Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားအရှေ့ပိုင်းမှာ ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲ မီးတောင်ပေါက်ကွဲ

ရုရှားနိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်းမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ပြီး နောက်ဆက်တွဲအဖြစ် မီးတောင် ပေါက်ကွဲမှုပါ ဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ် ၁၇ ရက်နေ့က ရုရှားရဲ့ အရှေ့စွန်း ကမ်းရိုးတန်းမှာ တည်ရှိပြီး လူဦးရေ ၁၈၀၀၀၀ လောက် နေထိုင်ရာ ပက်ထရိုပက်ဗ်လော့စ်ခ်-ကမ်ချက်စကီမြို့နားမှာ ရစ်ချ်တာစကေး ၇.၀ အဆင့် ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့နောက် မြို့နဲ့ မိုင် ၂၈၀ လောက် အကွာမှာရှိတဲ့ ရှီဗီလုချ်မီးတောင် ပေါက်ကွဲခဲ့တာပါ။

ကမ်ချက်တာ ဒေသထဲမှာရှိတဲ့ မီးတောင် ပေါက်ကွဲမှုမှာ လူတွေ ထိခိုက်သေဆုံးတဲ့ သတင်းတော့ မကြားရပါဘူး။ ဒါပေမဲ့ မီးတောင် ပေါက်ကွဲမှုဟာ အတော်ပြင်းထန်ပြီး ချော်ပြာတွေဟာ ပင်လယ် ရေမျက်နှာပြင်အထက် ၅ မိုင်လောက် အကွာထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင်ဟာ ပက်ထရိုပက်ဗ်လော့စ်ခ်-ကမ်ချက်စကီမြို့နဲ့ ၅၅ မိုင်လောက်အကွာ ပင်လယ်ရေမျက်နှာပြင်အောက် မိုင် ၃၀ လောက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ရေနက်ပိုင်းကို ဦးတည်တဲ့ ငလျင်ဖြစ်တာကြောင့် မြေမျက်နှာပြင်ပေါ်မှာ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတွေတော့ မရှိခဲ့ဘူးလို့ ရုရှား မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မီးတောင် ပေါက်ကွဲတဲ့ နေရာကလည်း လူသူအရောက်အပေါက် နည်းပါးတဲ့ နေရာမျိုး ဖြစ်တာကြောင့် လူနေဧရိယာတွေကို ထိခိုက်ခြိမ်းခြောက်တာမျိုး မဖြစ်ခဲ့ပါဘူး။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင် ဗဟိုချက်နဲ့ ကီလိုမီတာ ၃၀၀ လောက် အကွာမှာရှိတဲ့ ရုရှားကမ်းခြေတွေထိ ဆူနာမီ ရေလှိုင်းတွေ ရောက်ရှိလာနိုင်ကြောင်း မှတ်ချက် ပေးခဲ့ပေမယ့် ရုရှားရဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဝန်ကြီးဌာနကတော့ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေး ကြေညာချက် ထုတ်ပြန်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ကိုးကား: CNN⁩

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။