Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကို ပေးထားတဲ့ ကတိအတိုင်း နယ်စပ်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မက္ကဆီကို စတင်ပို့ဆောင်

အခွန်စည်းကြပ်မှု စည်းမျဉ်းတွေ မပြောင်းလဲအောင် အမေရိကန်ဆီ ပေးထားတဲ့ ကတိအတိုင်း မက္ကဆီကိုဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို နှစ်နိုင်ငံ နယ်စပ်ဆီ စတင် ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

အခွန်စည်းကြပ်မှု စည်းမျဉ်းတွေ မပြောင်းလဲအောင် အမေရိကန်ဆီ ပေးထားတဲ့ ကတိအတိုင်း မက္ကဆီကိုဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို နှစ်နိုင်ငံ နယ်စပ်ဆီ စတင် ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

မူလက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မက္ကဆီကိုနဲ့ ကနေဒါတို့ရဲ့ နယ်စပ် မူဝါဒတွေက အမေရိကန်ကို ထိခိုက် နစ်နာစေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီ နှစ်နိုင်ငံရဲ့ သွင်းကုန်တွေကို ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် စည်းကြပ်မယ်လို့ ကြေညာထားပါတယ်။

ဒါပေမဲ့ မက္ကဆီကို သမ္မတ ကလော်ဒီရာ ရှိန်ဘွန်းက ထရမ့်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ပြီး မက္ကဆီကို မူးယစ်မှောင်ခို ဂိုဏ်းတွေက အမေရိကန် ပိုင်နက်ထဲ မူးယစ်ဆေးဝါး ခိုးသွင်းတာတွေကို တားဆီးဖို့ နယ်စပ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀၀၀၀ အားဖြည့်ပေးပါမယ်လို့ ကတိပေးခဲ့တဲ့အတွက် ထရမ့်က အဲဒီ နှစ်နိုင်ငံကို အခွန်တိုးမြှင့်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းထားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ မက္ကဆီကိုဟာ အမေရိကန်နဲ့ ထိစပ်ရာ မြောက်ပိုင်း နယ်စပ်ဆီကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ဖို့ စတင် စေလွှတ်ခဲ့ပါတယ်။ တပ်တွေ ဖြန့်ကျက်ပေးထားမယ့် အစီအစဉ်က အခုကတည်းက အစပြုနေပြီလို့ ညနေပိုင်းမှာ ရှိန်ဘွန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မက္ကဆီကို အမျိုးသား အစောင့်တပ်ရဲ့ တပ်ဖွဲ့ဝင် ရာဂဏန်းလောက်ဟာ နိုင်ငံ အရှေ့တောင်ပိုင်း၊ မာရီဒါမြို့မှာ စုဝေးပြီး စစ်တပ် သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ် တက်သွားတာကို တွေ့ရကြောင်း ဒေသခံတွေက ဆိုပါတယ်။

အင်အားတိုးမြှင့် ဖြန့်ကျက်ထားတဲ့ တပ်တွေဟာ အမေရိကန်နဲ့ နယ်စပ်တကျောကို ပုံမှန် ကင်းလှည့်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မက္ကဆီကို အမျိုးသား အစောင့်တပ်ဖွဲ့ရဲ့ ဒေသခံ အရာရှိ တစ်ဦးဖြစ်တဲ့ ဟိုဆေး လူးဝစ် ဆန်းတို့စ်က ပြောပါတယ်။

ကင်းလှည့်မှုတွေကို ခြေလျင်ရော၊ စစ်သုံးယာဉ်တွေနဲ့ပါ လုပ်ဆောင်မယ်လို့လည်း သူက ဆိုပါတယ်။ နောက်ပြီး အမေရိကန်နဲ့ မက္ကဆီကို ပူးပေါင်းပြီး ကင်းလှည့်တဲ့ အစီအစဉ်တွေကိုလည်း အကောင်အထည်ဖော်ပြီး တရားမဝင် ရွှေ့ပြောင်းသူတွေက အမေရိကန် ပိုင်နက်ထဲ ခိုးဝင်ရာမှာ အသုံးပြုမယ့် ဥမင်တွေကိုပါ ရှာဖွေ ဖော်ထုတ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လတုန်းက မက္ကဆီကိုရဲ့ ကျူဒက် ဂျူရာရက်ဇ်ကနေ အမေရိကန်နိုင်ငံ၊ တက္ကဆက်စ် ပြည်နယ်ထဲက အယ်လ်ပါဆိုမြို့နားထိ ဆက်သွယ် ဖောက်လုပ်ထားတဲ့ ဥမင်တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီ ဥမင်ဟာ မီတာ ၃၀၀ လောက် ရှည်လျားပြီး ရေဆိုးပြွန် စနစ်တစ်ခုနဲ့ ရောနှောဖုံးကွယ်ထားတာ ဖြစ်ပါတယ်။

ရှိန်ဘွန်းက အမေရိကန်နဲ့ နယ်စပ်ဆီ စေလွှတ်မယ့် တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံအနှံ့ကနေ နည်းနည်းချင်းစီ လူစုထားတာဖြစ်ပြီး မက္ကဆီကိုရဲ့ လုံခြုံရေး ကဏ္ဍအပေါ် ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း ပြောကြားထားပါတယ်။

မက္ကဆီကိုက နယ်စပ်လုံခြုံရေး တိုးမြှင့်ပေးဖို့ သဘောတူခဲ့သလို ထရမ့်ကလည်း အမေရိကန်ကနေ မက္ကဆီကိုဆီ တရားမဝင် စစ်လက်နက်တွေ စီးဝင်မှုကို ပိုမို ထိန်းသိမ်း ကြပ်မတ်ပေးဖို့ ကတိပြုခဲ့ကြောင်း မက္ကဆီကို သမ္မတက ပြောဆိုသွားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။