Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်တွေနဲ့ ပူးပေါင်းခဲ့ဖွယ်ရှိတဲ့ ပါလက်စတိုင်း ဝန်ထမ်း ၉ ဦးကို ကုလသမဂ္ဂ ထုတ်ပယ်

အစ္စရေး ပိုင်နက်ထဲ ဟားမားစ် ပြောက်ကျားတွေ စတင်ကျူးကျော် တိုက်ခိုက်ခဲ့ချိန်တုန်းက ပူးပေါင်း ပါဝင်ခဲ့ဖွယ်ရှိတဲ့ ဝန်ထမ်း ၉ ဦးကို ကုလသမဂ္ဂက ထုတ်ပယ်လိုက်ပါတယ်။

အဲဒီ ပါလက်စတိုင်း ဝန်ထမ်းတွေဟာ မနှစ်က အောက်တိုဘာ ၇ ရက်နေ့တုန်းက ဂါဇာကမ်းမြှောင်ဒေသ အခြေစိုက် ဟားမားစ်တွေဟာ နယ်စပ်ကို အလစ်ဖြတ်ကျော်ပြီး အစ္စရေး မြို့ရွာတွေကို စီးနင်း တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ရကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ အစ္စရေး ၁၂၀၀ ကျော် သေဆုံးပြီး ၂၅၀ လောက် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသလို လက်ရှိ ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲကိုလည်း အစပျိုးလာစေခဲ့ပါတယ်။

လက်ရှိ ထုတ်ပယ်ခံရသူ ၉ ဦးစလုံးဟာ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အကူအညီပေးရေး အေဂျင်စီ UNRWAရဲ့ ဝန်ထမ်းတွေလို့ ဆိုပါတယ်။ UNRWAရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရ အရာရှိ ဖာဟန်ဟက်က အဲဒီ ဝန်ထမ်း ၉ ဦး စလုံးဟာ အလုပ်ထုတ် ခံရမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

UNRWA ဝန်ထမ်းတွေဟာ အစ္စရေးကို ကျူးကျော် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တယ်လို့ အစ္စရေးဖက်က အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြပြီး စွပ်စွဲလာတဲ့နောက် ကုလသမဂ္ဂက နှိုက်နှိုက်ချွတ်ချွတ် စုံစမ်း စစ်ဆေးမှုတွေ စတင်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။ အစ္စရေး ထောက်လှမ်းရေးဟာ နိုင်ငံပိုင်နက်ထဲ ဟားမားစ်တွေ ကျူးကျော်လာချိန် ရိုက်ကူးထားတဲ့ မှတ်တမ်း ဓာတ်ပုံနဲ့ ဗီဒီယို အထောက်အထားတွေကနေတဆင့် UNRWA ဝန်ထမ်းတွေ ကိုယ်ထိလက်ရောက် ပါဝင်မှုကို သက်သေပြခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဟက်က အဲဒီ ဝန်ထမ်းတွေဟာ ဟားမားစ်ရဲ့ လှုပ်ရှားမှုတွေမှာ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ပါဝင်ခဲ့သလဲ ဆိုတာကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။ ဒါပေမဲ့ အခုလုပ်ရပ်မျိုးဟာ ပါလက်စတိုင်း ပြည်သူတွေအတွက် ကောင်းကျိုးရရှိအောင် အစွမ်းကုန် အားထုတ်နေတဲ့ UNRWAရဲ့ လုပ်ဆောင်ချက်တွေအပေါ် သစ္စာဖောက်လိုက်သလိုပဲလို့ သူက ဝေဖန်သွားပါတယ်။

ကုလသမဂ္ဂဟာ အခုကိစ္စနဲ့ ပတ်သက်ပြီး URWA ဝန်ထမ်း စုစုပေါင်း ၁၉ ဦးကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အစ္စရေးက အနည်းဆုံး ဝန်ထမ်း ၁၂ ဦးလောက်ဟာ နယ်စပ်ကို ကျူးကျော်ပြီး တိုက်ခိုက်ခဲ့တဲ့ ကိစ္စမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပြီး UNRWA ဝန်ထမ်း ၄၅၀ လောက်ဟာ ဟားမားစ် အပါအဝင် ပါလက်စတိုင်း အကြမ်းဖက် အဖွဲ့အစည်းတွေမှာ ပါဝင်နေတယ်လို့လည်း အစ္စရေးက စွပ်စွဲထားပါတယ်။ အစ္စရေးဟာ ဟားမားစ်နဲ့ တခြား ပါလက်စတိုင်း လက်နက်ကိုင် အင်အားစုတွေကို အကြမ်းဖက် အဖွဲ့တွေအဖြစ် သတ်မှတ်ထားပါတယ်။

အစ္စရေးစစ်တပ်ကတော့ UNRWAရဲ့ ဝန်ထမ်းတွေဟာ အကြမ်းဖက်သမားတွေ ဖြစ်နေတယ်ဆိုတဲ့ အရှိတရားက အဲဒီ အဖွဲ့အစည်းအပေါ် ယုံကြည်စိတ်ချရမှု ဘယ်လောက် နိမ့်ပါးနေသလဲ ဆိုတာ အလွယ်တကူ မြင်သာစေတယ်လို့ ဝေဖန်သွားပါတယ်။

ဂါဇာမှာ ဝန်ထမ်း ၁၃၀၀၀ လောက် ခန့်အပ်ထားတဲ့ UNRWAကလည်း မတ်လတုန်းက အေဂျင်စီရဲ့ တချို့ဝန်ထမ်းတွေဟာ အစ္စရေး အာဏာပိုင်တွေရဲ့ ခြိမ်းခြောက် ဖိအားပေးမှုတွေကြောင့် ဟားမားစ်နဲ့ အဆက်အဆံ ရှိပါတယ် ဆိုတာမျိုး မမှန်မကန် ထွက်ဆိုချက်တွေ ပေးခဲ့ရတယ်လို့ တန်ပြန် စွပ်စွဲဖူးပါတယ်။

အစ္စရေးဆီက စွပ်စွဲချက်အပြီး ကမ္ဘာ့နိုင်ငံ အများအပြားဟာ UNRWAအတွက် ရန်ပုံငွေ ထောက်ပံ့မှုတွေကို ရုပ်သိမ်းတာ၊ ဆိုင်းငံ့တာတွေ လုပ်ခဲ့တာကြောင့်လည်း စစ်ကာလမှာ ဒုက္ခသည်တွေကို အကူအညီတွေ ပေးနိုင်ဖို့ ကြိုးစားနေတဲ့ အေဂျင်စီအတွက် အခက်အခဲတွေ ကြုံခဲ့ရပါတယ်။

ဇူလိုင်လလောက်ကစပြီး နိုင်ငံ အများစုက ရန်ပုံငွေ ပံ့ပိုးမှုတွေ ပြန်စခဲ့ပေမယ့်လည်း UNRWAအတွက် ပုံမှန်အားဖြင့် ပမာဏ အများဆုံး ထောက်ပံ့လှူဒါန်းလေ့ရှိတဲ့ အမေရိကန်ဟာ ဆုံးဖြတ်ချက် ပြန်မပြင်သေးဘဲ ရန်ပုံငွေတွေ ပို့ဆောင်မှုကို ရပ်နားထားဆဲ ဖြစ်ပါတယ်။

UNRWAဟာ ပါလက်စတိုင်း ဒုက္ခသည်တွေအတွက် ပံ့ပိုးကူညီမှုတွေကို ၁၉၄၉ ခုနှစ် ကတည်းက ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ