Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကလေးတွေကို ၁၅ ထပ်အမြင့်က ပစ်ချခဲ့တဲ့ စုံတွဲကို တရုတ်မှာ သေဒဏ်စီရင်

ဇန်နဝါရီ ၃၁ ရက်နေ့၊ သေဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး အာရုံစိုက်ခံရတဲ့ နောက်ထပ် ရှုထောင့် တစ်ခုကတော့ သေဒဏ်စီရင်တဲ့ နည်းလမ်းပါ။ တရုတ်မှာ သေစေလောက်တဲ့ ဆေးဝါးတွေကို ထိုးသွင်းပြီး ကွပ်မျက်တဲ့ နည်းလမ်းကို ကျင့်သုံးနေပါတယ်။

ကလေးတွေကို ၁၅ ထပ်အမြင့်က ပစ်ချခဲ့တဲ့ စုံတွဲကို တရုတ်မှာ သေဒဏ်စီရင်
ကလေးတွေကို ၁၅ ထပ်အမြင့်က ပစ်ချခဲ့တဲ့ စုံတွဲကို တရုတ်မှာ သေဒဏ်စီရင်

ကလေးတွေကို အထပ်မြင့် တိုက်ပေါ်ကနေ ပစ်ချခဲ့တဲ့ စုံတွဲကို တရုတ်မှာ သေဒဏ် စီရင် ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။

ဇန်ဘိုဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့ ချစ်သူ ယီချန်ချန်တို့ဟာ ဇန်ရဲ့ ပထမ အိမ်ထောင်နဲ့ ရခဲ့တဲ့ ကလေးငယ် နှစ်ဦးကို သတ်ဖြတ်မှုအတွက် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပြီး အပြင်းထန်ဆုံး စီရင်ချက်ကို ချမှတ်ထားခဲ့ပါတယ်။ အခု သီတင်းပတ်မှာတော့ စီရင်ချက်ကို လက်တွေ့ အကောင်အထည် ဖော်လိုက်ပြီလို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

ဇန်က သူဟာ လူလွတ်တစ်ယောက်လို့ ပြောပြီး ယီနဲ့ ဇာတ်လမ်းရှုပ်ခဲ့ပါတယ်။ နောက်တော့ ဇန်မှာ ဇနီးနဲ့ ကလေးတွေ ရှိနေတာကို ယီက သိသွားရာက ပြဿနာ ရှာခဲ့တာကြောင့် ဇန်က ဇနီးဖြစ်သူကို ကွာရှင်းခဲ့ပါတယ်။

အဲဒီနောက် ကိုယ်ပိုင် မိသားစု ထူထောင်မယ်ဆိုတဲ့ ယီရဲ့ သိမ်းသွင်းမှုအရ ဇန်ရဲ့ ပထမ အိမ်ထောင်နဲ့ ရခဲ့တဲ့ ကလေးနှစ်ဦးကို နိုင်ငံ အနောက်တောင်ပိုင်း၊ ချောင်ကင်းဒေသမှာ ရှိနေတဲ့ အထပ်မြင့်တိုက်ကြီး တလုံးရဲ့ ပြတင်းပေါက်ကနေ တွန်းချခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်စဉ်ကို မတော်တဆမှု တခုအဖြစ် ဟန်ဆောင် ဖုံးဖိဖို့ ကြိုးစားခဲ့တဲ့ သူတို့ရဲ့ အကြံအစည်က မအောင်မြင်ခဲ့ပါဘူး။ ကလေးတွေကို သွေးအေးအေး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ တရုတ် တနိုင်ငံလုံးကို အကြီးအကျယ် အမျက်ထွက်စေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယီက ဇန်ရဲ့ ကလေးနှစ်ဦးဟာ ဝန်ထုပ်ဝန်ပိုးတွေအဖြစ် အစဉ်တစိုက် ယူဆခဲ့ပြီး သတ်ပစ်သင့်တယ်လို့ ဇန်ကို အစဉ်တစိုက် ဖိအားပေးနေခဲ့တယ်လို့ တရားရုံး မှတ်တမ်းတွေအရ သိရပါတယ်။ တကယ်လို့ ကလေးတွေကို လက်စ ဖျောက်မပစ်ရင် လမ်းခွဲမယ်လို့လည်း အမျိုးသမီးက ဖိအားပေးခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာတော့ ဇန်ဟာ သူ့ရဲ့ ၁၅ ထပ်အမြင့် တိုက်ခန်းပေါ်ကနေ ၂ နှစ်အရွယ် သမီးနဲ့ ၁ နှစ်အရွယ် သားငယ်တို့ကို တွန်းချခဲ့ပါတယ်။ ကလေးတွေဟာ အိပ်ခန်း ပြတင်းပေါက်နားမှာ ကစားရင်း ပြုတ်ကျ သေဆုံးသွားသလို ဖုံးဖိဖို့ ကြိုးစားခဲ့ပေမယ့် လူသတ်မှုက ရုပ်လုံးပေါ်လာခဲ့ပါတယ်။ အဲဒီနောက် ဇန်နဲ့ ယီတို့ဟာ ၂၀၂၁ ခုနှစ်မှာ သေဒဏ် စီရင်ချက် ချမှတ် ခံခဲ့ရပါတယ်။

တရုတ် တရားရုံးချုပ်က သေဒဏ်ကို လက်တွေ့ စီရင်ဖို့ နောက်ဆုံး အတည်ပြု ဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီး အဲဒီ စုံတွဲဟာ ဥပဒေကြောင်း အရရော၊ ကျင့်ဝတ် စံနှုန်းတွေ အရပါ ဘယ်လိုမှ လက်သင့်မခံနိုင်လောက်အောင် နိမ့်ပါးတဲ့ စက်ဆုပ်စရာ ရာဇဝတ်မှုမျိုးကို ကျူးလွန်ခဲ့ကြောင်း သုံးသပ်ခဲ့ပါတယ်။

ဇန်နဲ့ ယီတို့ကို ကွပ်မျက်လိုက်ပြီဆိုတဲ့ သတင်းဟာ တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားပြီး ထိုက်တန်တဲ့ အရာကို ရသွားတာ ဖြစ်တယ်လို့ ကောင်းချီးပေးနေကြပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက သူတို့ကို သေဒဏ်ပေးသင့်သလားဆိုတဲ့ လူထုအမြင် စစ်တမ်းတစ်ခု ကောက်ယူခဲ့ရာမှာ ၆၈ ရာခိုင်နှုန်းက သေချာပေါက် ကွပ်မျက်ပစ်သင့်တယ်လို့ ထောက်ခံခဲ့ကြပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့၊ သေဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး အာရုံစိုက်ခံရတဲ့ နောက်ထပ် ရှုထောင့် တစ်ခုကတော့ သေဒဏ်စီရင်တဲ့ နည်းလမ်းပါ။ တရုတ်မှာ သေစေလောက်တဲ့ ဆေးဝါးတွေကို ထိုးသွင်းပြီး ကွပ်မျက်တဲ့ နည်းလမ်းကို ကျင့်သုံးနေပါတယ်။

မကြာသေးခင်က အမေရိကန်နိုင်ငံ၊ အလာဘားမား ပြည်နယ်မှာ ရာဇဝတ်ကောင် ကန်းနက်သ် စမစ်သ်ကို နိုက်ထရိုဂျင် ဓာတ်ငွေ့ အသုံးပြုတဲ့ နည်းလမ်းသစ်နဲ့ ကွပ်မျက်ခဲ့ပြီး အဲဒီ ရွေးချယ်မှုဟာ မတန်တဆ နာကျင်ပြီး မသေခင် နှိပ်စက် ညှင်းပန်းရာ ရောက်တယ်လို့ ပညာရှင် တချို့က သုံးသပ် ဝေဖန်ပါတယ်။ တရုတ်မှာတော့ တချို့က ဇန်နဲ့ ယီဟာ အဲဒီ နည်းလမ်းသစ်မျိုးနဲ့ စီရင်ဖို့ ထိုက်တန်ပြီး မေ့ဆေးပေးသလောက် နာကျင်မှုမျိုးနဲ့ သေရတာ သူတို့အတွက် သက်သာရာ ရလွန်းတယ်လို့ ပြောဆိုနေကြပါတယ်။

၂၂ မိနစ်လောက် အချိန်ကြာတဲ့ သေဒဏ်စီရင်မှုမျိုးဟာ မိသားစုဝင်တွေကို ရက်ရက်စက်စက် သတ်ဖြတ်သူတွေ၊ ကွင်းဆက် လူသတ်သမားတွေအတွက် အကိုက်ညီဆုံး ဖြစ်သင့်တယ်ဆိုတဲ့ မှတ်ချက် တခုဟာ တရုတ် လူမှုကွန်ရက် မီဒီယာ Weiboမှာ ထောက်ခံမှုတွေ ကြီးကြီးမားမား ရရှိနေတာကိုလည်း တွေ့ရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။