Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့တတိယ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ရတဲ့ ဂျပန်

အမေရိကန်ရဲ့ GPDက ဒေါ်လာ ၂၅.၅ ထရီလီယံ ဝန်းကျင်နဲ့ တရုတ်ကတော့ ၁၈ ထရီလီယံ ဝန်းကျင်လောက်စီ အသီးသီး ရှိကြမယ်လို့လည်း စျေးကွက် လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

ကမ္ဘာ့တတိယ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ရတဲ့ ဂျပန်
ကမ္ဘာ့တတိယ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ရတဲ့ ဂျပန်

ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား တတိယ အတောင့်တင်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေတဲ့ ဂုဏ်ပုဒ်ကို ဂျပန်က စွန့်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။

ပြည်တွင်း ငွေကြေးသုံးစွဲမှု လျော့ပါးလာခြင်းက ဂျပန်ကို စီးပွားရေး ကျဆင်းမှုတွေဆီ ဦးတည်စေခဲ့ပြီး အခုအခါ ကမ္ဘာ့ တတိယ စီးပွားရေးအင်အား အကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်နေမှုကို ဂျာမနီဆီ လွှဲပြောင်းပေးခဲ့ရပါတယ်။

ဂျပန်ရဲ့ GDPဟာ ပြီးခဲ့တဲ့ ၃ လအတွင်း အရင်နှစ် အလားတူ ကာလတွေနဲ့ယှဉ်ရင် ၀.၄ ရာခိုင်နှုန်း ကျရိပ်ပြခဲ့တယ်လို့ အစိုးရရုံး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီ မတိုင်ခင် သုံးလပတ်မှာ နှစ်အလိုက် နှိုင်းယှဉ်မှု GDPက ၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ခြောက်လဆက်တိုက် GDP အနုတ်လက္ခဏာ ပြနေခြင်းက ဂျပန်ရဲ့ စီးပွားရေးဟာ တိုးပွားမလာဘဲ ပိုကျုံ့လာနေတယ်ဆိုတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ အစောပိုင်းတုန်းက စီးပွားရေး ပညာရှင်တွေက ဂျပန်ရဲ့ GDPဟာ အောက်တိုဘာကနေ ဒီဇင်ဘာထိ သုံးလအတွင်း ၁.၄ ရာခိုင်နှုန်းလောက်ထိ တက်ရိပ်ပြမယ်လို့ ခန့်မှန်းခဲ့ပေမယ့် လက်တွေ့နဲ့ အကြီးအကျယ် ကွဲလွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တချိန်တည်းမှာပဲ ပြည်တွင်း စားသုံးသူတွေရဲ့ သုံးစွဲမှုနှုန်းဟာ မနှစ်က နောက်ဆုံး သုံးလပတ် ကာလမှာ ၀.၉ ရာခိုင်နှုန်း ကျဆင်းသွားပြန်ပါတယ်။ စားသုံးသူတွေဖက်က ကြည့်ရင်လည်း စားနပ်ရိက္ခာ၊ လောင်စာနဲ့ လူသုံးကုန်တွေ စျေးနှုန်း မြင့်တက်မှုကို အတော်လေး ကျပ်ကျပ်တည်းတည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဂျပန်ဟာ ပြည်တွင်း စွမ်းအင်လိုအပ်ချက်ရဲ့ ၉၄ ရာခိုင်နှုန်းနဲ့ ရိက္ခာ လိုအပ်ချက်ရဲ့ ၆၃ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ ယန်းငွေ တန်ဖိုး ကျဆင်းလာမှုကလည်း ကုန်စျေးနှုန်းတွေကို ပိုမို မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။

ဂျပန်မှာ နှစ်ဆန်းပိုင်းတုန်းက ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်စေခဲ့တဲ့ အခြေအနေတွေကလည်း နိုင်ငံစီးပွားရေးအပေါ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

ဂျပန်ဟာ ၂၀၁၀ ပြည့်နှစ်ထိ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံအဖြစ် ရပ်တည်ခဲ့ပေမယ့် အဲဒီဂုဏ်ပုဒ်ကို တရုတ်ဆီ လွှဲပေးလိုက်ရပါတယ်။ ၁၄ နှစ် အကြာမှာတော့ ဂျာမနီကပါ ဂျပန်ရဲ့ တတိယ နေရာကို ထပ်မံ သိမ်းပိုက်သွားတဲ့ သဘောပါပဲ။ ဂျပန်ရဲ့ GDPဟာ ဒေါ်လာ ၄.၂ ထရီလီယံထိ ရှိခဲ့ပြီး ငွေလဲနှုန်းအပေါ် မူတည်ပြီး ဂျာမနီရဲ့ GDPကတော့ ဒေါ်လာ ၄.၄ ထရီလီယံနဲ့ ၄.၅ ထရီလီယံကြားထိ ရှိခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့ GPDက ဒေါ်လာ ၂၅.၅ ထရီလီယံ ဝန်းကျင်နဲ့ တရုတ်ကတော့ ၁၈ ထရီလီယံ ဝန်းကျင်လောက်စီ အသီးသီး ရှိကြမယ်လို့လည်း စျေးကွက် လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

Ref: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။