Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

WHO ဦးဆောင်ပြီး ပထမဆုံးအကြိမ် တိုင်းရင်းဆေး ညီလာခံ ကျင်းပမှုနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ထွက်ပေါ်

ဆေးသိပ္ပံ ပညာရှင် အတော်များများက WHO အနေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြု လေ့လာချင်တယ်ဆိုတဲ့ စိတ်ကူးကို လက်ခံပေမယ့် အခုလို ညီလာခံမျိုး ဦးဆောင်ကျင်းပပြီး ယူဆောင်နိုင်မယ့် အကျိုးရလဒ် အပေါ်မှာတော့ အကြီးအကျယ် သံသယ မေးခွန်းထုတ်နေကြပါတယ်။

WHO ဦးဆောင်ပြီး ပထမဆုံးအကြိမ် တိုင်းရင်းဆေး ညီလာခံ ကျင်းပမှုနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ထွက်ပေါ်
WHO ဦးဆောင်ပြီး ပထမဆုံးအကြိမ် တိုင်းရင်းဆေး ညီလာခံ ကျင်းပမှုနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ထွက်ပေါ်

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းဆေး ညီလာခံကို ဦးဆောင် ကျင်းပပေးခဲ့ပြီး ဒီအခြေအနေက သဘောထား ကွဲလွဲမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၊ ဂန်ဟီနာဂါမြို့မှာ အိန္ဒိယ အစိုးရနဲ့ WHOတို့ ပူးပေါင်းပြီး ဩဂုတ် ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ နှစ်ရက်တာ တိုင်းရင်းဆေး ညီလာခံကြီး ကျင်းပစေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ WHOဟာ အိန္ဒိယ အစိုးရရဲ့ ရန်ပုံငွေ ဒေါ်လာ သန်း ၂၅၀ ပံ့ပိုးမှုနဲ့အတူ ဂျမ်နာဂါမှာ ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းဆေးဝါး စင်တာကြီး ထူထောင်ပြီး နောက်ဆက်တွဲ အနေနဲ့ အခုညီလာခံကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဆေးသိပ္ပံ ပညာရှင်တွေကြားမှာ အတော်လေး ဝေဖန်စရာတွေ ဖြစ်ခဲ့ပြီး သိပ္ပံနည်းကျ သုတေသနပြု လေ့လာမှုတွေ ကင်းမဲ့တဲ့ တိုင်းရင်းဆေးတွေကို WHOလို နိုင်ငံတကာ ကျန်းမာရေး မူဝါဒ ဦးဆောင် အဖွဲ့အစည်းကြီးက ဘယ်လိုဘယ်ပုံ စံနှုန်းသတ်မှတ်ပြီး အသိအမှတ် ပြုမလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

WHOကတော့ ကမ္ဘာတလွှားမှာ တိုင်းရင်းဆေးဝါးတွေကို ယုံကြည် လက်ခံ သုံးစွဲနေသူ ဘီလီယံနဲ့ချီ များပြားပြီး အဖွဲ့အစည်း အနေနဲ့ အဲဒီလို ရိုးရာယုံကြည်မှုနဲ့ ဆက်နွှယ်တဲ့ ဆေးဝါးတွေကို သိပ္ပံနည်းကျ ဆေးပညာနဲ့ ဘယ်လို ပေါင်းစပ် ညှိနှိုင်းယူနိုင်မလဲ ဆိုတာကို ထဲထဲဝင်ဝင် လေ့လာဖို့ ရည်ရွယ်ထားတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆေးသိပ္ပံ ပညာရှင် အတော်များများက WHO အနေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြု လေ့လာချင်တယ်ဆိုတဲ့ စိတ်ကူးကို လက်ခံပေမယ့် အခုလို ညီလာခံမျိုး ဦးဆောင်ကျင်းပပြီး ယူဆောင်နိုင်မယ့် အကျိုးရလဒ် အပေါ်မှာတော့ အကြီးအကျယ် သံသယ မေးခွန်းထုတ်နေကြပါတယ်။

WHOကတော့ အခုလို ညီလာခံမျိုးကို ရေရှည် အတိုင်းအတာထိ ပိုမိုကျင်းပနိုင်မယ်ဆိုရင် ကွဲပြားခြားနားတဲ့ ကမ္ဘာ့ အစိတ်အပိုင်း အသီးသီးက တိုင်းရင်းဆေးနည်းတွေကြား ပေါင်းကူး ဆက်စပ်ပြီး အတွေ့အကြုံ ဖလှယ်မှုတွေကို မြှင့်တင်နိုင်မှာဖြစ်ကြောင်း၊ အဲဒီ အခြေအနေတွေအပေါ် မူတည်ပြီး ချမှတ်မယ့် မူဝါဒတွေ၊ စုဆောင်းယူနိုင်မယ့် အချက်အလက်တွေက ဆေးသိပ္ပံ ပညာရပ်အတွက် ကောင်းကျိုး ဖြစ်စေမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အခုညီလာခံနဲ့ ပတ်သက်လို့ အကောင်းအဆိုး သဘောထား ကွဲပြားမှု အမျိုးမျိုး ရောထွေးနေသလို တချို့ ပညာရှင်တွေက တိုင်းရင်းဆေးတွေအကြောင်း အကျယ်တဝင့် ဆွေးနွေးမှုကို မူအားဖြင့် လက်ခံပေမယ့် အကျိုးအာနိသင် တိတိကျကျ အတည်မပြုနိုင်သေးတဲ့ တိုင်းရင်းဆေးနည်း တချို့ကို အားပေး မြှင့်တင်တဲ့ သဘောမျိုး သက်ရောက်သွားမှာကိုလည်း စိုးရိမ်တကြီး ထောက်ပြနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် တိုင်ကြားနိုင်မည့် နည်းလမ်းများကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် အနေနဲ့ ဆက်လက် ရပ်တည်နေတဲ့တိုင် စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံ အစည်းအဝေးတွေမှာ မြန်မာ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို မဖိတ်ကြားဘဲ ချန်လှပ်ဖို့ ဆုံးဖြတ်တာ ခံထားရပါတယ်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

သတင်း

KNU ညီလာခံတွင် ဗဟိုအမြဲတမ်းကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁)၊ အတွင်းရေးမှူး(၂)အဖွဲ့၏ ဌာနဆိုင်ရာ တာဝန်ခံများ ပြန်လည်ရွေးချယ်မှုများ ပြုလုပ်လေ့ရှိသည်။