Connect with us

Hi, what are you looking for?

သတင်း

အရပ်သားတွေကိုပါပစ်မှတ်ထား တိုက်ခိုက်နေတဲ့စစ်ကောင်စီရဲ့ လုပ်ရပ်​တွေကို ကုလသမဂ္ဂအကြီးအကဲရှုတ်ချ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လိုအပ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

(စစ်​တွေမြို့ ဗျိုင်းဖြူရွာမှ ပြည်သူ ၇၀ ​ကျော်ကို စစ်​ကောင်စီတပ်ဦး​ဆောင်​သောလက်နက်ကိုင်အဖွဲ့များကဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့၍ ​သေဆုံးခဲ့သူများ၏မိသားစုဝင်များငို​ကြွေး​နေကြစဥ်။ ဓါတ်ပုံ-CJ)
(စစ်​တွေမြို့ ဗျိုင်းဖြူရွာမှ ပြည်သူ ၇၀ ​ကျော်ကို စစ်​ကောင်စီတပ်ဦး​ဆောင်​သောလက်နက်ကိုင်အဖွဲ့များကဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့၍ ​သေဆုံးခဲ့သူများ၏မိသားစုဝင်များငို​ကြွေး​နေကြစဥ်။ ဓါတ်ပုံ-CJ)

▪︎ပြည်တွင်းမှာ ပဋိပက္ခတွေ ပိုအရှိန်မြင့်လာတာကို စိုးရိမ်ကြောင်းလည်း ထုတ်ပြန်

People’s Spring

မြန်မာနိုင်ငံမှာ စစ်ရေး ပဋိပက္ခတွေ ပိုမိုမြင့်တက်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက ထုတ်ပြန်ခဲ့သလို အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကိုလည်း ရှုတ်ချသွားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနခွဲရဲ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မီးမောင်းထိုး ဖော်ပြပြီး ပြစ်တင် ဝေဖန်ထားတာ တွေ့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ရန်လို ဖိနှိပ်မှုတွေကြောင့် ရိုဟင်ဂျာတွေ အပါအဝင် လူ့အဖွဲ့အစည်း ပေါင်းစုံကို အကာအကွယ် ပေးနိုင်မယ့် အကူအညီတွေ အရေးတကြီး ပိုလိုအပ်လာတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကိုယ်စား ပြောရေးဆိုခွင့်ရ အရာရှိ စတီဖိန် ဒူဂျာရစ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနှံမှာ အရပ်သား ဧရိယာတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူရမယ်လို့လည်း ကုသလမဂ္ဂက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ပြည်တွင်း ပဋိပက္ခတွေမှာ ဆက်နွှယ် ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံး အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေနဲ့အညီ အရပ်သား ပြည်သူတွေကို အလေးပေး ကာကွယ် စောင့်ရှောက်ကြဖို့၊ ပြည်တွင်းမှာ နောက်ထပ် လူမျိုးရေး တင်းမာမှုနဲ့ အဓိကရုဏ်းတွေ ပေါ်ပေါက်မလာအောင် ဝိုင်းဝန်း တားဆီးကြဖို့လည်း ကုလသမဂ္ဂ အကြီးအကဲက တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အရေး ရိုက်ခတ်မှုကြောင့် ပိုမိုကျယ်ဝန်းတဲ့ ဒေသတွင်းမှာပါ ထိခိုက်မှုတွေ ရှိလာနိုင်တာကို စုပေါင်း အဖြေရှာ တုံ့ပြန်ကြဖို့လည်း သူက တိုက်တွန်းထားခဲ့ပါတယ်။

မြန်မာ့အရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ခံထားရသူ ဂျူလီယန် ဘိရှော့ပ်က မြန်မာ ပြည်သူတွေရဲ့ ထိခိုက်နာကျင်မှုတွေကို လျော့ပါးသက်သာစေပြီးမြန်မာ့ ငြိမ်းချမ်းရေး ရေရှည် တည်တံ့အောင် တည်ဆောက်ရေး အားထုတ် ကြိုးပမ်းနေမှုတွေမှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးက ဝိုင်းဝန်း ကူညီပေးကြဖို့လည်း ဂူတာရက်စ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် အဲဒီအားထုတ်မှုတွေမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လိုအပ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ကိုးကား: UN Myanmar

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။