Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပါကစ္စတန်မှာ ဘာသာရေး အဓိကရုဏ်း အခြေအနေတစ်ခု ဖြစ်ပွားပြီး ခရစ်ယာန် ဘုရားကျောင်းတွေ မီးရှို့ခံရ

ဘာသာရေး အစွန်းရောက် လူရမ်းကားတွေဟာ ခရစ်ယာန် ဘုရားကျောင်းတွေကို မီးရှို့ပြီး အနီးတဝိုက်က နေအိမ်တွေကို ဖျက်ဆီးခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ မီးရှို့မှုတွေ ဦးဆောင် ကျူးလွန်သူ ၄ ဦးလောက်ကို ဖမ်းဆီးထားပါတယ်။

ပါကစ္စတန်မှာ ဘာသာရေး အဓိကရုဏ်း အခြေအနေတစ်ခု ဖြစ်ပွားပြီး ခရစ်ယာန် ဘုရားကျောင်းတွေ မီးရှို့ခံရ
ပါကစ္စတန်မှာ ဘာသာရေး အဓိကရုဏ်း အခြေအနေတစ်ခု ဖြစ်ပွားပြီး ခရစ်ယာန် ဘုရားကျောင်းတွေ မီးရှို့ခံရ

ပါကစ္စတန်နိုင်ငံ အရှေ့ဖျားဒေသမှာ ဘာသာရေး အဓိကရုဏ်း အခြေအနေတစ်ခု ပေါ်ပေါက်နေပြီး ခရစ်ယာန် ဘုရားကျောင်းတွေ၊ ခရစ်ယာန် ဘာသာဝင်တွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးမှုတွေ ကြုံတွေ့နေရပါတယ်။

အစ္စလာမ်မစ် ဘာသာရေးရဲ့ အထွဋ်အမြတ် ကိုရမ်ကျမ်းစာကို လူနှစ်ဦးက မလျော်မကန် ပြုမူခဲ့တယ်လို့ စွပ်စွဲပြီး ပန်ဂျပ်ပြည်နယ်၊ ဂျာရန်ဝါလာမြို့ထဲက ထောင်နဲ့ချီတဲ့ မွတ်ဆလင်တွေက ခရစ်ယာန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြဿနာဟာ တခြားဧရိယာတွေကို လျင်လျင်မြန်မြန် ကူးစက်လာမှာ စိုးရိမ်နေရပါတယ်။

ဘာသာရေး အစွန်းရောက် လူရမ်းကားတွေဟာ ခရစ်ယာန် ဘုရားကျောင်းတွေကို မီးရှို့ပြီး အနီးတဝိုက်က နေအိမ်တွေကို ဖျက်ဆီးခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ မီးရှို့မှုတွေ ဦးဆောင် ကျူးလွန်သူ ၄ ဦးလောက်ကို ဖမ်းဆီးထားပါတယ်။

ခရစ်ယာန်တွေကို ပစ်မှတ်ထားနေတဲ့ မွတ်ဆလင် လူစုလူဝေးက ကိုရမ်ကျမ်းစာကို မလျော်မကန် ပြုမူတာဟာ အယူဝါဒ ဖောက်ပြန်မှုမြောက်တယ်လို့ စွပ်စွဲနေကြပါတယ်။ ပါကစ္စတန်မှာတော့ အဲဒီ စွဲချက်ဟာ သေဒဏ် အပြစ်ပေးနိုင်လောက်တဲ့ထိ ပြင်းထန်ပါတယ်။

Public Service Announcement

Public Service Announcement

အယူဝါဒ ဖောက်ပြန်မှုနဲ့ စွပ်စွဲခံရသူတွေကို ပါကစ္စတန် အာဏာပိုင်တွေက လက်တွေ့ ကွပ်မျက်တာမျိုး မရှိခဲ့ဖူးပေမယ့် အစွန်းရောက် ဘာသာရေး လူရမ်းကားတွေ သတ်ဖြတ်လို့ သေဆုံးသူတွေတော့ ဒါဇင်အတော်များများ အရင်က ရှိခဲ့ဖူးပါတယ်။ ပါကစ္စတန်မှာ လူဦးရေ စုစုပေါင်းရဲ့ ၉၆ ရာခိုင်နှုန်းလောက်ဟာ မွတ်ဆလင်တွေ ဖြစ်ပါတယ်။

ပန်ဂျပ် ရဲတပ်ဖွဲ့က ခရစ်ယာန် အမျိုးသား နှစ်ဦးဟာ ကိုရန်ကျမ်းစာအုပ်ထဲမှာ မင်နီတွေနဲ့ ဆိုးဆိုးရွားရွား လှောင်ပြောင်ရေးသားထားတာကို ရှာတွေ့ခဲ့တဲ့ ဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မွတ်ဆလင်တွေရဲ့ ရန်ပြုမှုကြောင့် နေအိမ်ထဲကနေ ထွက်ပြေးခဲ့ရတဲ့ ခရစ်ယာန် အမျိုးသား တစ်ဦးကတော့ အဲဒီ လူအုပ်ကြီးဟာ အရမ်းဒေါသထွက်ပြီး ရမ်းကားနေကြောင်း၊ မှန်ပြတင်းပေါက်တွေကို ခွဲပစ်ခဲ့သလို သမ္မာကျမ်းစာအုပ်တွေ တွေ့ရင် မြေကြီးပေါ် ပစ်ချပြီး မီးတင်ရှို့ကြကြောင်း၊ သူတို့ကို ဘယ်သူမှလည်း မတားရဲကြကြောင်း ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အန်ဝါအူလ်ဟက် ကက်ကာက ဒီဖြစ်စဉ်ကို အမြန်ဆုံး ထိထိရောက်ရောက် တုံ့ပြန်ပြီး အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။ ဂျာရန်ဝါလာနားက လာဟိုးမြို့ရဲ့ ခရစ်ယာန် အသင်းတော် အကြီးအကဲ အာဇက်ဒ် မာရှဲလ်ကတော့ ဒီဖြစ်ရပ်အပြီး ဒေသခံ ခရစ်ယာန် လူ့အဖွဲ့အစည်းဟာ နာကျင်မှုတွေ၊ စိတ်မလုံခြုံမှုတွေ ဆိုးဆိုးရွားရွား သက်ရောက် ခံစားနေရကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူတွေ အနေနဲ့ တရားလက်မဲ့ ပြုမူခဲ့သူတွေဆီကနေ မျှတတဲ့ ရလဒ်ကို ဆောင်ယူပေးဖို့ မျှော်လင့်ကြောင်း၊ ပါကစ္စတန် နိုင်ငံထဲမှာ ပါကစ္စတန် နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုးတွေ အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်ကြောင်း မာရှဲလ်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။

သတင်း

ခရစ္စတူးဘုရင် ဗဟိုဘုရားကျောင်းကို စစ်ကောင်စီက တပ်စွဲရန်သုံးကြိမ်တိုင် ကြိုးပမ်းခဲ့ပြီးဆရာတော်နှင့် ဌာနေဘုန်ကြီးများက သာသနာ့နယ်မြေ၏ အရေးပါပုံကို ရှင်းပြ၍ လွတ်ကင်းရန် ကြိုးပမ်းခဲ့ရသည်ဟု ဆိုသည်။

နိုင်ငံတကာ

စစ်ရဟတ်ယာဉ် တစ်စီးဟာ ကေဘယ်လ်ကားနားထိ ကြိုးကြိုးစားစား ချဉ်းကပ်ပြီး ကလေးငယ် ၁ ဦးကို ကယ်ထုတ်နိုင်ခဲ့သလို ကျန်တဲ့သူတွေကိုတော့ မြေပြင် အဖွဲ့သားတွေက နာရီပေါင်း အတော်ကြာမှာ ချောချောမောမော ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။