Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် လက်ရွေးစင် ဘောလုံးအသင်း နည်းပြဟောင်း လာဘ်ပေးလာဘ်ယူမှုကြောင့် ထောင်နှစ် ၂၀ ကျ

နိုင်ငံလက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြဟောင်းလည်းဖြစ်၊ ကြယ်ပွင့် ဘောလုံးသမားဟောင်းလည်း ဖြစ်ခဲ့တဲ့ လီတိုင်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ တရုတ်က ထောင် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။

နိုင်ငံလက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြဟောင်းလည်းဖြစ်၊ ကြယ်ပွင့် ဘောလုံးသမားဟောင်းလည်း ဖြစ်ခဲ့တဲ့ လီတိုင်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ တရုတ်က ထောင် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးကလပ် အဲဗာတန်မှာ ကစားခဲ့ဖူးပြီး လက်ရွေးစင် ကစားသမား ဘဝမှာ နိုင်ငံကို ၉၂ ပွဲ ကိုယ်စားပြုခဲ့ဖူးတဲ့ လီဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီကနေ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထိ တရုတ် အမျိုးသား လက်ရွေးစင် အသင်းရဲ့ နည်းပြတာဝန်ကို ယူခဲ့ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း တရုတ်အတွက် ကိုယ်စားပြု ကစားပေးခဲ့ပါတယ်။

လီဟာ လက်ရွေးစင် နည်းပြအဖြစ် ခန့်အပ်ခံရဖို့ လာဘ်ထိုးခဲ့တာတွေ ရှိသလို ကိုယ်တိုင်လည်း လာဘ်ယူတာ၊ လုပ်ပွဲကစားစေတာတွေ ရှိခဲ့ကြောင်း အခုနှစ်ဆန်းပိုင်းက ဝန်ခံထားခဲ့ပါတယ်။

မတ်လတုန်းက စီရင်စစ်ဆေးမှုမှာ လီဟာ စုစုပေါင်း ဒေါ်လာ ၁၀ သန်းဖိုးလောက် လာဘ်ငွေတွေ ရယူခဲ့တယ်လို့ စစ်ဆေး တွေ့ရှိထားခဲ့ပါတယ်။ အခုတော့ အသက် ၄၇ နှစ်အရွယ် လီဟာ ပြင်းထန်လှတဲ့ ပြစ်ဒဏ် စီရင်မှုကို ကျခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လီကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်းဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အဂတိ တိုက်ဖျက်ရေး အစီအမံတွေက နိုင်ငံရေးနဲ့ စစ်ရေး ကဏ္ဍတွေမှာသာမက အားကစား နယ်ပယ်ထဲကိုပါ သက်ရောက်မှု ရှိလာကြောင်း ထင်ရှားတဲ့ သက်သေလည်း ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာ တရုတ် ဘောလုံးအဖွဲ့ချုပ် (CFA)ရဲ့ နောက်ထပ် အရာရှိဟောင်း ၃ ယောက်ဟာလည်း လာဘ်ပေးလာဘ်ယူမှု၊ အဂတိမှုတွေအတွက် ထောင်ဒဏ်တွေ အသီးသီး ချမှတ် ခံခဲ့ရပါတယ်။ ဒါ့အပြင် နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေ ဒါဇင်နဲ့ချီပြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရပါတယ်။

လီဟာ တရုတ်အစိုးရပိုင် CCTV သတင်းဌာနက နှစ်ဆန်းပိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ အဂတိ တိုက်ဖျက်ရေး မှတ်တမ်း ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အရမ်းနောင်တရမိတယ်လို့ ပြောဆိုထားခဲ့တာ တွေ့ရပါတယ်။

လီရဲ့ ဆရာလို့ သတ်မှတ်နိုင်တဲ့ CFA ဥက္ကဋ္ဌဟောင်း ချန်ရှုယွမ်ဟာလည်း ဒေါ်လာ ၁၁ သန်းလောက် လာဘ်စားခဲ့ကြောင်း စွပ်စွဲချက်ကြောင့် အခုနှစ်ဆန်းပိုင်းမှာ ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရှေ့နေဖြစ်သူက စွပ်စွဲထားရာမှာ Kasikornဘဏ်ရဲ့ ငွေစာရင်း တစ်ခုကို အသုံးပြုပြီး လာဘ်ငွေ ပေးချေခဲ့တယ်လို့ ပါရှိပေမယ့် TJAက အဲဒီဘဏ်မှာ ဘယ်တုန်းကမှ ငွေစာရင်း ဖွင့်မထားဘူးလို့ ဆိုပါတယ်။