Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နာဇီ အလေးပြု အမူအယာ လုပ်ပြခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အီလွန်မတ်စ်ခ် တုံ့ပြန်

နာဇီပါတီရဲ့ အလေးပြုတဲ့ အမူအယာမျိုး လုပ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အီလွန်မတ်စ်ခ်က တုံ့ပြန် လှောင်ပြောင်သွားခဲ့ပါတယ်။

နာဇီပါတီရဲ့ အလေးပြုတဲ့ အမူအယာမျိုး လုပ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အီလွန်မတ်စ်ခ်က တုံ့ပြန် လှောင်ပြောင်သွားခဲ့ပါတယ်။

Teslaနဲ့ SpaceX ကုမ္ပဏီတွေရဲ့ အမှုဆောင်ချုပ်လည်းဖြစ်၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီးလည်းဖြစ်၊ ရွေးကောက်ပွဲကြို ကာလမှာ ထရမ့်ရဲ့ မဲဆွယ်မှုတွေအတွက် အရက်ရောဆုံး ထောက်ပံ့လှူဒါန်းခဲ့ပြီး ထရမ့်ရဲ့ အမာခံ မဟာမိတ်လည်းဖြစ်တဲ့ မတ်စ်ခ်ဟာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ ဆက်စပ်တဲ့ အခမ်းအနားတစ်ခုမှာ ဇန်နဝါရီ ၂၀ ရက်နေ့က နာဇီ အလေးပြုတဲ့ ပုံစံဆန်ဆန် ကိုယ်အမူအယာမျိုး နှစ်ကြိမ် လုပ်ပြခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်က Capital One မိုးလုံလေလုံ အားကစား ခန်းမထဲမှာ ထရမ့်ကို ထောက်ခံသူတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ မတ်စ်ခ်က အခုလို အောင်မြင်တဲ့ အခြေအနေမျိုး လက်တွေ့ ဖြစ်မြောက်လာအောင် ဝိုင်းဝန်းထောက်ခံ အားပေးခဲ့လို ကျေးဇူးတင်တယ်လို့ ပြောရင်း သူ့ညာလက်ကို ရင်ဘတ်မှာ ကပ်ပြီး အဲဒီနောက် ထောင့်ဖြတ်လွှဲပြီး လေထဲမှာ ဆန့်တန်းခဲ့ပါတယ်။ ပြီးတော့ လက်ချောင်းတွေကို စုထားပြီး လက်ဖဝါးကို အောက်စိုက်ထားခဲ့ပါတယ်။

အဲဒီအမူအယာဟာ ဒုတိယ ကမ္ဘာစစ်တုန်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဂျာမန် နာဇီပါတီရဲ့ အလေးပြုတဲ့ ပုံစံနဲ့ ဆင်တူနေကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။ ပြီးတော့ အဲဒီကိစ္စဟာ အတော်လေးလည်း လူပြောများပြီး အငြင်းအခုံတွေ ဆူညံလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၁ ရက်မှာတော့ မတ်စ်ခ်ဟာ သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Xမှာ သူ့ကို နာဇီပုံစံ အလေးပြုကြောင်း စွပ်စွဲနေသူတွေကို တုံ့ပြန် ထိုးနှက်ခဲ့တာ ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီထက်ပိုပြီး ညစ်ပတ်တဲ့ လှည့်ကွက်တစ်ခုခု စဉ်းစားသင့်ကြောင်း၊ ထစ်ကနည်း ရှိတာနဲ့ အဒေါ့ဖ် ဟစ်တလာနဲ့ နှိုင်းကြတဲ့ နည်းလမ်းဟောင်းကြီးက အရမ်း ငြီးငွေ့စရာ ဖြစ်နေကြောင်း မတ်စ်ခ်က ရေးသားထားခဲ့ပါတယ်။ ဟစ်တလာဟာ နာဇီပါတီကို ထူထောင်ခဲ့တဲ့ ဂျာမန် အစွန်းရောက် အမျိုးသားရေး ဝါဒီလည်း ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ နယူးယောက် တက္ကသိုလ်ရဲ့ သမိုင်း ပါမောက္ခ တစ်ဦးဖြစ်သူ ရုသ်ဘန်ဂီယက်က မတ်စ်ခ်ရဲ့ အမူအယာဟာ အင်မတန် စိတ်အားထက်ထက်သန်သန် လုပ်ဆောင်လိုက်တဲ့ နာဇီ အလေးပြုပုံမျိုးနဲ့ တူတယ်လို ဝေဖန်ခဲ့ပါတယ်။

မတ်စ်ခ်ဟာ သမ္မတ ထရမ့်က သီးခြား ထူထောင်ပြီး လုပ်ငန်းလည်ပတ်စေမယ့် အစိုးရ စွမ်းဆောင်ရည် ထိရောက်စေရေး ဌာနကိုလည်း ကြီးမှူးသွားမှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတသစ်အဖြစ် ဒေါ်နယ်လ်ထရမ့် ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့မှာ နာဇီပုံစံ အလေးပြုတဲ့ အမူအယာမျိုး အီလွန်မတ်စ်က လုပ်ပြခဲ့တယ်ဆိုတဲ့ အငြင်းပွားစရာ အခြေအနေတွေ ထွက်ပေါ်နေပါတယ်။