Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟားမားစ်နဲ့ လက်ရှိ ပဋိပက္ခမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ရှေ့ဆက်မတိုးဖို့ အီရန်သတိပေး

အီရန်ဟာ ဟားမားစ်ကို နောက်ကွယ်ကနေ အဓိက ထောက်ပံ့ကူညီပေးနေတဲ့ နိုင်ငံဖြစ်ပေမယ့် အစ္စရေး ပိုင်နက်ကို ဟားမားစ်က ကျူးကျော်ခဲ့တဲ့ ကိစ္စမှာတော့ တိုက်ရိုက်ပတ်သက်မှု လုံးဝ မရှိဘူးလို့ အတိအလင်း ငြင်းဆိုထားပါတယ်။

ဟားမားစ်နဲ့ လက်ရှိ ပဋိပက္ခမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ရှေ့ဆက်မတိုးဖို့ အီရန်သတိပေး
ဟားမားစ်နဲ့ လက်ရှိ ပဋိပက္ခမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ရှေ့ဆက်မတိုးဖို့ အီရန်သတိပေး

ဟားမားစ် ပြောက်ကျားတွေကို ပစ်မှတ်ထားပြီး အပြင်းအထန် လက်တုံ့ပြန် တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ အီရန်က သတိပေးခဲ့ပါတယ်။ အစ္စရေးဟာ လက်ရှိ အနေအထားထက် ရှေ့ဆက်တိုးမယ်ဆိုရင် ဆိုးရွားလှတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မျှော်လင့်ထားသင့်တယ်လို့လည်း အီရန်က ခြိမ်းခြောက်ခဲ့ပါတယ်။

လူမှုကွန်ရက် မီဒီယာ Xမှာ အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်က အစ္စရေး အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ ပျက်ကွက်မယ်ဆိုရင် ထိန်းမနိုင်သိမ်းမရ နောက်ဆက်တွဲ ဂယက်တွေ အတွက်ပါ ကြိုတင် တွေးတော ပြင်ဆင်ထားရလိမ့်မယ်လို့ ရေးသားထားခဲ့ပါတယ်။

ဟားမားစ်တွေ အဓိက ခြေကုပ်ယူ ထိန်းချုပ်ထားရာ ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် အကောင်အထည် ဖော်နေတာကြောင့် ပါလက်စတိုင်း အရပ်သားတွေပါ ထောင်နဲ့ချီ သေဆုံးနေတာနဲ့ ပတ်သက်လို့ အီရန်ရဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က စစ်ရာဇဝတ်မှုနဲ့ အစုလိုက် သတ်ဖြတ်မှုတွေအဖြစ် ဝေဖန် စွပ်စွဲထားခဲ့ပါတယ်။

အဲဒီလို ရက်စက်တဲ့ လုပ်ရပ်တွေကို အစ္စရေးက ချက်ချင်း မရပ်တန့်ဘူးဆိုရင် အခြေအနေတွေက ထိန်းသိမ်းလို့ မရတော့တဲ့ အဆင့်ထိ ရောက်သွားပြီး ဆင့်ပွား ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပြဿနာတွေ ပိုဆိုးမလာအောင် ထိန်းသိမ်းဖို့ ကုလသမဂ္ဂမှာလည်း ကြားဝင်ရမယ့် တာဝန်ရှိကြောင်း အီရန်ဖက်က အရေးဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ဟာ ဟားမားစ်ကို နောက်ကွယ်ကနေ အဓိက ထောက်ပံ့ကူညီပေးနေတဲ့ နိုင်ငံဖြစ်ပေမယ့် အစ္စရေး ပိုင်နက်ကို ဟားမားစ်က ကျူးကျော်ခဲ့တဲ့ ကိစ္စမှာတော့ တိုက်ရိုက်ပတ်သက်မှု လုံးဝ မရှိဘူးလို့ အတိအလင်း ငြင်းဆိုထားပါတယ်။

လောလောဆယ် အစ္စရေးဟာ ဂါဇာနယ်စပ်မှာ တပ်တွေ အကြီးအကျယ် စုရုံးနေပြီး ဟားမားစ်ကို မြေပြင်ထိုးစစ် ဆင်နွှဲဖို့ ပြင်ဆင်နေပါတယ်။ အစ္စရေးရဲ့ ထိုးစစ် လက်တွေ့ စတင်လာတဲ့အခါ တိုက်ပွဲတွေကြား ဂါဇာဒေသခံတွေ အများအပြား ပိတ်မိပြီး အရပ်သား အသေအပျောက်ကလည်း ပိုမိုများပြားလာဖွယ် ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။