Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပစ်ခတ်မှုတစ်ခုကြောင့် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဒဏ်ရာရရှိ

အခင်းဖြစ်ချိန်က ခန်းဟာ ထရပ်ကားတွေ စီတန်း မောင်းနှင်ပြီး မြို့တော် အစ္စလာမ်မာဘတ်ဆီ ဦးတည်တဲ့ ယာဉ်တန်းပေါ်မှာ လိုက်ပါလာနေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲ အချိန်စော ကျင်းပဖို့ လက်ရှိ အစိုးရအပေါ် ဖိအားပေးနေတဲ့ သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှု အစိတ်အပိုင်း တစ်ရပ်ပါ။

ပစ်ခတ်မှုတစ်ခုကြောင့် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဒဏ်ရာရရှိ
ပစ်ခတ်မှုတစ်ခုကြောင့် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဒဏ်ရာရရှိ

သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ပါကစ္စတန် ဝန်ကြီးချုပ် အင်မ်ရန်ခန်းဟာ ဒဏ်ရာ အနည်းငယ် ရရှိသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်က ခန်းဟာ နိုင်ငံရေး ဟောပြောပွဲ တစ်ခုအတွက် စီတန်းလှည့်လည်တဲ့ ထရပ်ကားပေါ်မှာ ရှိနေတုန်း သေနတ်နဲ့ အပစ်ခံရကြောင်း ရဲတွေက ပြောပါတယ်။ ဒီဖြစ်စဉ်မှာ နောက်ထပ် လူ ၄ ဦးထက်မနည်းလည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။

ပစ်ခတ်မှုတစ်ခုကြောင့် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဒဏ်ရာရရှိ
ပစ်ခတ်မှုတစ်ခုကြောင့် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဒဏ်ရာရရှိ

ခန်းကို အားပေးထောက်ခံသူတွေက ဒါဟာ ဝန်ကြီးချုပ်ဟောင်းကို ပစ်မှတ်ထားတဲ့ လုပ်ကြံမှု တစ်ခုလို့ စွပ်စွဲပေမယ့် ရဲတွေကတော့ အဓိက ပစ်မှတ်ဟာ ခန်းဟုတ်မဟုတ် အတည်မပြုသေးပါဘူး။ ခန်းဟာ ညို့သကျည်းမှာ ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ သံသယတရားခံ အမျိုးသား တစ်ဦးကို ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ကြေညာပါတယ်။

ပါကစ္စတန် အရှေ့ပိုင်း၊ ပန်ဂျပ်ပြည်နယ်က ဝါဇီရာဘက်မြို့မှာ ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့တဲ့ ခန်းကို အနားမှာရှိတဲ့ မြို့ကြီးတစ်ခုဖြစ်တဲ့ ပန်ဂျပ်က ဆေးရုံဆီ ပို့ဆောင်ပေးထားလိုက်ပါတယ်။ သူ့ရဲ့ PTI ပါတီက တာဝန်ရှိသူတွေက ခန်းရဲ့ အခြေအနေက တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ ပြောပါတယ်။ အသက် ၇၀ အရွယ် ဝန်ကြီးချုပ်ဟောင်းဟာ သတိကောင်းကောင်း ရနေပြီး ဒဏ်ရာက သိပ်မပြင်းဘူးလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုတစ်ခုကြောင့် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဒဏ်ရာရရှိ
ပစ်ခတ်မှုတစ်ခုကြောင့် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဒဏ်ရာရရှိ

အခင်းဖြစ်ချိန်က ခန်းဟာ ထရပ်ကားတွေ စီတန်း မောင်းနှင်ပြီး မြို့တော် အစ္စလာမ်မာဘတ်ဆီ ဦးတည်တဲ့ ယာဉ်တန်းပေါ်မှာ လိုက်ပါလာနေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲ အချိန်စော ကျင်းပဖို့ လက်ရှိ အစိုးရအပေါ် ဖိအားပေးနေတဲ့ သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှု အစိတ်အပိုင်း တစ်ရပ်ပါ။

လက်ရွေးစင် ခရစ်ကက် ကစားသမား ဘဝကနေ နိုင်ငံရေး နယ်ပယ်ထဲ ကူးပြောင်းလာတဲ့ ခန်းဟာ ပါကစ္စတန် နိုင်ငံသမိုင်းမှာ အယုံအကြည်မရှိ အဆိုနဲ့ ရာထူးက ဖယ်ရှားခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဆိုး ရှိခဲ့သူပါ။ ဧပြီလတုန်းက သူ့ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေအပေါ် အယုံအကြည် မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ရာထူးက ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

ပစ်ခတ်မှုတစ်ခုကြောင့် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဒဏ်ရာရရှိ
ပစ်ခတ်မှုတစ်ခုကြောင့် ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်း ဒဏ်ရာရရှိ

ဒါပေမဲ့ ခန်းကတော့ သူဟာ မူလရာထူးကို အရပြန်ယူဖို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။ ပြီးခဲ့တဲ့လမှာ ပါကစ္စတန် ရွေးကောက်ပွဲ ကော်မရှင်က ခန်းကို နောက်ထပ် ၅ နှစ် လွှတ်တော်ထဲ ပြန်ဝင်ခွင့် မရအောင် တားမြစ်မယ့် အဆိုပြုချက်ကို ထောက်ခံကြောင်း ကြေညာပေမယ့် ခန်းကတော့ ဒါဟာ နိုင်ငံရေးအရ အောက်လမ်းနည်းနဲ့ ထိုးနှက်တာလို့ စွပ်စွဲထားပြီး လက်ရှိ အစိုးရအပေါ် ဆက်လက် ဖိအားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ခန်းက အခုလို ပစ်ခတ်မှု ခံရတယ် ဆိုတာကလည်း ပါကစ္စတန်ရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြီးထွားလာမှုကို ပိုပြီး မြင်သာစေပါတယ်။ လက်ရှိ အခြေအနေတွေအရ အာဏာရ အစိုးရ အဖွဲ့ရော၊ ခန်းဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုကပါ အလျှော့မပေးကြလို့ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးနေပါတယ်။ ပါကစ္စတန် နိုင်ငံရေးမှာ ဩဇာကြီးမားတဲ့ စစ်တပ်ကတော့ ခန်းအနေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေအရ အစ္စလာမ်မာဘတ်မှာ လူထု စုဝေးပွဲတွေ ကျင်းပခွင့် ရှိပေမယ့် ဘယ်အဖွဲ့အစည်းကမှ နိုင်ငံ တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲကာလ အစောပိုင်းတွေတုန်းကလည်း ယူကရိန်း စနိုက်ပါ တစ်ယောက်ဟာ ၁.၇ မိုင် အကွာက ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ် အစိုးရပိုင် ရှင်ဟွာလို သတင်းဌာနကြီးတွေမှာတော့ လီရဲ့ ဝန်ကြီးချုပ်ဘဝ ဖြတ်သန်းမှုလို အကြောင်းအရာတွေကို တလေးတနက် ဖော်ပြတာမျိုး မရှိဘဲ သူကွယ်လွန်တဲ့ ကိစ္စကို အတော်လေး သိုသိုသိပ်သိပ်သာ သတင်းရေးသားတာမျိုး တွေ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စျေးဝယ်စင်တာ ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ အဖမ်းခံရသူတွေဟာ ပစ်ခတ်မှု ကျူးလွန်ခဲ့သူ ၁၄ နှစ်သား လူငယ်ကို သေနတ်နဲ့ ကျည်ဆန်တွေ ရောင်းချခဲ့ကြောင်း စွပ်စွဲ ခံထားရသူတွေ ဖြစ်ပါတယ်။...

နိုင်ငံတကာ

လူငယ်ဟာ လူသတ်မှု၊ တရားမဝင် လက်နက် ကိုင်ဆောင်မှု၊ တရားမဝင် လက်နက်ကို လူအများကြား ယူဆောင်သွားမှုတွေ အပါအဝင် စွဲချက် ၅ ခုနဲ့ ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ဘန်ကောက် ရဲတပ်ဖွဲ့က ပြောပါတယ်။