Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုတွေကို တားမြစ်ဖို့ မက္ကဆီကိုနဲ့ နယ်စပ်ဆီ အမေရိကန် စစ်သား ၁၅၀၀ ပို့ဆောင်

နိုင်ငံတောင်ပိုင်းနယ်စပ် လုံခြုံရေးအတွက် အမေရိကန် စစ်သား ၁၅၀၀ ကို မက္ကဆီကိုနဲ့ နယ်စပ်တလျှောက် အားဖြည့် ဖြန့်ကျက်သွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်းနယ်စပ် လုံခြုံရေးအတွက် အမေရိကန် စစ်သား ၁၅၀၀ ကို မက္ကဆီကိုနဲ့ နယ်စပ်တလျှောက် အားဖြည့် ဖြန့်ကျက်သွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်မှာ အခုသီတင်းပတ်ကစလို့ သမ္မတအဖြစ် တကျော့ပြန် တာဝန်ယူတဲ့ ဒေါ်နယ်လ်ထရမ့်ဟာ တရားမဝင် ရွှေ့ပြောင်း အခြေသူတွေကို ဖိဖိစီးစီး ကိုင်တွယ် ဖြိုခွင်းဖို့ ရည်ရွယ်ထားပြီး တရားမဝင် ရွှေ့ပြောင်းလာသူတွေ အဓိက ဝင်ရောက်ရာ မက္ကဆီကို နယ်စပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ပစ်ဖို့ စီစဉ်လာခဲ့တာပါ။

ယာယီ ကာကွယ်ရေးဝန်ကြီး ရောဘတ် ဆေးလ်စ်ဆက်စ်က အမေရိကန် စစ်သားတွေဟာ မက္ကဆီကို နယ်စပ်ဆီကို ရဟတ်ယာဉ်တွေနဲ့ သွားရောက်ကြမှာဖြစ်ပြီး နယ်စပ် လုံခြုံရေး အေးဂျင့်တွေရဲ့ အတားအဆီး တည်ဆောက်မှုတွေမှာ အကူအညီ ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နောက်ပြီး ပင်တဂွန်ဟာ လက်ရှိ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ တရားမဝင် ရွှေ့ပြောင်းသူတွေကို နယ်နှင်မယ့် လေကြောင်း ခရီးစဉ်တွေမှာ အသုံးပြုဖို့ လေယာဉ်တွေကိုလည်း ပြည်တွင်း လုံခြုံရေး ဌာနဆီကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နယ်စပ်မှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ထားမှုနဲ့ ပေးအပ်ထားတဲ့ တာဝန်တွေဟာ မကြာခင် အပြောင်းအလဲတွေ ရှိလာနိုင်ကြောင်း၊ လက်ရှိ အခြေအနေဟာ အစပျိုးတဲ့ အဆင့်လို့သာ ယူဆသင့်ကြောင်း ဆေးလ်စ်ဆက်စ်က ပြောပါတယ်။

အနှစ်ချုပ် ပြောရရင်တော့ နယ်စပ်လုံခြုံရေး အရာရှိတွေ၊ ဖက်ဒရယ် အေဂျင်စီတွေနဲ့ စစ်တပ်ဟာ သမ္မတရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ နိုင်ငံနယ်စပ် လုံခြုံရေး ကဏ္ဍမှာ ပိုမို ကျယ်ပြန့်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်လာမှာ ဖြစ်တယ်လို့ သူက မှတ်ချက်ပေးသွားပါတယ်။

သမ္မတက တောင်းဆိုလာရင် မရိန်းတပ်ဖွဲ့ဝင် ၂၀၀၀ အပါအဝင် နောက်ထပ် အမေရိကန်စစ်သည် အများအပြားကို ထောက်ပံ့ပေးဖို့ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ပင်တဂွန် အရာရှိ တချို့က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီစစ်သားတွေဟာ တရားဥပဒေ စိုးမိုးရေး ကဏ္ဍတွေမှာ ပါဝင်တာဝန်ယူမှာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

လက်ရှိ အမေရိကန်-မက္ကဆီကို နယ်စပ်တလျှောက်မှာ ပြည်နယ်အလိုက် ဖွဲ့စည်းထားတဲ့ အမျိုးသား အစောင့်တပ်တွေနဲ့ အရန်တပ်ဖွဲ့ဝင်တွေ စုစုပေါင်းအင်အား ၂၅၀၀ ဝန်းကျင်လောက် ရှိနေပြီး အမေရိကန် စစ်သားတွေက သွားရောက် ပူးပေါင်းမှာပါ။ မိုင် ၂၀၀၀ ဝန်းကျင် ရှည်လျားတဲ့ အမေရိကန်-မက္ကဆီကို နယ်စပ်တလျှောက်မှာ အမေရိကန် စစ်တပ်ရဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ စစ်သားတွေကိုပါ ဖြန့်ကျက်တာ အခုတစ်ကြိမ်က ပထမဆုံး ဖြစ်လာမှာပါ။

အမေရိကန်နိုင်ငံအနှံ့ စစ်စခန်း တချို့မှာ စစ်သည် ရာဂဏန်းလောက်ဟာ ဇန်နဝါရီ ၂၂ ရက်နေ့ ကတည်းက နယ်စပ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အဲဒီထဲမှာ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် ပန်လက်တန် စစ်စခန်းရဲ့ မရိန်းတပ်ဖွဲ့ဝင် ၅၀၀ ဝန်းကျင် ပါဝင်မှာဖြစ်ပြီး ကျန်တာတွေကတော့ ကြည်းတပ်ကပါ။ လေတပ်ကတော့ တရားမဝင် ရွှေ့ပြောင်းသူတွေကို နယ်နှင်ရေး ကိစ္စ အသုံးပြုနိုင်ဖို့အတွက် ဆန်ဒီယေဂိုနဲ့ အယ်လ်ပါဆိုတို့မှာ အခြေစိုက်ထားတဲ့ လေယာဉ် ၄ စီး၊ လေယာဉ် အမှုထမ်းတွေနဲ့ မြေပြင်ဝန်ထမ်းတွေကို ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ