Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ဆရက်သာကို ထိုင်းလွှတ်တော် မဲပေးတင်မြှောက်

PTP ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရသစ်မှာ ၁၁ ပါတီ ပါဝင်မှာဖြစ်ပြီး အဲဒီထဲမှာ ထိုင်းစစ်တပ်ကို လိုလားတဲ့ ပါတီ ၂ ခုလည်း စာရင်းဝင်နေပါတယ်။

ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ဆရက်သာကို ထိုင်းလွှတ်တော် မဲပေးတင်မြှောက်
ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ဆရက်သာကို ထိုင်းလွှတ်တော် မဲပေးတင်မြှောက်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်လက်မဲ့ ဖြစ်နေတာ ၅ လလောက် ကြာမြင့်ခဲ့တဲ့ အခြေအနေကို အဆုံးသတ်ပြီး ဆရက်သာ သာဗီဆန်ဟာ ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက် ခံလိုက်ရကြောင်း သိရပါတယ်။

ဖျူထိုင်းပါတီ (PTP)က အဆိုတင်သွင်းတဲ့ ဝန်ကြီးချုပ်လောင်းကို ထိုင်းရဲ့ အထက်နဲ့အောက် လွှတ်တော်အမတ် အများစုက ထောက်ခံမဲပေး ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ PTPရဲ့ နောက်ကွယ်က အဓိက ကြိုးကိုင်သူအဖြစ် သတ်မှတ် ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှီနာဝပ်ထရာက ဇာတိနိုင်ငံ ပြန်လာပြီး ထောင်ဒဏ် ၈ နှစ် ချမှတ်ခြင်း ခံရတဲ့ နေ့မှာပဲ သူ့ရဲ့ လက်ရုံးတဦးလို့ သတ်မှတ်နိုင်တဲ့ အသက် ၆၀ အရွယ် အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး ဆရက်သာက ဝန်ကြီးချုပ်အဖြစ် ရွေးကောက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ Move Forwardပါတီ (MFP)ရဲ့ အကြီးအကဲ ဖီထာ လင်မ်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်တုန်းက ထောက်ခံဖို့ ငြင်းဆိုခဲ့တဲ့ အထက်လွှတ်တော်အမတ် အများစုဟာ PTPရဲ့ ဝန်ကြီးချုပ်လောင်း ဆရက်သာကိုတော့ ထောက်ခံမဲ ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ရွေးကောက်ခံ မဟုတ်ဘဲ အရင် စစ်အစိုးရ လက်ထက်တုန်းက ခန့်အပ်သွားခဲ့တာဖြစ်တဲ့ အထက်လွှတ်တော် အမတ်တွေရဲ့ ထောက်ခံမဲကို ရရှိဖို့အတွက် PTPဟာ ပြိုင်ဘက်ဟောင်းတွေ ဖြစ်ခဲ့တဲ့ ကွန်ဆာဗေးတစ် ပါတီတွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ သဘောတူခဲ့ရပါတယ်။

လောလောဆယ် ထိုင်းလွှတ်တော်ထဲမှာ ဝန်ကြီးချုပ် နေရာအတွက် အဆုံးအဖြတ်မဲတွေ ဆက်လက် ရေတွက်နေပေမယ့် ဆရက်သာကတော့ လုံလောက်တဲ့ မဲအရေအတွက်ကို ရရှိသွားပြီလို့ သိရပါတယ်။ ထိုင်းမှာ လွှတ်တော် နှစ်ရပ်ပေါင်း အမတ် ၇၅၀ ရှိပြီး ဝန်ကြီးချုပ် ဖြစ်လာမယ့် ပုဂ္ဂိုလ်ဟာ အထက်နဲ့အောက် လွှတ်တော် အမတ် ၃၇၅ ဦးထက်မနည်းရဲ့ ထောက်ခံမှုကို လိုအပ်ပါတယ်။ အခုတော့ ဆရက်သာနဲ့ PTP ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရသစ်ဟာ လက်ရှိ ဝန်ကြီးချုပ် ပယာရွတ် ချန်အိုချာ ဦးဆောင်နေတဲ့ အိမ်စောင့် အစိုးရဆီကနေ နိုင်ငံအာဏာကို လွှဲယူတော့မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

PTP ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရသစ်မှာ ၁၁ ပါတီ ပါဝင်မှာဖြစ်ပြီး အဲဒီထဲမှာ ထိုင်းစစ်တပ်ကို လိုလားတဲ့ ပါတီ ၂ ခုလည်း စာရင်းဝင်နေပါတယ်။ PTPဟာ ရွေးကောက်ပွဲ အနိုင်ရ MFPနဲ့ လက်တွဲဖြုတ်ပြီး အစိုးရ ဖွဲ့လိုက်တာဟာ ပြည်သူ့ဆန္ဒအပေါ် သစ္စာဖောက်လိုက်တာ ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ကြုံနေရပေမယ့် ပါတီဖက်ကတော့ ထိုင်းနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ လိုအပ်တဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တာလို့ ကာကွယ် ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

သတင်း

လူသိထင်ရှား တရုတ် အနုပညာ ကြယ်ပွင့် တစ်ဦးကို တွေ့ခွင့်ရဖို့ ကြိုးစားတဲ့ တရုတ် ပရိသတ် အဖွဲ့တစ်ဖွဲ့ကို လေယာဉ်ပေါ် ပေးမတက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်က ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။