Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေအောက်မီးတောင် ပေါက်ကွဲပြီး ဂျပန်မှာ ကျွန်းအသစ်တစ်ခု ပေါ်ထွန်းလာ

၂၀၁၃ ခုနှစ်က တိုကျိုတောင်ပိုင်း၊ ပစိဖိတ် သမုဒ္ဒရာထဲက နီရှီနိုရှီမာ ဒေသမှာ ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ကျွန်းသစ်တစ်ခု ပေါ်ထွန်းခဲ့ပြီး နောက်ထပ် ဆယ်စုနှစ်တစ်ခု ကြာတဲ့ထိ မီးတောင်ပေါက်ကွဲမှုတွေအတွင်း ကျွန်းရဲ့ အကျယ်အဝန်းက ပိုမို ကျယ်ပြန့် ကြီးထွားလာခဲ့ပါတယ်။

ရေအောက်မီးတောင် ပေါက်ကွဲပြီး ဂျပန်မှာ ကျွန်းအသစ်တစ်ခု ပေါ်ထွန်းလာ
ရေအောက်မီးတောင် ပေါက်ကွဲပြီး ဂျပန်မှာ ကျွန်းအသစ်တစ်ခု ပေါ်ထွန်းလာ

ရေအောက်မီးတောင် ပေါက်ကွဲမှုနဲ့အတူ ဂျပန် ကမ်းလွန်မှာ ကျွန်းအသစ်တစ်ခု ပေါ်ထွန်းလာခဲ့ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်ဟာ ကျွန်းအသစ်တစ်ခု မွေးဖွားမှုကို လက်တွေ့ မြင်ခဲ့ရတဲ့ ရှားပါးဖြစ်စဉ်လို့ သိပ္ပံပညာရှင်တွေက ရည်ညွှန်းပေမယ့် အဲဒီကျွန်းဟာ ရေပေါ်မှာ ကြာကြာပေါ်နေဖို့ မလွယ်ကြောင်းလည်း မှတ်ချက် ပေးခဲ့ကြပါတယ်။

အီဝိုဂျီမာရဲ့ တောင်ဖက်ကမ်းလွန် ၁ ကီလိုမီတာလောက် အကွာက နာမည်သတ်မှတ်မထားတဲ့ ရေအောက် မီးတောင်ဟာ အောက်တိုဘာ ၂၁ ရက်မှာ စတင် ပေါက်ကွဲခဲ့ပါတယ်။

နောက်ထပ် ၁၀ ရက်အတွင်းမှာတင် ရေအောက် မီးတောင်က မှုတ်ထုတ်တဲ့ ချော်ပြာတွေ၊ ချော်ကျောက်တွေက ရေတိမ် ကမ်းခြေရဲ့ ရေမျက်နှာပြင် အထက်ကို မြင့်တက်လာပြီး ကျွန်းတစ်ခု ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကျွန်းဟာ အချင်း ၁၀၀ မီတာလောက်ရှိပြီး ရေမျက်နှာပြင်အထက် မီတာ ၂၀ ထိ မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဘူမိဗေဒ ပညာရှင်တွေနဲ့ မီးတောင်ဆိုင်ရာ ပညာရှင်တွေက အခုဖြစ်စဉ်ကို စိတ်ဝင်တစား စောင့်ကြည့် လေ့လာနေကြပါတယ်။ အီဝိုဂျီမာ တဝိုက်မှာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ရေအောက်မီးတောင် ပေါက်ကွဲမှုတွေ မကြာခဏ ကြုံခဲ့ရပေမယ့် ကျွန်းတစ်ခု ပေါ်ထွန်းလာတဲ့ နောက်ဆက်တွဲ ဖြစ်စဉ်ကတော့ မကြုံစဖူး အခြေအနေလို့ သုတေသီတွေက ဆိုပါတယ်။

ဒါပေမဲ့ ကျွန်းမှာ ဖွဲ့စည်းတည်ရှိတဲ့ အောက်ခံမြေသား အစုအဖွဲ့က တည်ငြိမ်မှု အားနည်းလွန်းတာကြောင့် ရေလှိုင်းတွေ တိုက်စားတာ ခံရပြီး အချိန်အတိုင်းအတာ တစ်ခုမှာ ပျက်စီးသွားနိုင်တယ်လို့လည်း ပညာရှင်တွေက ယူဆနေပါတယ်။

၂၀၁၃ ခုနှစ်က တိုကျိုတောင်ပိုင်း၊ ပစိဖိတ် သမုဒ္ဒရာထဲက နီရှီနိုရှီမာ ဒေသမှာ ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ကျွန်းသစ်တစ်ခု ပေါ်ထွန်းခဲ့ပြီး နောက်ထပ် ဆယ်စုနှစ်တစ်ခု ကြာတဲ့ထိ မီးတောင်ပေါက်ကွဲမှုတွေအတွင်း ကျွန်းရဲ့ အကျယ်အဝန်းက ပိုမို ကျယ်ပြန့် ကြီးထွားလာခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ ပါကစ္စတန် နိုင်ငံမှာ ရစ်ချ်တာစကေး ၇.၇ အဆင့် အင်အားပြင်း ငလျင်တစ်ခုအပြီး ကမ်းလွန် ပင်လယ်ပြင်မှာ ကျွန်းငယ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၁၅ တုန်းကတော့ တွန်ဂါနိုင်ငံမှာ ရေအောက် မီးတောင်တစ်ခု လနဲ့ချီ ကြာမြင့်အောင် ပေါက်ကွဲနေရာက ကျွန်းတစ်ခု ဖြစ်ပေါ်လာခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားရာ ကျွန်းစုတွေနားမှာ ဒုံးကျည် စမ်းသပ်ခဲ့တဲ့ လုပ်ရပ်ကို ဂျပန်က တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

Facebook