Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟိုမုန်း အခြေပြု သန္ဓေတားနည်းတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို အနည်းငယ် မြင့်တက်စေတယ်လို့ဆို

ဥပမာ အနေနဲ့ ၁၅ နှစ်လောက် ဆေးစွဲ သောက်လာတဲ့ အသက် ၃၅ နှစ်နဲ့ ၃၉ နှစ်ကြား အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေဟာ ရှိရင်းစွဲ အချိုးအစားနဲ့ ယှဉ်ရင် ၀.၂ ရာခိုင်နှုန်းလောက်သာ ပိုများပြီး ပြောပလောက်တဲ့ အဆင့်တော့ မဟုတ်ကြောင်း ရိဗ်စ်က ရှင်းပြပါတယ်။

ဟိုမုန်း အခြေပြု သန္ဓေတားနည်းတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို အနည်းငယ် မြင့်တက်စေတယ်လို့ဆို
ဟိုမုန်း အခြေပြု သန္ဓေတားနည်းတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို အနည်းငယ် မြင့်တက်စေတယ်လို့ဆို

ဟိုမုန်းဓာတ် အခြေပြု သန္ဓေတားနည်းတွေဟာ နှစ်ပေါင်းများစွာ စွဲမြဲ အသုံးပြုပြီးရင် အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ရောဂါ ဖြစ်ပွားနိုင်ခြေကို အနည်းအကျဉ်း မြင့်တက်လာစေကြောင်း သုတေသီတွေက ပြောပါတယ်။

Estrogenနဲ့ Progestogenတို့လို ပြုပြင်ပြောင်းလဲထားတဲ့ အမျိုးသမီး ဟိုမုန်းဓာတ်တွေ ပါဝင်တဲ့ ဆေးပြားတွေဟာ နှစ်ရှည်လများ သုံးစွဲတဲ့အခါ ရင်သားကင်ဆာ ဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှုကို ရာခိုင်နှုန်း နည်းနည်းလောက် တိုးလာစေတယ်လို့ သုတေသန ရလဒ်တွေက ညွှန်ပြနေပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲ ထည့်သွင်းတဲ့ သန္ဓေတား ပစ္စည်းတွေနဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ဆက်စပ်မှုကိုတော့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုတွေ လိုအပ်နေဆဲလို့ ပညာရှင်တွေ့ ဆိုပါတယ်။

PLOS ဆေးပညာ ဂျာနယ်မှာ အခုသီတင်းပတ်အတွင်း ဖော်ပြထားတဲ့ အချက်အလက်တွေအရ ဆေးပြားတွေဖြစ်စေ၊ ပစ္စည်းကိရိယာတွေ ခန္ဓာကိုယ်ထဲ ထည့်သွင်းတာမျိုးဖြစ်စေ သန္ဓေတား နည်းလမ်း အားလုံးဟာ နှစ်ရှည်လများ အကြာမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို နည်းနည်းလေး မြင့်တက်လာစေနိုင်တယ်လို့ သိရပါတယ်။ နှစ်မျိုးရော ဟိုမုန်း ဆေးဝါးတွေကို အသုံးပြုတဲ့ အမျိုးသမီးတွေကလည်း ဟိုမုန်း တစ်မျိုးတည်း ပါဝင်တဲ့ ဆေးပြားတွေ သောက်သုံးတဲ့၊ ပစ္စည်း ကိရိယာတွေ ခန္ဓာကိုယ်ထဲ ထည့်သွင်းပြီး သန္ဓေတားထဲ အမျိုးသမီးတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ နည်းနည်း ပိုများတယ်လို့ သုတေသန စစ်တမ်းက ဖော်ပြပါတယ်။

ဟိုမုန်းတွေကို အခြေပြုတဲ့ သန္ဓေတားနည်းတိုင်းဟာ သာမန်ထက်တော့ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်တက်သွားနိုင်တယ်လို့ နားလည်ထားသင့်ကြောင်း အောက်စ်ဖို့ဒ် တက္ကသိုလ်ရဲ့ ကင်ဆာ ဆေးပညာဌာနက ပါမောက္ခ တစ်ဦးလည်းဖြစ်၊ အခုစစ်တမ်းမှာ ပါဝင် ကူညီသူလည်းဖြစ်တဲ့ ဂီလီယန် ရိဗ်စ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ခန္ဓာကိုယ်ထဲ ထည့်သွင်းတဲ့ ပစ္စည်းတွေ အပါအဝင် သန္ဓေတား နည်းလမ်း အသစ်တွေနဲ့ ပတ်သက်လို့ ပိုမို ထဲထဲဝင်ဝင် လေ့လာဖို့ လိုအပ်နေသေးပေမယ့် ဟိုမုန်း အခြေပြု နည်းလမ်းတိုင်းကတော့ ကင်ဆာ ဖြစ်နိုင်ခြေကို နည်းနည်း ပိုများလာစေနိုင်တယ်လို့ ယေဘုယျ ယူဆနိုင်ကြောင်း၊ ဆေးပြားတွေထက် ပိုဆိုးသွားမယ့် အလားအလာတော့ မရှိကြောင်း သူက ဆက်ပြောပါတယ်။

အခု တွေ့ရှိချက်ဟာ ဗြိတိန် နိုင်ငံက ရင်သားကင်ဆာ ရောဂါ ထောက်လှမ်းတွေ့ရှိတဲ့ အသက် ၅၀ အောက် အမျိုးသမီး ၉၅၀၀ လောက်နဲ့ ရောဂါ မဖြစ်သူ ၁၈၀၀၀ ကျော်လောက်ရဲ့ ဆေးမှတ်တမ်းနဲ့ နေထိုင်မှု ပုံစံတွေကို စုပေါင်း နှိုင်းယှဉ် လေ့လာထားတာ ဖြစ်ပါတယ်။

ပြီးတော့ သီးခြား လေ့လာမှု ၁၂ ခုရဲ့ တွေ့ရှိချက်တွေနဲ့ပါ ပြန်လည် ပေါင်းစပ်ထားပါတယ်။ အားလုံးကို ခြုံငုံ သုံးသပ်တဲ့အခါ ဟိုမုန်း အခြေပြု သန္ဓေတားနည်းတွေကြောင့် ရင်သား ကင်ဆာ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက် မြင့်တက်လာစေတယ်လို့ အဖြေထွက်လာပါတယ်။

ဒါပေမဲ့ သာမန် အခြေအနေအရလည်း ပျမ်းမျှအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးဟာ အသက်အရွယ် အပိုင်းအခြား တစ်ခုခုမှာ ရင်သားကင်ဆာ ဖြစ်ပေါ်နိုင်ခြေမျိုး ရှိနှင့်ပြီးသား ဖြစ်တာကြောင့် ဟိုမုန်းဆေးတွေကြောင့် ကင်ဆာ ဖြစ်နိုင်ခြေဟာ အဲဒီ အချိုးအစားနဲ့ နှိုင်းယှဉ်ရင် နည်းနည်းလေးပဲ ပိုများလာတဲ့ သဘောလို့ ပညာရှင်တွေက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဥပမာ အနေနဲ့ ၁၅ နှစ်လောက် ဆေးစွဲ သောက်လာတဲ့ အသက် ၃၅ နှစ်နဲ့ ၃၉ နှစ်ကြား အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေဟာ ရှိရင်းစွဲ အချိုးအစားနဲ့ ယှဉ်ရင် ၀.၂ ရာခိုင်နှုန်းလောက်သာ ပိုများပြီး ပြောပလောက်တဲ့ အဆင့်တော့ မဟုတ်ကြောင်း ရိဗ်စ်က ရှင်းပြပါတယ်။

ဒါပေမဲ့လည်း တချို့ သုတေသီတွေက ဒီတွေ့ရှိချက်တွေရဲ့ ခိုင်မာမှုကို ထောက်ခံ အတည်ပြုဖို့အတွက်ဆိုရင် ပိုပြီး ကျယ်ပြန့်တဲ့ အလားတူ လေ့လာမှု စစ်တမ်း ရလဒ်တွေက လိုအပ်လိမ့်ဦးမယ်လို့ ထောက်ပြ ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ