Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံကို NUCC သတိပေး

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများက မြန်မာ့နိုင်ငံရေး ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေး ပြဿနာများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ ဆင်းရဲဒုက္ခကို ကြာရှည်စေနိုင်ကြောင်း ဖော်ပြသည်။

(စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းတို့ မေလ ၂ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်။ ဓာတ်ပုံ - ဆင်ဟွာ)
(စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းတို့ မေလ ၂ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်။ ဓာတ်ပုံ - ဆင်ဟွာ)

▪️တရုတ်၏ ရေရှည်အကျိူးစီးပွားကို မြန်မာပြည်သူများကသာ အာမခံချက်ပေးနိုင်မည်ဟုဆို

အိမ်နီးချင်းတရုတ်နိုင်ငံသည် အကြမ်းဖက်စစ်ကောင်စီနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုများကိုသာ တွေ့ရှိနေရပြီး ထိုသို့ ဆောက်ရွက်နေခြင်းများသည် မြန်မာပြည်သူများ၏ သဘောဆန္ဒကို မျက်ကွယ်ပြုရာရောက်နေကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့ သတိပေးထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများက မြန်မာ့နိုင်ငံရေး ပြဿနာကို ကူညီဖြေရှင်းရာမရောက်ဘဲ ပြည်တွင်းရေး ပြဿနာများကို ပိုမိုရှုပ်ထွေးစေပြီး ပြည်သူများ၏ ဆင်းရဲဒုက္ခကို ကြာရှည်စေနိုင်ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တရုတ်နိုင်ငံ၏ ရေရှည် အကျိူးစီးပွား ဖြစ်ထွန်းမှု အတွက် မြန်မာပြည်သူများကသာ အာမခံချက် ပေးနိုင်မည်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီက အာမခံချက် ပေးနိုင်မည် မဟုတ်သည်ကို တရုတ်နိုင်ငံအနေဖြင့် သဘောပေါက်ရန် လိုအပ်ကြောင်း NUCC က သတိပေးသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က နိုင်ငံရေးသဘောထားထုတ်ပြန်ချက်တွေ သိပ်ပြီးတော့ မထုတ်ပါဘူး။ သို့သော် ၃ နှစ်နီးပါးရှိလာတဲ့အချိန်မှာ ပြန်သုံးသပ်လိုက်တဲ့အခါကျတော့ အထူးသဖြင့် စစ်အုပ်စုကို ထောက်ပံ့ပေးနေတဲ့၊ ထောက်ခံပေးနေတဲ့ ကူညီပေးနေတဲ့သူတွေကို ကျွန်တော်တို့က ပိုပြီး ရှင်းရှင်းလင်းလင်းမြင်လာတဲ့အခါမှာ ဒီလူတွေကို အနည်းဆုံး ကျွန်တော်တို့ သဘောထားကို ပေးဖို့လိုတယ်ဆိုတာကို သဘောထားကျတယ်။ ဝိုင်းပြီးတော့ ဆွေးနွေးကြတယ်။ ကျွန်တော်တို့ အပတ်စဥ်အစည်းအဝေးမှာလည်း ဖြစ်တာ၊ ပျက်တာ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတဲ့ နောက်မှာတော့ ပြီးခဲ့တဲ့အပတ်က ရုရှားရဲ့ လုပ်ပုံလုပ်နည်းကို ကျွန်တော်တို့ ပြောချိန်တန်ပြီဆိုပြီး ကျွန်တော်တို့ ပြောပါတယ်။ တရုတ်နိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ နှစ်ရှည် ကျွန်တော်တို့ ကြည့်ခဲ့တဲ့အချိန်မှာ စစ်အုပ်စုကိုသာလျှင် ပတ်သက်နေပြီးတော့ ဒီဘက်မှာ ရှိတဲ့ ဒီမိုကရေစီ တိုးတက်မှု၊ ပြောင်းလဲမှု၊ ကြိုးစားမှုကို အသိအမှတ်မပြုတာကတော့ ရပ်ဖို့သင့်ပြီဆိုတာကို ကျွန်တော်တို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ စာထုတ်ခြင်းဖြစ်ပါတယ်” ဟု NUCC အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

NUCC တွင် နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်များနှင့်ပတ်သက်၍ အာရုံစိုက်လေ့လာစူးစမ်းသည့်အဖွဲ့များ ဖွဲ့စည်းထားကာ တရုတ်အရေးကို တစ်နိုင်ငံတည်းအတွက် သီးသန့်အဖွဲ့ရှိပြီး ယင်းအဖွဲ့က တရုတ်နိုင်ငံ၏ Think Tank များနှင့် ထိတွေ့ဆက်ဆံမှုများရှိသော်လည်း တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သံတမန်ရေးနည်းလမ်းများဖြင့် ထိတွေ့ဆက်ဆံမှုများ မရှိကြောင်း သိရသည်။

တရုတ်၏ ဆောင်ရွက်ချက်များက မြန်မာပြည်သူများ၏စိတ်နှလုံးကို ထိခိုက်စေပြီး နှစ်နိုင်ငံတည်ဆောက်ထားခဲ့သည့် ပြည်သူအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုနှင့် လက်ရှိအကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားအတွက် ကြီးစွာထိခိုက်နေသည်ဟု NUCC က ဆိုသည်။

မြန်မာပြည်သူများအား စစ်ကောင်စီက နည်းမျိုးစုံဖြင့် ညှင်းပန်း နှိပ်စက် သတ်ဖြတ်ရာတွင် အသုံးပြုနေသည့် စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် စစ်ထောက်လှမ်းရေး ဆိုင်ရာကိစ္စရပ်များတွင် တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေ ခြင်းကို ရပ်တန့်ရန် လိုအပ်ကြောင်း တိုက်တွန်းသည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာဖြင့် မြန်မာ့အရေးကို ပြေလည်စေလိုပြီး မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ထိန်းသိမ်း ဆောင်ရွက်ရန် အမှန်တကယ် ဆန္ဒရှိပါက မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို အထူးသတိပြု ရှောင်ရှားရန် လိုအပ်ကြောင်းလည်း အသိပေးသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွား အများဆုံးနှင့် ပထဝီ အနေ အထားအရ အရေးပါသည့် အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်သည်နှင့်အညီ လက်ရှိ မြန်မာ့အရေးကို ဖြေရှင်း ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၏ အရေးပါမှုကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က အသိအမှတ်ပြုကြောင်း ဖော်ပြသည်။

ထို့အတွက် တရုတ်သည် မြန်မာ့အရေးအား လက်တွေ့ကျကျ ကူညီဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို အလေးထားလျက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေး အင်အားစုများနှင့် နီးနီးကပ်ကပ် စဉ်ဆက်မပြတ် ဆက်ဆံပူပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံ ပြည်သူများ၏ ရေရှည် အကျိုးစီးပွား နှင့် ဒေသအတွင်း တည်ငြိမ် အေးချမ်းမှုကို လိုလားသော အိမ်နီးချင်းကောင်း ပီသမှုကို ပြသရန် NUCC က တိုက်တွန်းသည်။

NUCC သည် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊ မြေပြင်အဖွဲ့အစည်းအင်အားစုများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမားသဂ္ဂများ၊ ကြားကာလပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြု အဖွဲ့အစည်းများ/ကော်မတီများ၊ အလုပ်ရှင်အဖွဲ့အစည်းများအားလုံး၏ ကိုယ်ပိုင်ဆန္ဒဖြင့် လက်တွဲ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့သည် စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့် အာဏာရှင်စနစ်မှန်သမျှ ကင်းစင် သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် သဘောတူညီထားကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။