ကောင်းလွန်းတယ်လို့ မျက်မြင် တစ်ဦးက ဖွင့်ဟပါတယ်။ ပထမဆုံး ပေါက်ကွဲမှု အပြီး လူတွေက အထိတ်တလန့် ထွက်ပြေးချိန်မှာ ဆင့်ကဲ ပေါက်ကွဲမှုတွေ ထပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဘာကီနာဖာဆိုဟာ အာဖရိကတိုက်မှာ ရွှေထုတ်လုပ်ရေး လုပ်ငန်း ဖွံ့ဖြိုးမှု အမြန်ဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ရွှေတူးတဲ့ လုပ်ငန်းက လူပေါင်း ၁ သန်းခွဲလောက်ကို အလုပ်အကိုင် ရရှိစေပြီး ၂၀၁၉ ခုနှစ်မှာ ဝင်ငွေ စုစုပေါင်း ဒေါ်လာ ၂ ဘီလီယံလောက် ရရှိလာပါတယ်။

အခု ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာလိုမျိုး ရွှေမိုင်းတွင်း အသေးစားလေးတွေလည်း နိုင်ငံအနှံ့မှာ အလျှိုအလျှို ပေါ်လာပြီး ရရှိတဲ့ ရွှေတွေကို တိုဂို၊ နိုက်ဂျား၊ ဂါနာနဲ့ ဘီနင်တို့လို အိမ်နီးချင်း နိုင်ငံတွေဆီ မှောင်ခို တင်ပို့လေ့ ရှိပါတယ်။ ဒါ့အပြင် အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ်လို အကြမ်းဖက် အဖွဲ့အစည်း တချို့ကလည်း ဘာကီနာဖာဆိုမှာ အသေးစား ရွှေတူးဖော်ရေး လုပ်ငန်းတွေနဲ့ ဘဏ္ဍာငွေ ရှာဖွေတတ်ကြပါတယ်။

ပညာရှင်တွေကတော့ အဲဒီလို မိုင်းတွင်း အသေးလေးတွေဟာ ခနော်နီ ခနော်နဲ့ တည်ဆောက်ထားလေ့ ရှိကြပြီး လုံခြုံရေး စံနှုန်းအရ အရမ်း အန္တရာယ်ကြီးတဲ့ အနေအထားတွေ ဖြစ်နေတတ်ကြောင်း သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။