Connect with us

Hi, what are you looking for?

သတင်း

မလေးရှားနှင့် ထိုင်းနိုင်ငံတွင် နွေဦးတော်လှန်ရေးစျေးရောင်းပွဲနှင့် ရန်ပုံငွေပွဲပြုလုပ်

ထို့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း Under Ground UG Family အဖွဲ့မှ ဦးဆောင်ကာ ယနေ့ နေ့လည်ပိုင်းတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေရရှိရေး အလှူငွေကောက်ခံမှုများ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ယနေ့(အောက်တိုဘာ ၉)၌ ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်၍ နွေဦးတော်လှန်ရေး စျေးရောင်းပွဲ၊ ဖျော်ဖြေပွဲနှင့် ရန်ပုံငွေကောက်ခံပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ – CJ

ယနေ့ နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ဂျိုးဟိုးပြည်နယ်၌ စစ်ဘေးရှောင်ပြည်သူများနှင့် မီးဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့နိုင်ရေး နွေဦးတော်လှန်ရေး ရန်ပုံငွေ စျေးရောင်းပွဲနှင့် ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်လည်း Under Ground UG Family အဖွဲ့မှ ဦးဆောင်ကာ ယနေ့ နေ့လည်ပိုင်းတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေရရှိရေး အလှူငွေကောက်ခံမှုများ ပြုလုပ်ခဲ့ကြသည်။

ယမန်နေ့(အောက်တိုဘာ ၈ ရက်)တွင်လည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ Queen ကောင်တီတွင် ပြည်ပရောက်မြန်မာများ (NYCBC)အဖွဲ့မှ ဦးဆောင်ကာ နွေဦးတော်လှန်ရေးရံပုံငွေဈေးရောင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမေရိကန်ဒေါ်လာ သုံးသောင်းကျော် ရှာဖွေရရှိခဲ့ကြောင်း NYCBCက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။