Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကို ပစ်မှတ်ထားခဲ့တဲ့ အကြမ်းဖက် သံသယရှိသူ ၇ ဦးကို အင်ဒိုနီးရှား ဖမ်းဆီး

ပြည်တွင်းကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးကို ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ခဲ့ကြောင်း သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားတယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အာရှ ၄ နိုင်ငံ ခရီးစဉ် လှည့်လည်မှာဖြစ်ပြီး အင်ဒိုနီးရှားကို အခုသီတင်းပတ်မှာ ပထမဆုံး ရောက်ရှိလာခဲ့တာပါ။ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မွတ်ဆလင် အများဆုံး နေထိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ရဲ့ ခရီးစဉ်ဟာ ကွဲပြားတဲ့ ကိုးကွယ်ယုံကြည်မှုတွေကြား ရင်းနှီးစွာ ပေါင်းကူးနိုင်ရေးကို အဓိက ရည်ရွယ်ထားတာပါ။

အသက် ၈၇ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး အင်ဒိုနီးရှားကို ရောက်ရှိနေစဉ် အတောအတွင်း သူ့ကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ ၇ ဦးကို ဂျကာတာ၊ အနောက်ဆူမားတြားနဲ့ ဘန်ကာ ဘီလက်တွန် ဒေသတွေမှာ ဖြန့်ကျက် ဖမ်းဆီး ရမိခဲ့တာလို့ အင်ဒိုနီးရှားရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးယူနစ်ဖြစ်တဲ့ ဒန်ဆွတ်စ် ၈၈ ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အက်စ်ဝင် ဆီရီဂါက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီထဲက တချို့ဟာ ဂျကာတာကို ပုပ်ရဟန်းမင်းကြီး ရောက်ရှိနေချိန် အတောအတွင်း ဗုံးခွဲတိုက်ခိုက်မယ် ဆိုတာမျိုးတွေ အွန်လိုင်းမှာ ခြိမ်းခြောက် ရေးသားခဲ့တယ်လို့ သူက သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။ အဲဒီ အသိုက်အဝန်းဟာ တချို့နေရာတွေမှာ မီးတင်ရှို့တာမျိုး လုပ်ရပ်တွေ ကျူးလွန်ဖို့ပါ ပြင်ဆင်ထားခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခု အဖမ်းခံထားရသူတွေရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက မထုတ်ပြန်ပေမယ့်လည်း သမိုင်းကြောင်းအရ အင်ဒိုနီးရှားဟာ အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွ ဝါဒီတချို့ရဲ့ ခြိမ်းခြောက်မှုကို ကာလရှည်ကြာ ကြုံတွေ့ခဲ့ရပါတယ်။

၂၀၀၂ ခုနှစ်တုန်းက အင်ဒိုနီးရှားရဲ့ ဘာလီကျွန်းမှာ ဗုံးခွဲ တိုကခိုက်မှုတွေကြောင့် လူ ၂၀၂ ဦး သေဆုံးခဲ့ပြီး နိုင်ငံသမိုင်းမှာ အဆိုးဆုံး အကြမ်းဖက်အဖြစ် မှတ်တမ်းဝင်နေဆဲပါ။

အင်ဒိုနီးရှား အစိုးရဟာ ပုပ်ရဲ့ ခရီးစဉ် မတိုင်ခင် လုံခြုံရေး အစီအမံတွေကို အစွမ်းကုန် မြှင့်တင်ထားပြီး စနိုက်ပါတွေ၊ စစ်သားတွေ၊ ရဲတွေနဲ့ ပုပ်ရဲ့ ကိုယ်ရံတော် အဖွဲ့တွေ အပါအဝင် အင်အား ၄၀၀၀ လောက် ဖြန့်ကျက် အသုံးပြုထားပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ အာရှခရီးစဉ်အတွင်း ပါပူအာ နယူးဂီနီ၊ အရှေ့တီမောနဲ့ စင်ကာပူတို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ကိုးကား: Jakarta Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။