Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂရင်းလန်ဟာ ရောင်းဖို့မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ထရမ့်ကို အသိပေး

ဂရင်းလန်ကျွန်းဟာ ရောင်းဖို့ မဟုတ်ဘူးလို့ ကျွန်းအာဏာပိုင် အစိုးရအဖွဲ့ ခေါင်းဆောင်က ဒေါ်နယ်လ်ထရမ့်ကို နောက်တစ်ကြိမ် အတိအလင်း အသိပေးခဲ့ပါတယ်။

ဂရင်းလန်ကျွန်းဟာ ရောင်းဖို့ မဟုတ်ဘူးလို့ ကျွန်းအာဏာပိုင် အစိုးရအဖွဲ့ ခေါင်းဆောင်က ဒေါ်နယ်လ်ထရမ့်ကို နောက်တစ်ကြိမ် အတိအလင်း အသိပေးခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရပြီး အမေရိကန် သမ္မတ ရာထူးကို တကျော့ပြန် ရယူမယ့် ထရမ့်က ဒိန်းမတ် အစိုးရ လက်အောက်ခံ နယ်မြေကို အမေရိကန်က ထိန်းချုပ် ရယူလိုတယ်လို့ ပြောကြားခဲ့တဲ့နောက် ဂရင်းလန်ကျွန်းရဲ့ ဝန်ကြီးချုပ်က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ အခုလို အကြောင်းပြန်ခဲ့တာပါ။

အာတိတ် စက်ဝိုင်းဒေသမှာ ဆက်စပ်တည်ရှိတဲ့ ကျွန်းကို အမေရိကန်ပိုင်နက် ဖြစ်စေချင်တယ်လို့ ထရမ့်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းကလည်း ပြောခဲ့ဖူးပါတယ်။

ဂရင်းလန်ဟာ ဂရင်းလန် ပြည်သူတွေနဲ့သာ သက်ဆိုင်တဲ့ နယ်မြေ ဖြစ်တယ်လို့ ဂရင်းလန် ဝန်ကြီးချုပ် မူတီ အီဂက်တီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဂရင်းလန်ဟာ ဒိန်းမတ် အစိုးရ လက်အောက်ခံအဖြစ် ရှိပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေပါတယ်။ ဂရင်းလန်မှာ အမေရိကန်ရဲ့ အာကာသ စူးစမ်းရေး သုတေသန စခန်းကြီးတစ်ခု အခြေစိုက်ထားသလို အမေရိကန်နဲ့ ဥရောပကြား အဆက်အသွယ် လုပ်ရာမှာ အတိုဆုံး လမ်းကြောင်းပေါ်မှာလည်း ကျရောက်နေပါတယ်။ တစ်နည်းအားဖြင့် ဂရင်းလန်ဟာ အမေရိကန်အတွက် အချက်အခြာ အရမ်းကျပါတယ်။

သူတည်ထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထရမ့်က ရေးသားထားရာမှာ အမျိုးသား လုံခြုံရေးနဲ့ ကမ္ဘာအနှံ့ လွတ်လပ်စွာ ရွေ့လျားချိတ်ဆက်မှုတွေအတွက် ဂရင်းလန်ကို အမေရိကန်က ပိုင်ဆိုင်ဖို့ အမှန်တကယ် လိုအပ်တယ်လို့ ခံစားမိကြောင်း မှတ်ချက်ပေးထားခဲ့ပါတယ်။

အီဂက်တီကတော့ ဂရင်းလန်ဟာ ရောင်းကုန် မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပြီး ဂရင်းလန်ရဲ့ လွတ်လပ်ခွင့်အတွက် ရေရှည် ရုန်းကန်ခဲ့မှုတွေကို အလဟဿ အဖြစ်မခံကြောင်း၊ ဒါပေမဲ့ ဂရင်းလန်ဟာ အိမ်နီးချင်းတွေ အပါအဝင် တစ်ကမ္ဘာလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ လိုလားကြောင်း ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ မကြာသေးခင်ကလည်း ပနားမား အစိုးရ အနေနဲ့ ပနားမား တူးမြောင်းမှာ ဖြတ်သန်းတဲ့ အမေရိကန် ရေယာဉ်တွေအပေါ် တူးမြောင်းအသုံးပြုခတွေ အလွန်အကျွံ ကောက်ခံနေရင် တူးမြောင်းထိန်းချုပ်ပိုင်ခွင့်ကို အမေရိကန်က ပြန်ပြီး လက်လွှဲယူရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အဲဒီနောက် ပနားမား အစိုးရက တူးမြောင်းရဲ့ နယ်မြေအားလုံးဟာ ပနားမား နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်နက်ထဲမှာ ရှိနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ပစိဖိတ်နဲ့ အတ္တလန္တိတ် သမုဒ္ဒရာတွေကို ဆက်သွယ်ပေးထားတဲ့ ပနားမား တူးမြောင်းဟာ စတင်ဖောက်လုပ်ခဲ့တဲ့ ၁၉၀၀ ပြည့်လွန်နှစ်တွေကစပြီး အမေရိကန် ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့ပေမယ့် ၁၉၉၉ ခုနှစ်မှာတော့ ပနားမား အစိုးရဆီ အပြည့်အဝ လွှဲပြောင်းပေးထားခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီဇယ်တင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ကန့်သတ် ပိတ်ပင်သွားမှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)ကို စူပါဉာဏ်ရည် (SI)လို့ နာမည်ပြောင်းလဲ သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Trending

Facebook