Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

လွှတ်တော် စီးနင်းခံရမှုကို ဘရာဇီးမှာ လူပေါင်း ထောင်သောင်းချီ တန်ပြန် ဆန္ဒပြ

ဘရာစေလီယာမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိကြောင်း၊ ဒါဟာ နိုင်ငံရဲ့ ဒီမိုကရေစီအတွက် အိပ်မက်ဆိုး တစ်ခုဖြစ်ပြီး အဲဒီလို အဖျက်ကိစ္စတွေကို အစွမ်းကုန် တွန်းလှန် ကာကွယ်ရမှာဖြစ်ကြောင်း ဂေဘရီရယ်လ်လို့သာ နာမည်ဖော်ပြတဲ့ ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။

သမ္မတဟောင်းကို အားပေး ထောက်ခံသူတွေက ဘရာဇီး လွှတ်တော်ကို စီးနင်းခဲ့တဲ့ လုပ်ရပ်ကို ဒီမိုကရေစီ လိုလားသူတွေ စုဝေးပြီး တန်ပြန် ဆန္ဒပြခဲ့ကြပါတယ်။

ဇန်နဝါရီ ၈ ရက်က ဘရာစေလီယာ မြို့တော်မှာရှိတဲ့ လွှတ်တော်ကို သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရို ထောက်ခံသူတွေက ဥပဒေမဲ့ ဝင်ရောက် စီးနင်းခဲ့ကြပြီး အနီးမှာရှိတဲ့ သမ္မတ အိမ်တော်နဲ့ တရားရုံးချုပ်တို့ကိုလည်း ဝန်းရံ ပိတ်ဆို့ခဲ့ကြပါတယ်။

ဘော်လ်ဆိုနာရို ထောက်ခံသူ ၄၀၀၀ လောက်ဟာ ဘရာစေလီယာမှာ သောင်းကျန်းခဲ့ကြတာကြောင့် ရဲတွေက မျက်ရည်ယို ဗုံးတွေပါ အသုံးပြုပြီး လူစုခွဲခဲ့ရပါတယ်။ ဒီဖြစ်စဉ် နောက်ဆက်တွဲ အနေနဲ့ နောက်ထပ် ၂ ရက်အတွင်း လူပေါင်း ၁၅၀၀ လောက်ကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိ ဘရာဇီး သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားကလည်း လွှတ်တော်ကို ရန်လို ကျူးကျော်သူတွေကို လုံးဝ ခွင့်မလွှတ်ဘဲ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ပြောကြားထားပါတယ်။

နောက်တစ်နေ့မှာတော့ ဘရာဇီးရဲ့ အကြီးဆုံး မြို့တစ်မြို့ဖြစ်တဲ့ ဆာအိုပေါ်လိုမှာ လူပေါင်း ထောင်သောင်းချီ စုဝေးပြီး လွှတ်တော် စီးနင်းမှုကို ရှုတ်ချကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ဘော်လ်ဆိုနာရို ထောက်ခံသူတွေရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်မှုလို့ ဝေဖန် ရှုူတ်ချပြီး ဘော်လ်ဆိုနာရိုကိုလည်း အမြန်ဆုံး ဖမ်းဆီးဖို့ ဘရာဇီး အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆာအိုပေါ်လိုအပြင် တခြားမြို့တွေက လမ်းတချို့မှာလည်း အလားတူ စုဝေး ဆန္ဒပြကြတာမျိုးတွေ တွေ့ခဲ့ရပါတယ်။ ဆန္ဒပြသူ အများစုဟာ လူလာရဲ့ အလုပ်သမား ပါတီ ကိုယ်စားပြု အနီရောင်တွေကို ဝတ်ဆင်လာကြပါတယ်။ သူတို့က လွှတ်တော်ကို ဝင်ရောက် စီးနင်းတယ် ဆိုတာဟာ အာဏာသိမ်းဖို့ ကြံစည်မှုမြောက်ပြီး အာဏာသိမ်းမယ့် သူတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် မရှိသင့်ဘူးလို့ ကြွေးကြော်ခဲ့ကြပါတယ်။ ပြီးတော့ တချို့ကလည်း ‘ဘော်လ်ဆိုနာရိုကို ထောင်ထဲပို့’ဆိုတဲ့ စာသားတွေ ကိုင်ဆောင်လာကြပါတယ်။

ဘရာစေလီယာမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိကြောင်း၊ ဒါဟာ နိုင်ငံရဲ့ ဒီမိုကရေစီအတွက် အိပ်မက်ဆိုး တစ်ခုဖြစ်ပြီး အဲဒီလို အဖျက်ကိစ္စတွေကို အစွမ်းကုန် တွန်းလှန် ကာကွယ်ရမှာဖြစ်ကြောင်း ဂေဘရီရယ်လ်လို့သာ နာမည်ဖော်ပြတဲ့ ဆန္ဒပြသူ တစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ရွေးကောက်ပွဲမှာ လူလာကို အရေးနိမ့်ခဲ့သူ သမ္မတဟောင်း ဘော်လ်ဆိုနာရိုကတော့ လွှတ်တော် စီးနင်းမှုတွေကို ရှုတ်ချပြီး ဒီကိစ္စဟာ သူနဲ့ ဘာမှ မဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။ သူဟာ ဇန်နဝါရီ ၁ ရက်က လူလာရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ရှောင်လွှဲဖို့အတွက် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ကို ရောက်ရှိနေခဲ့ပါတယ်။ သူ့ကို အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်က ဖိတ်ကြားထားခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ အရှုပ်အထွေးတွေ ဖြစ်ပေါ်နေချိန် ဘော်လ်ဆိုနာရိုဟာ ဝမ်းဗိုက် နာကျင်မှုကြောင့် ဖလော်ရီဒါမှာ ဆေးရုံတက်နေတယ်လို့လည်း သူ့ရဲ့ ဇနီးက ပြောပါတယ်။ ဘော်လ်ဆိုနာရိုဟာ ၂၀၁၈ တုန်းက ဓားနဲ့ထိုးပြီး တိုက်ခိုက်မှုတစ်ခု ကြုံခဲ့ရပြီး အဲဒီနောက်ပိုင်း ရံဖန်ရံခါ ဗိုက်ပြန်နာတတ်ကြောင်း၊ အခုအခါမှာ ဆေးရုံတက်နေပေမယ့် အခြေအနေ စိုးရိမ်စရာ မရှိကြောင်း သမ္မတဟောင်းရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ကျားဖြန့်ရုံသည် နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မည့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေသည်။