Connect with us

Hi, what are you looking for?

သတင်း

MPT မှာရင်းနှီးမြှပ်နှံထားတဲ့ဂျပန်ဆက်သွယ်ရေးလုပ်ငန်းစု KDDIက မြန်မာနိုင်ငံမှာ အရှုံး​ပေါ်နေတယ်လို့ အတည်ပြု

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

(ရန်ကုန်မြို့ရှိ MPT အ​ရောင်းပြခန်းတစ်ခု။ ဓါတ်ပုံ-ဆူမီတိုမို)
(ရန်ကုန်မြို့ရှိ MPT အ​ရောင်းပြခန်းတစ်ခု။ ဓါတ်ပုံ-ဆူမီတိုမို)

People’s Spring

ဂျပန် ဆက်သွယ်ရေး နည်းပညာ လုပ်ငန်းစုကြီး တစ်ခုဖြစ်တဲ့ KDDIဟာ MPTနဲ့ ပူးပေါင်းထားတဲ့ မြန်မာနိုင်ငံက ဖက်စပ် လုပ်ငန်းလည်ပတ်မှုတွေမှာ ငွေကြေး ပေးချေမှုနဲ့ အရှုံးပေါ်မှု ပြဿနာတွေ ကြုံနေရတယ်လို့အတည်ပြု ပြောကြားပါတယ်။

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

အဲဒီထိုးနှက်ချက်ကြောင့် KDDIဟာ နှစ်စဉ် အမြတ်ငွေ ခန့်မှန်းချက်ကို မူလ လျာထားချက်ထက် ယန်းငွေ ၄၅ ဘီလီယံ လျှော့ချလိုက်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မတ်လကုန်မှာ အဆုံးသတ်ခဲ့တဲ့ အခု ဘဏ္ဍာရေးနှစ်အတွက် KDDIရဲ့ အမြတ်ငွေ ခန့်မှန်းချက်ဟာ ယန်း ၆၃၅ ဘီလီယံ ဖြစ်လာပါတယ်။ မနှစ်က ဝင်ငွေနဲ့ ယှဉ်လိုက်ရင်တော့ ဒီခန့်မှန်းချက်ဟာ ၆ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာအခြေစိုက် လုပ်ငန်းခွဲအဖြစ် ထူထောင်ထားတဲ့ KDDI Summit Global Myanmar ဟာ Sumitomo Corpနဲ့ ပူးပေါင်းပြီး MPTရဲ့ မိုဘိုင်း ဆက်သွယ်ရေး ကွန်ရက်တွေကို ၂၀၁၄ ခုနှစ် ကတည်းက ပံ့ပိုးပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အာဏာသိမ်း စစ်တပ်အပေါ် အမေရိကန်က အရေးယူ ပိတ်ဆို့မှုတွေကြောင့် KDDIဟာ ငွေကြေး လက်ခံရရှိဖို့ ဒေါ်လာ လဲလှယ်မှုမှာ ကန့်သတ်ချက် ကြီးကြီးမားမားတွေနဲ့ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။

ဒါ့အပြင် Sumitomo Corpကလည်း တူညီတဲ့ အကြောင်းတရားကြောင်း မြန်မာနိုင်ငံ အခြေစိုက် လုပ်ငန်းခွဲကနေ ငွေကြေးနစ်နာ ဆုံးရှုံးမှုတွေ ကြုံနိုင်ခြေကို ကြိုတင် ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။

အခုလို အကျပ်အတည်းတွေ ကြုံနေပေမယ့် ဂျပန်ကုမ္ပဏီ နှစ်ခုစလုံးက မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍမှာ ဆက်လက် အာရုံစိုက် မြှုပ်နှံထားမယ်လို့ ပြောကြားခဲ့တာကြောင့် မြန်မာနိုင်ငံက မထွက်ခွာသေးဘဲ လုပ်ငန်းတွေ ဆက်လက် လည်ပတ်နေဦးမယ်လို့ ယုံကြည်ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး အင်တာနက်လိုင်း​တွေဖြတ်​တောက်တာ ၊ဖုန်း​အော်ပ​ရေတာလုပ်ငန်း​တွေကို စစ်​ကောင်စီက ထိန်းချုပ်​နေတာ​ကြောင့် ဖုန်း​အော်ပ​ရေတာလုပ်ငန်း​တွေဟာစီးပွား​ရေးကျဆင်း​နေပါတယ် ။ဒါအပြင် စစ်အုပ်စုကိုယ်တိုင် ရှယ်ယာထည့်ဝင်တည်​ထောင်ထားတဲ့ Mytel ဆိုရင် ပြည်သူ​တွေက သပိတ်​မှောက်တာ ၊​တော်လှန်​ရေးအဖွဲ့​တွေက ဖုန်းတာဝါတိုင်​တွေကို ဖြိုချတာ​ကြောင့် ပိုအထိနာ​နေပါတယ် ။

ကိုးကား: Nikkei

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။