Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အသက် ၉၇ နှစ်အရွယ်မှာ ရွေးကောက်ပွဲ ဝင်ဦးမယ့် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ

သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်သူဘယ်ဝါ ဝန်ကြီးချုပ် ဖြစ်သင့်တယ် ဆိုတာကို မဆုံးဖြတ်ရသေးကြောင်း၊ လောလောဆယ် အရေးကြီးတာက မဟာမိတ် နိုင်ငံရေး အင်အားစု အနိုင်ရရေးသာဖြစ်ကြောင်း မဟာသီယာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

အသက် ၉၇ နှစ်အရွယ်မှာ ရွေးကောက်ပွဲ ဝင်ဦးမယ့် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ
အသက် ၉၇ နှစ်အရွယ်မှာ ရွေးကောက်ပွဲ ဝင်ဦးမယ့် မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ

အသက် ၉၇ နှစ် ရှိပြီဖြစ်ပေမယ့် လာမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဦးမယ်လို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က အတည်ပြုခဲ့ပါတယ်။

လက်ရှိ မလေးရှား ဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကွတ်ဘ်က လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တဲ့နောက် ရွေးကောက်ပွဲကို အချိန်စော ကျင်းပဖြစ်တော့မှာပါ။ မလေးရှား ဖွဲ့စည်းပုံ ဥပဒေတွေအရ လွှတ်တော် ဖျက်သိမ်းပြီး ၂ လအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ လိုပါတယ်။

အောက်တိုဘာ ၁၁ ရက်မှာတော့ မဟာသီယာက သူဟာ လာမယ့် ရွေးကောက်ပွဲမှာ လက်ရှိ လွှတ်တော်အမတ် နေရာကို ကာကွယ်ဖို့အတွက် ပါဝင် ယှဉ်ပြိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူဦးဆောင်တဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုသာ အနိုင်ရခဲ့ရင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ မယူ ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ မဟာသီယာက ဆိုတယ်။

သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်သူဘယ်ဝါ ဝန်ကြီးချုပ် ဖြစ်သင့်တယ် ဆိုတာကို မဆုံးဖြတ်ရသေးကြောင်း၊ လောလောဆယ် အရေးကြီးတာက မဟာမိတ် နိုင်ငံရေး အင်အားစု အနိုင်ရရေးသာဖြစ်ကြောင်း မဟာသီယာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

မဟာသီယာဟာ မလေးရှားမှာ ဝန်ကြီးချုပ် တာဝန်ကို နှစ်ကြိမ် ထမ်းဆောင်ဖူးပါတယ်။ တကယ်လို့ သူသာ လာမယ့် ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ် ထပ်ဖြစ်လာမယ် ဆိုရင်တော့ ဒီရာထူးကို တတိယအကြိမ် ရယူတဲ့ အဓိပ္ပါယ် ဖြစ်လာပါမယ်။ ဒါပေမဲ့ အသက် ၉၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မဟာသီယာက ဝန်ကြီးချုပ်အဖြစ် ၅ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ဖို့ အလားအလာ နည်းလွန်းကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မဟာသီယာ အနေနဲ့ အခုနှစ်ထဲမှာ အခုနှစ်ထဲမှာ ကျန်းမာရေး ယိုယွင်းမှုတွေ ရှိလာပေမယ့် ရွေးကောက်ခံ လွှတ်တော် အမတ်နေရာကို ဆက်ကာကွယ်ဖို့ ခေါင်းမာမာနဲ့ ဆုံးဖြတ်ထားဆဲလို့ ဆိုပါတယ်။ သူဟာ လက်ရှိ အာဏာရ UMNO ပါတီ အနိုင်ရသွားရင် အဂတိ လိုက်စားမှုနဲ့ ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်ခ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်လိမ့်မယ်လို့လည်း ဝေဖန် သတိပေးထားပါတယ်။

မဟာသီယာဟာ UMNO ကိုယ်စားပြု ဝန်ကြီးချုပ်အဖြစ် ၂၂ နှစ်ကြာ တာဝန်ယူပြီး ၂၀၀၃ ခုနှစ်မှာ အနားယူခဲ့ပါတယ်။ ၂၀၁၆ မှာတော့ UMNOရဲ့ ပြိုင်ဘက် အနေနဲ့ နိုင်ငံရေး လောကထဲ ပြန်ဝင်လာပြီး အဂတိမှုတွေကြောင့် နာမည်ဆိုး ထွက်နေတဲ့ တပည့်ဟောင်း နာဂျစ်ဘ်ကို ဖြုတ်ချခဲ့ပါတယ်။ အဲဒီနောက် သူဟာ အသက် ၉၃ နှစ် အရွယ်မှာ ကမ္ဘာ့အသက်အကြီးဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင် ဖြစ်လာပြီး နာဂျစ်ဘ်ရဲ့ အဂတိ လိုက်စားမှုကိစ္စ တရားရင်ဆိုင်ရတဲ့ အခြေအနေတွေကို ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာ ညွန့်ပေါင်း အစိုးရအဖွဲ့ ပြိုကွဲပြီး မဟာသီယာရဲ့ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ဆုံးခန်းတိုင်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook