Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အစ္စရေးကို F-15 တိုက်လေယာဉ် အသစ်တွေ တင်ပို့ရောင်းချရေးကိစ္စ အမေရိကန် အစိုးရ မီးစိမ်းပြ

F-15အသစ်တွေ မှာယူမယ့် ကိစ္စကတော့ အဆုံးသတ်မှာ ချောမွေ့ အဆင်ပြေသွားလိမ့်မယ်လို့ ခန့်မှန်းရပေမယ့် တစ်ဖက်မှာလည်း အစ္စရေးက လေယာဉ်တွေ မြန်နိုင်သမျှ မြန်မြန် ပို့ဆောင်ပေးဖို့ အမေရိကန်ကို တောင်းဆိုထားကြောင်း သိရပါတယ်။

အစ္စရေးကို F-15 တိုက်လေယာဉ် အသစ်တွေ တင်ပို့ရောင်းချရေးကိစ္စ အမေရိကန် အစိုးရ မီးစိမ်းပြ
အစ္စရေးကို F-15 တိုက်လေယာဉ် အသစ်တွေ တင်ပို့ရောင်းချရေးကိစ္စ အမေရိကန် အစိုးရ မီးစိမ်းပြ

ဂါဇာစစ်ပွဲကို အကြောင်းပြုပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေတဲ့တိုင် အမေရိကန် အစိုးရဟာ အစ္စရေးအတွက် F-15 တိုက်လေယာဉ်တွေ ရောင်းချပေးဖို့ မီးစိမ်းပြလိုက်ပါတယ်။

အခု သဘောတူညီထားတဲ့ လက်နက် အရောင်းအဝယ် စာချုပ်ဟာ ဒေါ်လာ ၁၈ ဘီလီယံကျော် တန်ဖိုးရှိမယ်လို့ ယူဆရပြီး အမေရိကန်လုပ် အဆင့်မြှင့်တင်ထားတဲ့ F-15 တိုက်လေယာဉ် အစီး ၅၀ လောက်ကို အစ္စရေးဆီ တင်ပို့ပေးမှာ ဖြစ်တယ်လို့ အကြောင်းသိတွေက ပြောပါတယ်။

F-15တွေရဲ့ ထုတ်လုပ်မှု သက်တမ်းဟာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်လာပြီ ဖြစ်ပေမယ့် McDonell Douglasနဲ့ Boeing ကုမ္ပဏီတို့ဟာ နည်းပညာပိုင်း စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိ အချိန်ထိ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး စာရင်းဝင် တိုက်လေယာဉ် အမျိုးအစား တစ်ခုအဖြစ် ရပ်တည်နေပါတယ်။

F-15တွေဟာ ဝေဟင်စီးချင်း တိုက်ပွဲတွေမှာ လုံးဝ အရှုံးမရှိခဲ့ဘူးဆိုတဲ့ စံချိန်ကောင်းကို ပိုင်ဆိုင်ထားပြီး အစ္စရေး လေတပ်ရဲ့ မဟာဗျူဟာမြောက် အားအကိုးဆုံး တိုက်လေယာဉ် အမျိုးအစားလည်း ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါ အမေရိကန်က အစ္စရေးဆီ တိုက်လေယာဉ်တွေ ထပ်မံရောင်းချပေးဖို့ မူအားဖြင့် လက်ခံလိုက်ပေမယ့် ချက်ချင်းတော့ လေယာဉ်အသစ်တွေကို ပို့ဆောင်ပေးမယ့် အလားအလာ မရှိပါဘူး။ အထူးသဖြင့် ဂါဇာထိုးစစ်မှာ အစ္စရေးကို ထောက်ခံကူညီလို့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရဟာ လက်ရှိ ကာလမျိုးမှာ အခုလို ထိလွယ်ရှလွယ် ဖြစ်လာနိုင်တဲ့ ကိစ္စမျိုးကို သတိကြီးကြီး ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

ပြီးတော့ အမေရိကန် လွှတ်တော်မှာ၊ အထူးသဖြင့် သမ္မတ ဘိုင်ဒန် ကိုယ်စားပြုတဲ့ ဒီမိုကရက်ပါတီရဲ့ အတွင်းပိုင်းမှာတင် အခုလို တိုက်လေယာဉ်တွေ အစ္စရေးဆီ ရောင်းချပေးတဲ့ ကိစ္စအပေါ် အပြင်းအထန် ဆွေးနွေး ငြင်းခုံကြရဖို့ ရှိနေပါတယ်။ ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီကတော့ အစ္စရေးကို တိုက်လေယာဉ်တွေ ရောင်းပေးမယ့် ကိစ္စကို လိုလားထောက်ခံမယ့် သဘောမျိုး ပြသထားပါတယ်။

ဟားမားစ်တွေက အစ္စရေးပိုင်နက်ကို ကျူးကျော်လို့ စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲအတွင်း အမေရိကန်ဟာ အစ္စရေးအတွက် စစ်လက်နက်တွေ တင်ပို့ရောင်းချမှု အကြိမ်ပေါင်း ၁၀၀ ကျော် သဘောတူခဲ့ပေမယ့် အများစုက လွှတ်တော်ရဲ့ သဘောတူညီမှု လုပ်ထုံးလုပ်နည်း ကိစ္စတွေ ကြန့်ကြာတာကြောင့် အထမမြောက်ခဲ့ပါဘူး။

F-15အသစ်တွေ မှာယူမယ့် ကိစ္စကတော့ အဆုံးသတ်မှာ ချောမွေ့ အဆင်ပြေသွားလိမ့်မယ်လို့ ခန့်မှန်းရပေမယ့် တစ်ဖက်မှာလည်း အစ္စရေးက လေယာဉ်တွေ မြန်နိုင်သမျှ မြန်မြန် ပို့ဆောင်ပေးဖို့ အမေရိကန်ကို တောင်းဆိုထားကြောင်း သိရပါတယ်။

ကိုးကား: AP⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။