Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ် စျေးဝယ်စင်တာ တစ်ခုမှာ ပေါက်ကွဲမှုဖြစ်၊ ၄ ဦးသေဆုံး

ထိုင်ဝမ်နိုင်ငံက အထပ်မြင့် စျေးဝယ်စင်တာ တစ်ခုမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာက အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ထိုင်ဝမ်နိုင်ငံက အထပ်မြင့် စျေးဝယ်စင်တာ တစ်ခုမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာက အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထိုင်ဝမ် အလယ်ပိုင်း၊ ထိုင်ချွန်မြို့ရဲ့ ရှင်ကောင် မစ်ဆူကိုရှီ စျေးဝယ်စင်တာ ၁၂ ထပ်မှာ ဓာတ်ငွေ့အိုး ထပေါက်တာလို့ ယူဆရတဲ့ အပြင်းအထန် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အစောပိုင်းမှာ TVBS သတင်းဌာနက အသေအပျောက် ၅ ဦးရှိကြောင်း ဖော်ပြခဲ့ပေမယ့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးဆောင်နေတဲ့ ထိုင်ချွန် မီးသတ်တပ်ဖွဲ့ကတော့ ၄ ဦးသေပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောကြားသွားပါတယ်။

အခင်းဖြစ်ပွားတဲ့ အချိန်တုန်းက အဆောက်အအုံ အတွင်းပိုင်းမှာ မွမ်းမံတည်ဆောက်မှု လုပ်ငန်းခွင်တွေ ရှိနေခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ ဆောက်လုပ်ရေး ကဏ္ဍကြောင့် အဲဒီအချိန်တုန်းက စင်တာကို ပိတ်ထားခဲ့တယ်လို့လည်း သိရပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း ဗီဒီယိုတွေမှာတော့ ပေါက်ကွဲမှုကြောင့် သတ္တု အစအနတွေနဲ့ တခြား အပျက်အစီးတွေဟာ အဆောက်အအုံ အပေါ်ပိုင်းကနေ မြေပေါ် ပြုတ်ကျကုန်တာ တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲတဲ့ အရှိန်က အရမ်းပြင်းပြီး ပတ်ဝန်းကျင်မှာ သိမ့်သိမ့်တုန်အောင် ခံစားခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။ စျေးဝယ်စင်တာရဲ့ အောက်ထပ်မှာ ရှိနေသူတွေကလည်း အဆောက်အအုံ တစ်ခုလုံး လှုပ်ရမ်းသွားခဲ့ကြောင်း ပြောပါတယ်။ ပေါက်ကွဲမှုအပြီး စင်တာထဲမှာ ရှိနေသူတွေလည်း လမ်းပေါ် ထွက်ပြေးခဲ့ကြပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ဂတ်စ်အိုးတစ်လုံးကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ကနဦး ယူဆရပေမယ့်လည်း ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။ အပျက်အစီးတွေကြောင့် အဆောက်အအုံ ဘေးနားတဝိုက်မှာ ရပ်ထားတဲ့ ကားတချို့ ပျက်စီးခဲ့သလို လမ်းသွားလမ်းလာတွေ ထိခိုက်တာပါ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook