Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစိုးရ ရှေ့နေချုပ်အဖြစ် ဖလော်ရီဒါ ရှေ့နေချုပ်ဟောင်း ဘွန်ဒီကို ထရမ့်ရွေးချယ်

ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝေဖန် စွပ်စွဲမှုတွေ ကြုံတွေ့နေခဲ့တဲ့ မတ်ဂေ့ဇ်က သူ့သဘောဆန္ဒနဲ့ လက်လျှော့သွားတဲ့နောက် အမေရိကန် အစိုးရ ရှေ့နေချုပ် ရာထူးအတွက် ပမ်ဘွန်ဒီကို အစားထိုး ခန့်အပ်ဖို့ ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က ဆုံးဖြတ်ခဲ့ပါတယ်။

ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝေဖန် စွပ်စွဲမှုတွေ ကြုံတွေ့နေခဲ့တဲ့ မတ်ဂေ့ဇ်က သူ့သဘောဆန္ဒနဲ့ လက်လျှော့သွားတဲ့နောက် အမေရိကန် အစိုးရ ရှေ့နေချုပ် ရာထူးအတွက် ပမ်ဘွန်ဒီကို အစားထိုး ခန့်အပ်ဖို့ ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က ဆုံးဖြတ်ခဲ့ပါတယ်။

မူလတုန်းက ထရမ့်ဟာ သူသမ္မတဖြစ်လာရင် ဂေ့ဇ်ကို ရှေ့နေချုပ်အဖြစ် တာဝန်အပ်နှင်းဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဂေ့ဇ်ဟာ အသက် မပြည့်သေးတဲ့ ၁၇ နှစ်အရွယ် မိန်းကလေး တစ်ယောက်နဲ့ လိင်ကိစ္စ ရှုပ်ထွေးတာ၊ တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲတာမျိုး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ထရမ့် ကိုယ်စားပြု ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်တချို့ ကိုယ်တိုင်က အခုရွေးချယ်မှုကို ဝေဖန်ခဲ့ကြပါတယ်။

ဒါကြောင့် အောက်လွှတ်တော်ရဲ့ ကျင့်ဝတ်ကော်မတီကပါ ကြားဝင် စုံစမ်းရမယ့် အခြေအနေတွေ ဖြစ်လာပြီး ဂေ့ဇ်ကတော့ စွပ်စွဲချက်တွေ အားလုံးကို ငြင်းဆိုထားခဲ့ပါတယ်။ အဲဒီနောက် ဂေ့ဇ်ကိုယ်တိုင်ပဲ ရှေ့နေချုပ် နေရာအတွက် ထရမ့်ရဲ့ လျာထားချက်ကို ငြင်းပယ်သွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ ထရမ့်ဟာ ဖလော်ရီဒါ ပြည်နယ် ရှေ့နေချုပ်ဟောင်း ဘွန်ဒီကို အမေရိကန် ရှေ့နေချုပ် ရာထူးမှာ ခန့်အပ်ဖို့ ပြောင်းလဲလျာထားကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၅၉ နှစ်အရွယ် ဘွန်ဒီဟာ အမေရိကန်ရဲ့ တတိယ လူဦးရေ အထူထပ်ဆုံး ပြည်နယ်မှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ထိပ်ဆုံးအဆင့် ရာထူးကို ၂၀၁၁ ကနေ ၂၀၁၉ ခုနှစ်ထိ ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပြီး ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်း ၄ နှစ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မရှင်မှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဘွန်ဒီကို ထရမ့်ရဲ့ ရွေးချယ်မှုကတော့ အထက်လွှတ်တော်ထဲမှာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်မှုတွေ ကြုံလာနိုင်ခြေ မရှိဘူးလို့ ယူဆရပါတယ်။ ထရမ့်က ဘွန်ဒီကို ရှေ့နေချုပ်အဖြစ် ရွေးချယ်ထားကြောင်း လူမှုကွန်ရက်ကနေ ကြေညာခဲ့ရာမှာ ဘွန်ဒီရဲ့ အစိုးရရှေ့နေဘဝ ဖြတ်သန်းမှု အတွေ့အကြုံတွေကို ချီးကျူးထားသလို ဖလော်ရီဒါရဲ့ ပထမဆုံး အမျိုးသမီး ရှေ့နေချုပ် ဘဝမှာ ရာဇဝတ်မှုတွေအပေါ် အပြင်းအထန် ဖိနှိပ် ချိုးနှိမ်ပြခဲ့တယ်လို့ ညွှန်းဆိုသွားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

သတင်း

ကြားကာလ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် အနိုင်ရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅၀၀၀ စီ ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။