Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲမှာ ရုရှားကို ကူဖို့ စစ်သား ၁၅၀၀ လောက် မြောက်ကိုရီးယား စေလွှတ်ထားပြီလို့ တောင်ကိုရီးယားပြော

ယူကရိန်း စစ်ပွဲမှာ ရုရှားကို ကူညီဖို့အတွက် မြောက်ကိုရီးယားဟာ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ပထမအသုတ်အဖြစ် စေလွှတ်လိုက်ကြောင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ပြောပါတယ်။

ယူကရိန်း စစ်ပွဲမှာ ရုရှားကို ကူညီဖို့အတွက် မြောက်ကိုရီးယားဟာ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ပထမအသုတ်အဖြစ် စေလွှတ်လိုက်ကြောင်း တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ပြောပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မြောက်ကိုရီးယားစစ်သည် စုစုပေါင်း ၁၀၀၀၀ လောက်ထိ ယူကရိန်းစစ်ပွဲမှာ ရုရှားဖက်ကနေ ပါဝင်တိုက်ခိုက်လာနိုင်ကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့ပြီး မကြာခင်မှာ အခု အစီရင်ခံမှု ထွက်ပေါ်လာတာပါ။ မြောက်ကိုရီးယားဟာ စစ်သည် ၁၅၀၀ လောက်ကို ရုရှားနိုင်ငံဆီ ပို့ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ယူဆရကြောင်း တောင်ကိုရီးယားက ဆိုပါတယ်။

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်က ဒီအခြေအနေမျိုးမှာ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ ပြင်ဆင်သင့်တာ မှန်သမျှကို ပြင်ဆင်ထားဖို့ လိုမယ်လို့လည်း သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရရှိထားတဲ့ သတင်းတွေအရ မြောက်ကိုရီးယား စစ်သည် ၁၅၀၀ လောက် ရုရှားကို ရောက်နှင့်နေပြီး နောက်ပိုင်းမှာ အဲဒီ ကိန်းဂဏန်းဟာ ၁၂၀၀၀ လောက်ထိ မြင့်တက်သွားနိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီကလည်း ကြေညာခဲ့ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဆက်ဆံရေး သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့ပြီး စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း အရှိန်မြှင့်တင်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်လက်နက် အရောင်းအဝယ် ကိစ္စနဲ့ ရုရှားအတွက် မြောက်ကိုရီးယားက တပ်ကူတွေ လွှတ်ပေးနေတယ်ဆိုတဲ့ ကိစ္စမျိုး ယူကရိန်း၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဆီက စွပ်စွဲချက်တွေကိုတော့ နှစ်ဖက်စလုံးက ငြင်းဆိုထားပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ တောင်ကိုရီးယား အစိုးရဟာ ရုရှား-မြောက်ကိုရီးယား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ လုံခြုံရေး အစည်းအဝေး တစ်ရပ်ကို ခေါ်ယူခဲ့ပြီး သမ္မတ ယွန်ကိုယ်တိုင် ကြီးမှူးခဲ့ပါတယ်။ သူက ယူကရိန်း စစ်ပွဲမှာ ရုရှားနဲ့ မြောက်ကိုရီးယား သွားပူးပေါင်းနေတယ်ဆိုတဲ့ အခြေအနေကို လုံးဝ လွှတ်ထားလို့ မရဘဲ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ လိုအပ်တဲ့ နည်းလမ်းအားလုံးနဲ့ တုံ့ပြန် ကိုင်တွယ်ဖို့လိုကြောင်း ပြောကြားသွားပါတယ်။

အဲဒီမတိုင်ခင် တစ်ရက်မှာတော့ ယူကရိန်း ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲ ကိုင်ရိုင်လို ဘူဒါနော့ဗ်က ရုရှားနိုင်ငံ အရှေ့ပိုင်းမှာ မြောက်ကိုရီးယား စစ်သည် ၁၁၀၀၀ နီးပါးလောက်ဟာ ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ လေ့ကျင့်ပြင်ဆင်နေကြကြောင်း စွပ်စွဲ ပြောဆိုထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook