Connect with us

Hi, what are you looking for?

သတင်း

ထိုင်းစစ်တပ်ရဟတ်ယာဥ် နယ်စပ်မျဉ်းကျော်၍ပျံသန်း၍ ဒေသခံများ ထိတ်လန့် ထွက်ပြေးရဟု KNU တပ်မဟာ(၅)ထုတ်ပြန်

ပြီးခဲ့သည့် နှစ်ပတ်ကလည်း က အဆိုပါဒေသအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ လူဦးရေ ဒါဇင်ကျော် သေဆုံးထိခိုက်ရှိခဲ့ရာ ဒေသခံများ ကျီးလန့်စာစားသဖွယ် နေထိုင်သွားလာ၊ လုပ်ကိုင်စားသောက်နေရသည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

(ပြီးခဲ့သည့် ဇွန်လ ၃၀ရက်က ထိုင်း​လေပိုင်နက်သို့စစ်ကောင်စီတိုက်လေယာဉ်ကကျူး​ကျော်ပျံသန်းပြီး​နောက်ထိုင်းဘုရင်​လေတပ်မှ F-16 တိုက်​လေယာဥ်နှစ်စီးဖြင့်နယ်စပ်တွင်ကင်းလှည့်ခဲ့သည်။ ဓာတ်ပုံ-ND3)
(ပြီးခဲ့သည့် ဇွန်လ ၃၀ရက်က ထိုင်း​လေပိုင်နက်သို့စစ်ကောင်စီတိုက်လေယာဉ်ကကျူး​ကျော်ပျံသန်းပြီး​နောက်ထိုင်းဘုရင်​လေတပ်မှ F-16 တိုက်​လေယာဥ်နှစ်စီးဖြင့်နယ်စပ်တွင်ကင်းလှည့်ခဲ့သည်။ ဓာတ်ပုံ-ND3)

ယခင်ကင်းလှည့်မှုများ ကြိုအသိပေးသော်လည်းယခုအခေါက်တွင် ကြိုတင်အကြောင်းကြားမှု မရှိဟု ဖော်ပြ

ထိုင်း ဘုရင့်တပ်ရဟတ်ယာဉ် နယ်စပ်စည်းမျဉ်းဖြတ်ကျော်ပျံသန်း၍ ဒေသခံများအထိတ်တလန့် ဖြစ်ပြီး ထွက်ပြေးခဲ့ရကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ(၅)၏ မူတြော် သတင်းစဉ်က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၆ရက် မွန်းလွဲ ၁နာရီခန့်တွင် ထိုင်းဘုရင့်တပ်မတော်-နယ်ခြားစောင့် တပ်မှ ၎င်းတို့ရှေ့တန်းစခန်းများအတွက် စားနပ်ရိက္ခာများပို့ဆောင်ချိန်နှင့် နယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်ပျံသန်းချိန်အတွင်း နယ်စပ်စည်းမျဉ်း အားနှစ်ကြိမ်တိုင်တိုင် ဖြတ်ကျော်ပျံသန်းသွားခဲ့ သည်ဟုဆိုသည်။

ထိုသို့ ပျံသန်းခြင်းကြောင့် KNUတပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ ပေါကားဒဲ(ဝဲကြီးဒေသ) နေပြည်သူများ အထိတ်တလန့်ဖြစ်ကာ ပြေးလွှား ပုန်းရှောင်ခဲ့ရကြောင်း ဖော်ပြထားသည်။

ထိုင်းဘုရင့်တပ်မတော်-နယ်ခြားစောင့်တပ်အနေဖြင့် နယ်စပ်လုံခြုံရေး အားလေကြောင်းဖြင့် ကင်းလှည့်ပျံသန်းမှုမပြုခင် KNUမူတြော်ခရိုင်၏ နယ်စပ်လုံခြုံရေးတာဝန်ရှိသူများအား ကြိုတင်အသိပေးအကြောင်း စမြဲရှိခဲ့သော်လည်း ယခုအခေါက်တွင်မူ ကြိုတင်အကြောင်းကြားခြင်း တစ်စုံတစ်ရာမရှိခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခင်ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ကြိုတင်အသိပေးအကြောင်းထားခြင်း တစ်စုံတရာမရှိခဲ့ခြင်း ကြောင့် ဒေသခံပြည်သူများအနေဖြင့် ထိုင်းဘုရင့် တပ်မတော်- နယ်ခြားစောင့်တပ်၏ ရဟတ်ယာဉ်မဟုတ်ဘဲ အကြမ်းဖက် စစ်ကောင်စီပိုင်ရဟတ်ယာဉ်သာဖြစ်နိုင်ကြောင်း ဒေသခံ ပြည်သူများက ထင်ကြေးပေးနေ ကြသည်ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်ပတ်ကလည်း က အဆိုပါဒေသအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ လူဦးရေ ဒါဇင်ကျော် သေဆုံးထိခိုက်ရှိခဲ့ရာ ဒေသခံများ ကျီးလန့်စာစားသဖွယ် နေထိုင်သွားလာ၊ လုပ်ကိုင်စားသောက်နေရသည်ဟု KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

ယခု ဇူလိုင် ၄ရက်က KNU တပ်မဟာ(၅)နယ်မြေရှိ ရက္ခိုင့်တပ်တော်(AA) တပ်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ AA တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ များလည်းရှိခဲ့သည်။ ထိုစဉ်ကလည်း စစ်ကောင်စီတပ်သည် တိုက်ခိုက်မှုအပြီး တွင် ထိုင်းလေပိုင်နက်အတွင်း ဝင်ရောက်သွားသည်ဟု AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။