Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သတ်မှတ်ရက်မှာ ဓားစာခံတွေ ပြန်မလွတ်ရင် အပစ်ရပ် သဘောတူညီမှု ပျက်ပြီလို့ ယူဆမှာဖြစ်ကြောင်း အစ္စရေး သတိပေး

ကြိုတင် ကတိထားရှိတဲ့ သုံ့ပန်းလဲလှယ်ရေးကိစ္စက စီစဉ်ထားတဲ့နေ့မှာ အထမမြောက်ဘူးဆိုရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း အစ္စရေးက ဟားမားစ် ပြောက်ကျားတွေကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

ကြိုတင် ကတိထားရှိတဲ့ သုံ့ပန်းလဲလှယ်ရေးကိစ္စက စီစဉ်ထားတဲ့နေ့မှာ အထမမြောက်ဘူးဆိုရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း အစ္စရေးက ဟားမားစ် ပြောက်ကျားတွေကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က အစပြုတဲ့ ဂါဇာမှာ အပစ်အခတ် ရပ်စဲထားရေး သဘောတူညီချက်မှာ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေနဲ့ အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို တစ်သုတ်ချင်းစီ ပြန်လွှတ်ပေးဖို့ သတ်မှတ်ထားပါတယ်။

ဟားမားစ်ဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အစ္စရေး ဓားစာခံတွေကို နောက်တစ်သုတ် ပြန်လွှတ်ပေးဖို့ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေကို အစ္စရေးက ချိုးဖောက်တယ်လို့ စွပ်စွဲပြီး သုံ့ပန်း အလဲအလှယ် ကိစ္စကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာတော့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သတ်မှတ်နေ့ရက်မှာ ကြိုတင် ကတိပြုထားတဲ့အတိုင်း သုံ့ပန်းလဲလှယ်ရေးကိစ္စ အထမမြောက်ရင် အပစ်ရပ် သဘောတူညီမှု အဆုံးသတ်ပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း သတိပေးခဲ့တာပါ။ အဓိပ္ပါယ်ကတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဟားမားစ်ကသာ အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်မပေးရင် ဂါဇာမှာ စစ်ပွဲတွေ ပြန်စလာနိုင်တယ်လို့ နေတန်ညာဟုက အတိအလင်း ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ မဟာမိတ် အမေရိကန် နိုင်ငံရဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း တကယ်လို့ ဟားမားစ်တွေက ကတိပျက်ပြီး ဓားစာခံတွေကို ပြန်မလွှတ်ဘူးဆိုရင် ဂါဇာဟာ ငရဲဘုံလို ပြောင်းလဲသွားနိုင်တယ်လို့ ပြောကြားထားပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့၊ ဒေသစံတော်ချိန် မနက် ၁၀ နာရီထိ ဓားစာခံတွေ ပြန်လွှတ်မလာဘူးဆိုရင် ဟားမားစ်နဲ့ စစ်ပွဲ ပြန်စပြီလို့ မှတ်ယူမှာဖြစ်ကြောင်း နေတန်ညာဟုက သတင်းထောက်တွေကို ပြောပါတယ်။ သူက လက်ရှိမှာလည်း အစ္စရေး တပ်တွေဟာ ဂါဇာပိုင်နက်ထဲနဲ့ နယ်နိမိတ် အပြင်ဖက်မှာ စုဝေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ရေး အစီအမံ အသေးစိတ် အချက်အလက်တွေကိုတော့ ဝန်ကြီးချုပ်က ထုတ်ဖော် မှတ်ချက်ပေးသွားတာမျိုး မရှိခဲ့ပါဘူး။

နောက်ပြီး သူတောင်းဆိုနေတာဟာ ဟားမားစ်တွေ လက်ထဲမှာ ကျန်နေသေးတဲ့ ဓားစာခံ ၇၆ ဦးစလုံး လွတ်မြောက်ရေးလား၊ ဒါမှမဟုတ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြန်လွှတ်ဖို့ စီစဉ်ထားတဲ့ ၃ ဦးတည်း အတွက်လား ဆိုတာကိုလည်း နေတန်ညာဟုက ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ ဒါပေမဲ့ အစ္စရေး အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးကတော့ ဝန်ကြီးချုပ် ဆိုလိုတာဟာ ဓားစာခံ အားလုံးအတွက် ဖြစ်တယ်လို့ သီးခြား မှတ်ချက် ပေးခဲ့ပါတယ်။

ဟားမားစ်တွေဟာ သုံ့ပန်းလဲလှယ်ရေး ကိစ္စကို ရုတ်တရက် ဆိုင်းငံ့ခဲ့ရာမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက စတင်ချိုးဖောက်တာကြောင့်လို့ စွပ်စွဲထားခဲ့ပေမယ့် ဘယ်လို ချိုးဖောက်သလဲ ဆိုတာကိုတော့ အတိအကျ မပြောသေးပါဘူး။

အရင်ကတည်းက ယိုင်နဲ့နဲ့ အခြေအနေနဲ့ စိုးရိမ်စရာ ဖြစ်နေခဲ့တဲ့ ဂါဇာ အပစ်ရပ် သဘောတူညီမှုဟာ အခုသီတင်းပတ်ထဲမှာ ကြုံတွေ့နေတဲ့ အလှည့်အပြောင်းတွေကြောင့် လုံးဝဥဿုံ ပြိုကျသွားမှာကို စိုးရိမ်တကြီး ထောက်ပြမှုတွေလည်း ရှိလာခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၂ဦးကို သတ်ဖြတ်ပြီး ‌ကျေးရွာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ က ပြောပါတယ်။