Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သေခါနီးမှ ဝန်ခံသွားတဲ့ လူနာဟာ နှစ်ရှည်လများ ပျောက်ဆုံးနေတဲ့ ဝရမ်းပြေးမှန်း ဂျပန် ရဲတပ်ဖွဲ့ အတည်ပြု

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

သေခါနီးမှ ဝန်ခံသွားတဲ့ လူနာဟာ နှစ်ရှည်လများ ပျောက်ဆုံးနေတဲ့ ဝရမ်းပြေးမှန်း ဂျပန် ရဲတပ်ဖွဲ့ အတည်ပြု
သေခါနီးမှ ဝန်ခံသွားတဲ့ လူနာဟာ နှစ်ရှည်လများ ပျောက်ဆုံးနေတဲ့ ဝရမ်းပြေးမှန်း ဂျပန် ရဲတပ်ဖွဲ့ အတည်ပြု

ကျန်းမာရေး အရမ်းဆိုးရွားပြီး သေအံ့မူးမူး ဖြစ်နေချိန်မှာ ဘဝမှန်ကို ဝန်ခံသွားခဲ့တဲ့ လူနာတစ်ယောက်ဟာ နိုင်ငံရဲ့ အလိုအရှိဆုံး ရာဇဝတ်သား ဝရမ်းပြေး တစ်ဦးဆိုတာ ဂျပန် ရဲတပ်ဖွဲ့က DNA စစ်ဆေးမှု ရလဒ်တွေအပြီး အတည်ပြု ကြေညာခဲ့ပါတယ်။

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

သူကွယ်လွန်ပြီးတဲ့နောက် DNA စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး အသက် ၇၀ အရွယ် အမျိုးသားကြီးဟာ ကီရီရှီမာဆိုတာ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၁၉၇၀ ပြည့်လွန်နှစ်တုန်းက ဂျပန်မှာ ဗုံးဖောက်ခွဲမှုတချို့ ကျူးလွန်ခဲ့တဲ့ အစွန်းရောက် စစ်သွေးကြွ အဖွဲ့သား တစ်ဦးဖြစ်ပါတယ်။

ဂျပန်နိုင်ငံ အနှံ့မှာ သူ့မျက်နှာနဲ့ ဓာတ်ပုံတွေကို ရဲတွေက လိုက်ကပ်ထားပြီး ဝရမ်းထုတ် ရှာဖွေနေပေမယ့် ကီရီရှီမာက အခုလောက် အချိန်ကြာကြာ ဘယ်လို လွတ်မြောက်နေခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

သူဟာ ၁၉၇၅ ခုနှစ်၊ ဧပြီ ၁၈ ရက်နေ့တုန်းက တိုကျိုမြို့၊ ဂင်ဇာရပ်ကွက်မှာ လက်လုပ်ဗုံးတစ်လုံး ဖောက်ခွဲမှုမှာ ကိုယ်ထိလက်ရောက် ပါဝင် ကျူးလွန်ခဲ့တယ်လို့ ရဲတွေက ယူဆထားပါတယ်။ အဲဒီဖြစ်စဉ်မှာ အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ပေမယ့် အသေအပျောက်တော့ မရှိခဲ့ပါဘူး။

ကီရီရှီမာဟာ အရှေ့အာရှ ဂျပန်ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဦးလို့ခေါ်တဲ့ လက်ဝဲစွန်း စစ်သွေးကြွ အဖွဲ့ဝင် အနေနဲ့ အဲဒီအချိန်တုန်းက လှုပ်ရှားနေခဲ့တာပါ။ အဲဒီအဖွဲ့ဟာ ဂျပန်နိုင်ငံ အနှံ့မှာ ဗုံးခွဲမှုတွေ ကျူးလွန်ခဲ့ပြီး ထင်ရှားတဲ့ ဖြစ်ရပ် တစ်ခုကတော့ Mitsubishi အကြီးစား စက်မှု လုပ်ငန်းကို တိုက်ခိုက်ခဲ့တဲ့ ကိစ္စဖြစ်ပြီး ဗုံးပေါက်ကွဲမှုမှာ ၈ ဦးသေ၊ ၁၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ကီရီရှီမာဟာ အဲဒီ စစ်သွေးကြွအဖွဲ့ ကျူးလွန်ခဲ့တဲ့ ဗုံးခွဲမှုတွေထဲက အနည်းဆုံး ၄ ခုမှာ ပါဝင်ပတ်သက်ခဲ့လိမ့်မယ်လို့ ရဲတွေက ယူဆခဲ့ပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း နှစ်ယောက်ကိုတော့ ဖော်ထုတ် ဖမ်းမိပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် သေဒဏ် စီရင်ခဲ့ပြီး ဖြစ်ပါတယ်။

ကီရီရှီမာဟာ အဲဒီ အဖွဲ့ထဲမှာ ရဲတွေ ဘယ်တုန်းကမှ ဖမ်းမမိခဲ့တဲ့ တစ်ဦးတည်းသော အဖွဲ့သားလို့ ယူဆရပါတယ်။ တစ်ချိန်တုန်းကတော့ ကီရီရှီမာဟာ အသက်၂၀ ဝန်းကျင် ဆံပင်ရှည်ရှည်နဲ့ မျက်မှန်တပ်ထားတဲ့ တက္ကသိုလ်ကျောင်းသား ပုံစံမျိုး ဖြစ်ခဲ့ပြီး သူ့ရဲ့ ဓာတ်ပုံဟောင်းနဲ့ လက်ရှိ အသက်အရွယ်မှာ ဖြစ်နိုင်တဲ့ ရုပ်ရည်ကို မှန်းဆပုံဖော်ထားတာတွေဟာ ဂျပန်နိုင်ငံ အနှံ့က ရဲစခန်းတွေမှာ ကပ်ထားပါတယ်။

တစ်နိုင်ငံလုံးအနှံ့ ကီရီရှီမာရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့ခဲ့ပေမယ့်လည်း အိမ်နီးချင်းတွေက လုံးဝ သတိမထားမိခဲ့ပါဘူး။ ရဲတွေဆီ ထွက်ချက်ပေးတဲ့ အိမ်နီးချင်း အများစုက ကီရီရှီမာကို အေးအေး နေတတ်ပေမယ့် အလေးအနက် ရှိတတ်တဲ့သူ တစ်ဦးလို့သာ ပုံဖော်ခဲ့ကြပါတယ်။ ကီရီရှီမာဟာ ဟီရိုရှီ ယူချင်ဒါဆိုတဲ့ နာမည်ကိုယူပြီး တိုကျို အနောက်ဖက်စွန်းမှာရှိတဲ့ ဖူဂျီဆာဝါမြို့မှာ နှစ် ၄၀ လောက် အေးအေးလူလူ အခြေချနေခဲ့တယ်လို့ သိရပါတယ်။

အဲဒီကာလတလျှောက် သူဟာ အလုပ်ကြမ်းတွေနဲ့ စတင် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းကျတော့ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာ အလုပ်ရပြီး အခြေတကျ ဖြစ်လာခဲ့တယ်လို့ ကီရီရှီမာက ရဲတွေက ပြောပါတယ်။ သူဟာ ယာဉ်မောင်းလိုင်စင် လျှောက်ထားတာတို့၊ ဆေးရုံတက်ပြီး ကုသမှု ခံယူဖို့ ကျန်းမာရေး အာမခံ လျှောက်ထားတာတို့ လုံးဝ မလုပ်ခဲ့ပါဘူး။ အခုလည်း နောက်ဆုံးအဆင့် ကင်ဆာရောဂါ ခံစားနေရချိန်မှာ ကျန်းမာရေး အာမခံ မရှိဘဲ ဆေးရုံတက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကျမှ သူက ဆရာဝန်တွေ၊ သူနာပြုတွေကို သူ့ဘဝမှန်အကြောင်း ထုတ်ပြောပြပြီး ရဲတွေကို ဆက်သွယ်စေခဲ့တာပါ။ ရဲတွေက ကီရီရှီမာ တစ်ယောက်သာ သိနိုင်မယ့် မိသားစုဝင်တွေနဲ့ စစ်သွေးကြွ အဖွဲ့ဝင်တွေရဲ့ နာမည်တွေ၊ အချက်အလက်တွေကို တိတိကျကျ မှတ်မိပြီး ပြန်ပြောနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၂၉ ရက်မှာ ကီရီရှီမာ ကွယ်လွန်ခဲ့ပြီး အဲဒီ မတိုင်ခင် ရဲတွေက သူ့အပေါ် တင်ထားတဲ့ စွပ်စွဲချက် တချို့က မဟုတ်မှန်ဘူးလို့လည်း ငြင်းဆိုသွားခဲ့ပါတယ်။

ကွယ်လွန်ပြီးနောက်ပိုင်း DNA စစ်ချက်တွေ ယူကြည့်တဲ့ အခါမှာ ယူချင်ဒါနဲ့ ကီရီရှီမာဆိုတာ တစ်ဦးတည်းမှန်း ပိုမို သေချာစေခဲ့တယ်လို့ တိုကျို ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ အခုတော့ ရဲတွေက ကီရီရှီမာ နှစ်ရှည်လများ ကိုယ်ရောင်ဖျောက်နေနိုင်အောင် ကူညီပေးတဲ့ ကြံရာပါတွေ ရှိမရှိ ဆိုတာကို ဆက်လက် စုံစမ်းနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဂျပန်ရဲ့ ဒုံးကျည် အင်ဂျင် တစ်ခုဟာ စမ်းသပ်အဆင့် လွှတ်တင်ရာမှာ စတင် အသက်ဝင်ပြီး စက္ကန့် ၅၀ အတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ GPDက ဒေါ်လာ ၂၅.၅ ထရီလီယံ ဝန်းကျင်နဲ့ တရုတ်ကတော့ ၁၈ ထရီလီယံ ဝန်းကျင်လောက်စီ အသီးသီး ရှိကြမယ်လို့လည်း စျေးကွက် လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

နိုင်ငံတကာ

၂၀၁၃ ခုနှစ်က တိုကျိုတောင်ပိုင်း၊ ပစိဖိတ် သမုဒ္ဒရာထဲက နီရှီနိုရှီမာ ဒေသမှာ ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ကျွန်းသစ်တစ်ခု ပေါ်ထွန်းခဲ့ပြီး နောက်ထပ် ဆယ်စုနှစ်တစ်ခု ကြာတဲ့ထိ မီးတောင်ပေါက်ကွဲမှုတွေအတွင်း ကျွန်းရဲ့ အကျယ်အဝန်းက ပိုမို ကျယ်ပြန့် ကြီးထွားလာခဲ့ပါတယ်။