Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်တပ် အာဏာသိမ်းထားတဲ့ အာဖရိက သုံးနိုင်ငံရဲ့ စစ်ခေါင်းဆောင်တွေ တွေ့ဆုံ၊ စာချုပ်လက်မှတ်ရေးထိုး

မနှစ်တုန်းက မူအားဖြင့် ဆွေးနွေးထားတဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် သုံးဦးက နိုင်ယာမေ တွေ့ဆုံပွဲမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းထားတဲ့ အာဖရိက သုံးနိုင်ငံရဲ့ စစ်ခေါင်းဆောင်တွေ တွေ့ဆုံ၊ စာချုပ်လက်မှတ်ရေးထိုး
စစ်တပ် အာဏာသိမ်းထားတဲ့ အာဖရိက သုံးနိုင်ငံရဲ့ စစ်ခေါင်းဆောင်တွေ တွေ့ဆုံ၊ စာချုပ်လက်မှတ်ရေးထိုး

အာဖရိက သုံးနိုင်ငံရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ တွေ့ဆုံပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

နိုင်ဂျား၊ မာလီနဲ့ ဘာကီနာဖာဆိုတို့မှာ အာဏာသိမ်းထားတဲ့ စစ်တပ် အသီးသီးရဲ့ ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နိုက်ဂျားရဲ့မြို့တော် နိုင်ယာမေမှာ တွေ့ဆုံခဲ့ကြတာပါ။ ဒါဟာ အနောက်အာဖရိက ဒေသတွင်း နိုင်ငံတချို့မှာ အာဏာသိမ်းမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း အခုလိုမျိုး အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

မနှစ်တုန်းက မူအားဖြင့် ဆွေးနွေးထားတဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် သုံးဦးက နိုင်ယာမေ တွေ့ဆုံပွဲမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

နိုက်ဂျား အာဏာသိမ်း စစ်တပ်ခေါင်းဆောင် အက်ဘ်ဒူရာဟ်မာနီ ချီယာနီ၊ ဘာကီနာဖာဆို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ကြီး အီဘရာဟင် ထယာအိုရေးနဲ့ မာလီရဲ့ ဗိုလ်မှူးကြီး အက်ဆီမီ ဂွိုင်တာတို့ဟာ စာချုပ်လက်မှတ်ရေးထိုးအပြီး အတူယှဉ်တွဲရပ်ရင်း ထူးကဲတဲ့ အောင်မြင်မှု တစ်ခုအဖြစ် သတင်းထောက်တွေဆီ အသိပေး ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အရပ်သား အစိုးရဆီ အာဏာပြန်လွှဲပေးဖို့ အနောက်အာဖရိက နိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ECOWAS)က အစဉ်တစိုက် ဖိအားပေးနေခဲ့တဲ့နောက် အဲဒီ ၃ နိုင်ငံဟာ ECOWASကနေ နုတ်ထွက်မယ်လို့ ဇန်နဝါရီလမှာ ကြေညာခဲ့ကြပါတယ်။ အခုတော့ ECOWASကို စစ်အာဏာရှင် သုံးဦးပေါင်းပြီး တုံ့ပြန်တဲ့ သဘောနဲ့ စာချုပ် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

မာလီမှာ ၂၀၂၁ ခုနှစ်၊ ဘာကီနာဖာဆိုမှာ ၂၀၂၂၊ နိုက်ဂျားမှာ ၂၀၂၃ ခုနှစ်တွေတုန်းက စစ်အာဏာသိမ်းမှုတွေ အသီးသီး ဖြစ်ပေါ်ခဲ့တာပါ။ ECOWASဟာ အာဏာသိမ်းမှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ အဲဒီသုံးနိုင်ငံရဲ့ စစ်အစိုးရတွေကို ဖယ်ကြဉ်ပြီး အဆက်အသွယ် ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆာဟာရ သဲကန္တာရနဲ့ ဆက်စပ်တည်ရှိတဲ့ အာဖရိက နိုင်ငံတချို့မှာ အရပ်သား အစိုးရတွေက အကြမ်းဖက် အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် မနှိမ်နင်းနိုင်ဘူး၊ ပြည်သူလူထုရဲ့ လုံခြုံရေးကို အာမခံချက် မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စစ်တပ် အာဏာသိမ်းမှုတွေ ပေါ်ပေါက်ခဲ့တာပါ။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်က အဲဒီအခြေအနေတွေကို အကြောင်းပြုပြီး ကမ္ဘာ့ဒေသတချို့မှာ အာဏာသိမ်းမှုတွေဟာ ကပ်ရောဂါတစ်ခုအသွင် ပျံ့နှံ့ကူးစက်လာနေကြောင်း ဝေဖန်ခဲ့ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖရိကတိုက်ရဲ့ အပူချိန် မြင့်တက်လာမှုကြောင့် သဲကန္တာရတွေမှာ ရှင်သန်ကျက်စားနိုင်တဲ့ ကုလားအုတ်တွေတောင် တောင့်မခံနိုင်ဘဲ သေဆုံးကုန်ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုပ်ပုံတွေကို ခြေထောက်နဲ့နင်း၊ မီးနဲ့ရှို့ပြီး ဆန္ဒပြမှု ဒီကနေ့ (ဇူလိုင် ၃)မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။