Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘိုလီးဗီးယားမှာ တောင်တက်လမ်းပေါ်ကနေ ဘတ်စ်ကား ချော်ကျပြီး ၃၀ ကျော်သေဆုံး

ဘိုလီးဗီးယား နိုင်ငံက တောင်တက်လမ်း တစ်ခုမှာ ဘတ်စ်ကား ချော်ကျခဲ့ရာ လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဘိုလီးဗီးယား နိုင်ငံက တောင်တက်လမ်း တစ်ခုမှာ ဘတ်စ်ကား ချော်ကျခဲ့ရာ လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က နိုင်ငံ အနောက်တောင်ပိုင်း ယိုကယ်လာ ခရိုင်ထဲမှာ ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

ယာဉ်မောင်းဟာ ဘတ်စ်ကားကို ထိန်းချုပ်နိုင်စွမ်း မဲ့သွားတဲ့ အခြေအနေ တစ်ခုကနေ ပေ ၂၆၀၀ လောက် မြင့်တဲ့ တောင်တက်လမ်းကနေ ချော်ထွက်ပြီး ဘတ်စ်ကား ပြုတ်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

ဘတ်စ်ကားပေါ် ပါလာသူ အရေအတွက်ကို တိတိကျကျ မသိရသေးပေမယ့် အလောင်း ၃၀ ကျော် ရှာတွေ့ထားပြီး ကလေး ၄ ယောက် အပါအဝင် ဒဏ်ရာရသူ ၁၄ ဦးကိုတော့ ဆေးရုံ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ ပိုတိုဆီနဲ့ အိုရူရို မြို့တွေကြားမှာ ဖြစ်ပွားတဲ့ မတော်တဆမှုမှာ ဘတ်စ်ကားဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပေမယ့် တာဝန်ရှိသူတွေကတော့ ယာဉ်မောင်းဟာ မြန်နှုန်းမြင့် မောင်းနှင်ရာက အရှိန်မထိန်းနိုင်ဘဲ လမ်းချော်သွားခဲ့တာလို့ ကနဦး ယူဆနေပါတယ်။

ဘိုလီးဗီးယားရဲ့ တောင်ပေါ်လမ်းတွေဟာ ယာဉ်အန္တရာယ် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ နာမည်ဆိုးတွေ အရင်ကတည်းက ရှိနှင့်ပြီးသားပါ။ အခုဖြစ်ရပ်ဟာ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရဲ့ အဆိုးဆုံး ယာဉ်မတော်တဆမှုလည်း ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ လူအသေအပျောက်များတဲ့ ယာဉ်မတော်တဆမှုတွေ ဆိုတာဟာ ဘိုလီးဗီးယားမှာ သတင်းထူးတွေတော့ မဟုတ်တော့ပါဘူး။ ဇန်နဝါရီလထဲမှာတင် ပိုတိုဆီ မြို့နားက ဘတ်စ်ကားတစ်စီး လမ်းချော်တိမ်းမှောက်ရာက လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

လူဦးရေ ၁၂ သန်းရှိတဲ့ တောင်အမေရိက ဒေသတွင်း နိုင်ငံမှာ ယာဉ်တိုက်မှုတွေကြောင့် တစ်နှစ်ကို ပျမ်းမျှ ၁၄၀၀ လောက် သေဆုံးလေ့ရှိကြောင်း အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဘိုလီးဗီးယား သမ္မတ ရိုဒရီဂို ပက်ဇ်က သူနဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ လစာ တစ်ဝက်ပဲ ယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီးယားမှာ ဆန္ဒပြ သတ္တုမိုင်း လုပ်သားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှုတွေကို ဟန့်တားဖို့အတွက် ချီလီ အစိုးရဟာ ပီရူး၊ ဘိုလီးဗီးယား နိုင်ငံတွေနဲ့ ထိစပ်ရာ မြောက်ပိုင်း နယ်စပ်မှာ စည်းရိုးကာရံ တည်ဆောက်ဖို့ စတင် လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီးယား နိုင်ငံမှာ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ လေယာဉ် ပျက်ကျပြီး ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။