Connect with us

Hi, what are you looking for?

ဗီဒီယို

ဘိုင်ဒန်က ပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှာ မဟုတ်ကြောင်း အိမ်ဖြူတော်ပြော

သမ္မတ ဘိုင်ဒန်က ရုရှားအနေနဲ့ စစ်ပွဲကို အမှန်တကယ် အဆုံးသတ်ချင်တယ်ဆိုရင် စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ လေးလေးနက်နက် ကမ်းလှမ်းမှုမျိုးကို ယုံကြည်ထိုက်တဲ့ အတိုင်းအတာမျိုးထိ ပြသဖို့ လိုတယ်လို့ ယုံကြည်ထားကြောင်း ဂျင်းပီယေးက ဆိုပါတယ်။

G-20 ညီလာခံမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဆန္ဒမရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သွားပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က နောက်လမှာ ပြုလုပ်မယ့် ညီလာခံကြီးမှာ ပူတင် အနေနဲ့ အမေရိကန် အပါအဝင် အနောက် မဟာမိတ် နိုင်ငံတွေဖက်ကသာ ကမ်းလှမ်းလာရင် ယူကရိန်းအရေးကို ဆွေးနွေးသွားဖို့ လမ်းဖွင့်ထားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ကာရင်ဂျင်းပီယေးကတော့ ရုရှားက ထိန်းသိမ်းထားတဲ့ အမေရိကန် အမျိုးသမီး ဘတ်စကက်ဘောကြယ်ပွင့် ဘရစ်နီ ဂရင်နာ လွတ်မြောက်ရေး ကိစ္စအတွက်တောင် ပူတင်နဲ့ မျက်နှာချင်းဆိုင်ဖို့ ဘိုင်ဒန်က ဆန္ဒမရှိကြောင်း ယတိပြတ် ပြောဆိုသွားပါတယ်။

သမ္မတ ဘိုင်ဒန်က ရုရှားအနေနဲ့ စစ်ပွဲကို အမှန်တကယ် အဆုံးသတ်ချင်တယ်ဆိုရင် စားပွဲဝိုင်းမှာ ဆွေးနွေးဖို့ လေးလေးနက်နက် ကမ်းလှမ်းမှုမျိုးကို ယုံကြည်ထိုက်တဲ့ အတိုင်းအတာမျိုးထိ ပြသဖို့ လိုတယ်လို့ ယုံကြည်ထားကြောင်း ဂျင်းပီယေးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းတုန်းက ဘိုင်ဒန်ဟာ CNNနဲ့ အင်တာဗျူးမှာ သူ့အနေနဲ့ ပူတင်ကို တွေ့ဆုံမှာ မဟုတ်ကြောင်း၊ ခြွင်းချက်အဖြစ် ဂရင်နာကို လွှတ်ပေးဖို့ ရုရှားက ကမ်းလှမ်းလာရင်တော့ စဉ်းစားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂရင်နာဟာ ဖေဖော်ဝါရီလတုန်းက မော်စကိုမှာရှိတဲ့ လေဆိပ်တစ်ခုမှာ ဆေးခြောက်အဆီပါတဲ့ အီလက်ထရောနစ် စီးကရက်ကို သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရာက ဖမ်းဆီး ခံခဲ့ရပြီး ထောင်ဒဏ် ၉ နှစ် ချမှတ် ခံထားရပါတယ်။ ဂရင်နာက သူ့ပြစ်ဒဏ်ကို အယူခံ ဝင်ထားပြီး ရုရှား တရားရုံး တစ်ခုက အဲဒီ အယူခံကို အောက်တိုဘာ ၂၅ ရက်မှာ ကြားနာမယ်လို့ ရက်ချိန်း သတ်မှတ်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆောင်းပါး

ထားဝယ်အထူးစီးပွားရေးဇုန်ထဲက စစ်ရာဇဝတ်မှုများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာဂျစ္စတန် နိုင်ငံမှာ အစည်းအဝေးတက်ရင်း တွေ့ဆုံခဲ့ကြပါတယ်။