Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော် စီးနင်းခံရမှုနဲ့ ဆက်နွှယ်ပြီး စစ်တပ် အကြီးအကဲကို ဘရာဇီး သမ္မတ ထုတ်ပယ်

ဘော်လ်ဆိုနာရိုဟာ လူလာရဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားကို ရှောင်လွှဲဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ကတည်းက အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ကို ရောက်ရှိနေခဲ့ပြီး လက်ရှိ အချိန်ထိ ဘရာဇီးကို ပြန်မလာသေးဘူးလို့ သိရပါတယ်။

လွှတ်တော် စီးနင်းခံရမှုနဲ့ ဆက်နွှယ်ပြီး စစ်တပ် အကြီးအကဲကို ဘရာဇီး သမ္မတ ထုတ်ပယ်
လွှတ်တော် စီးနင်းခံရမှုနဲ့ ဆက်နွှယ်ပြီး စစ်တပ် အကြီးအကဲကို ဘရာဇီး သမ္မတ ထုတ်ပယ်

လွှတ်တော် စီးနင်းခံရမှုနဲ့ ဆက်စပ်ပြီး ဘရာဇီး စစ်တပ် အကြီးအကဲကို သမ္မတက လူလာ အင်နာရှို ဒါဆေးလ်ဗားက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး ဂျူလီယို ဆီဇာ ဒီ အာရူဒါဟာ အရင် သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုရဲ့ ရာထူးသက်တမ်း မကုန်ဆုံးခင်လေးမှာတင်ဖြစ်တဲ့ ဒီဇင်ဘာ ၃၀ ကမှ ဘရာဇီး စစ်တပ်ရဲ့ အကြီးအကဲအဖြစ် ခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၈ ရက်မှာတော့ သမ္မတဟောင်း ဘော်လ်ဆိုနာရိုကို ထောက်ခံတဲ့ လက်ယာစွန်း ဆန္ဒပြသူတွေဟာ ဘရာစေလီယာ မြို့တော်မှာရှိတဲ့ လွှတ်တော် အဆောက်အအုံကို ဝင်ရောက် စီးနင်းခဲ့သလို အနားမှာရှိတဲ့ သမ္မတ အိမ်တော်နဲ့ တရားရုံးချုပ်ထဲကိုလည်း ကျူးကျော်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ဘရာဇီး စစ်တပ်ထဲက စစ်မှုထမ်း တချို့ဟာ မင်းမဲ့စရိုက်ဆန်ဆန် ဆန္ဒပြသူတွေကို ပူးပေါင်း ကူညီခဲ့တယ်လို့ လူလာက သံသယ ရှိနေပါတယ်။ ဘရာဇီး သမ္မတ အိမ်တော်ကို ကျူးကျော်ခံရတဲ့ ကိစ္စမှာ အိမ်တော်ရဲ့ ဝင်းတံခါးကို ဖျက်ဆီးခံထားရတဲ့ အထောက်အထားမျိုး မတွေ့ရဘဲ အတွင်းလူက ကြံရာပါအဖြစ် ဖွင့်လှစ်ပေးခဲ့တာလို့ ယုံကြည်ရကြောင်း သမ္မတ လူလာက စွပ်စွဲထားပါတယ်။ ဒါကြောင့် သူဟာ သမ္မတ အိမ်တော် လုံခြုံရေး တာဝန်ယူထားခဲ့တဲ့ ဒါဇင်နဲ့ချီ များပြားတဲ့ စစ်မှုထမ်းတွေကိုလည်း ဖယ်ရှားပစ်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

အခုအခါမှာတော့ စစ်တပ်ရဲ့ အကြီးအကဲကိုပါ လက်ယာစွန်း လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူလာက အစားထိုး လဲလှယ်လိုက်တဲ့ သဘောပါပဲ။ လူလာဟာ ဗိုလ်ချုပ်ကြီး အာရူဒါရဲ့ နေရာမှာ သူနဲ့ နီးစပ်မှုရှိတဲ့ ဗိုလ်ချုပ်ကြီး တိုမက်စ် ရီဘာရီယို ပိုင်ဗာနဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပိုင်ဗာဟာ မကြာသေးခင်တုန်းက စစ်တပ်ကို လိပ်မူတဲ့ ရွေးကောက်ပွဲမှာ စစ်သည်တွေ အနေနဲ့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံဖို့ တိုက်တွန်းထားပါတယ်။

လောလောဆယ်မှာတော့ ဘရာဇီး တရားရုံးချုပ်ဟာ ဘော်လ်ဆိုနာရိုရဲ့ အမာခံ ထောက်ခံသူတွေ လွှတ်တော်ကို ကျူးကျော်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ ထဲထဲဝင်ဝင် စတင် လုပ်ဆောင်နေပါတယ်။ ဘော်လ်ဆိုနာရိုဟာ ပြီးခဲ့တဲ့နှစ်က သူရှုံးနိမ့်ခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ရဲ့ တရားဝင်မှုအပေါ် မေးခွန်းထုတ်တဲ့ ဗီဒီယို တစ်ခုကို လွှင့်တင်ပြီး ဆူပူမှုတွေကို လှုံ့ဆော်ခဲ့ကြောင်း စွပ်စွဲမှုတွေ ရှိနေပေမယ့် ရွေးကောက်ပွဲမှာ လူလာကို ကပ်ပြီး အရေးနိမ့်ခဲ့တဲ့ သမ္မတဟောင်းကတော့ ငြင်းဆိုထားပါတယ်။

ဘရာဇီး စစ်တပ်ထဲက လက်ယာစွန်း ဝါဒီတွေဟာ ဘော်လ်ဆိုနာရို ထောက်ခံသူတွေရဲ့ ဥပဒေမဲ့ အုံကြွမှုတွေမှာ ပူးပေါင်း ပါဝင်နေကြောင်း ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံနေရပါတယ်။ ဘရာဇီး ကာကွယ်ရေး ဝန်ကြီးသစ် ဟိုဆေး မူစီယိုက အခုအချိန်မှာတော့ နိုင်ငံရဲ့ အနာဂတ် အတွက်ပဲ ရှေ့ရှုရမှာဖြစ်ပြီး စစ်တပ်ဟာ ဆူပူမှုတွေထဲမှာ ကြားညပ်ပြီး ဇာတ်ဝင်ရှုပ်နေရမယ့် အဖွဲ့အစည်းမျိုး မဖြစ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘော်လ်ဆိုနာရိုဟာ လူလာရဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနားကို ရှောင်လွှဲဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ကတည်းက အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ကို ရောက်ရှိနေခဲ့ပြီး လက်ရှိ အချိန်ထိ ဘရာဇီးကို ပြန်မလာသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။