Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သီရိလင်္ကာမှာ ဆင်ရိုင်းအုပ်နဲ့ တိုက်မိလို့ ရထား လမ်းချော်မှုဖြစ်၊ ဆင် ၆ ကောင်သေ

တောဆင်ရိုင်းအုပ်နဲ့ ဝင်တိုက်မိရာက သီရိလင်္ကာမှာ ရထားတစ်စီး လမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။

တောဆင်ရိုင်းအုပ်နဲ့ ဝင်တိုက်မိရာက သီရိလင်္ကာမှာ ရထားတစ်စီး လမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဟာဘာရာနာ မြို့နားက သဘာဝ ကြိုးဝိုင်းသစ်တော ဧရိယာ တစ်ခုနားက ဖြတ်သန်း ခုတ်မောင်းတဲ့ ခရီးသည်တင် ရထားဟာ သံလမ်းကို ဖြတ်ကူးနေတဲ့ ဆင်မိသားစုကို ဝင်တိုက်ခဲ့တာပါ။

အာရှတောင်ပိုင်း ဒေသတွင်း နိုင်ငံသမိုင်းမှာ သားရိုင်းတိရစ္ဆာန်တွေနဲ့ ဆက်နွှယ်ပတ်သက်တဲ့ အဆိုးရွားဆုံး မတော်တဆမှု တစ်ခုလို့ သတ်မှတ်နိုင်တဲ့ ဖြစ်စဉ်အတွင်း ခရီးသည်တွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေမယ့် ဆင် ၆ ကောင် သေဆုံးခဲ့ရပါတယ်။

အခင်းဖြစ်ချိန်ဟာ နေမထွက်ခင် မနက်အစောပိုင်းဖြစ်ပြီး တိုက်မိတဲ့ အရှိန်ကြောင့် ရထားစက်ခေါင်းဟာ လမ်းချော်ထွက်သွားခဲ့တယ်လို့ ဟာဘာရာနာ ရဲတပ်ဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကြေကွဲစရာ ဖြစ်ရပ်ဆိုးမှာ ဒဏ်ရာရခဲ့ပေမယ့် အသက်ရှင်ခဲ့တဲ့ ဆင်နှစ်ကောင်ကို သစ်တော အရာရှိတွေက ကူညီ ကုသပေးနေကြောင်း၊ ရထားပေါ်က ခရီးသည်တွေတော့ ထိခိုက်မှု မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဖြစ်စဉ်အပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာတော့ ဆင်ကြီးတစ်ကောင်ဟာ ဒဏ်ရာရပြီး ရထားဘေးမှာ လဲနေတဲ့ ဆင်ပေါက်လေး တစ်ကောင်ရဲ့ ဘေးမှာ ရပ်ပြီး ကာကွယ် စောင့်ရှောက်နေတာကို တွေ့ရပါတယ်။

ဆင်တွေဟာ သီရိလင်္ကာမှာတော့ တန်ဖိုးထား ဆက်ဆံခံရတဲ့ တိရစ္ဆာန် မျိုးစိတ်ဖြစ်ပြီး ဥပဒေတွေနဲ့လည်း အကာအကွယ် ပေးထားပါတယ်။ သီရိလင်္ကာမှာ ဆင်တွေကို ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးတာ၊ သတ်ဖြတ်တာတွေဟာ ရာဇဝတ်မှု မြောက်ပါတယ်။ သီရိလင်္ကာမှာ တောဆင်ရိုင်း ကောင်ရေ ၇၀၀၀ လောက်ထိ ရှိတယ်လို့ ယုံကြည်ရပါတယ်။

အခု အခင်းဖြစ်ပွားတဲ့ ဧရိယာ တဝိုက်မှာပဲ ၂၀၁၈ ခုနှစ် စက်တင်ဘာလတုန်းကလည်း ရထားတိုက်မိမှုကြောင့် ကိုယ်ဝန်ဆောင် ဆင်မကြီးနဲ့ သားငယ် ဆင်နှစ်ကောင် အသက်ဆုံးရှုံးခဲ့ဖူးကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ တောဆင်ရိုင်းကို ဝင်တိုက်ရာက ကားမီးလောင်ပြီး လူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

သတင်း

ပြည်တွင်း လောင်စာသုံးစွဲမှု လျှော့ချရေး အစီအမံ တစ်ခုအနေနဲ့ သီရိလင်္ကာ အစိုးရဟာ တစ်ပတ်ကို ၄ ရက်ပဲ ရုံးတက်စေဖို့ ညွှန်ကြားလိုက်ပါတယ်။