Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ အငြှိုးထားမှုကို မခံချင်လို့ ဝီဂါတွေကို ပြန်ပို့ပေးခဲ့တာလို့ ထိုင်းဒုတိယဝန်ကြီးပြော

ဝီဂါ မွတ်ဆလင်တွေကို တခြားနိုင်ငံတွေဆီ လွှဲပြောင်းမပေးဘဲ တရုတ်ဆီ ပြန်လည် ပို့ဆောင်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ တရုတ်ရဲ့ အငြှိုးထားမှုကို မခံချင်တာကြောင့်လို့ ထိုင်းအစိုးရ အဖွဲ့ဝင် ဒုတိယ ဝန်ကြီးတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဝီဂါ မွတ်ဆလင်တွေကို တခြားနိုင်ငံတွေဆီ လွှဲပြောင်းမပေးဘဲ တရုတ်ဆီ ပြန်လည် ပို့ဆောင်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ တရုတ်ရဲ့ အငြှိုးထားမှုကို မခံချင်တာကြောင့်လို့ ထိုင်းအစိုးရ အဖွဲ့ဝင် ဒုတိယ ဝန်ကြီးတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်းအစိုးရဟာ ပြည်တွင်းမှာ ၁၁ နှစ်လောက်ကြာအောင် ထိန်းသိမ်းထားတဲ့ ဝီဂါ မွတ်ဆလင် ၄၀ ကို တရုတ်နိုင်ငံဆီ ပြန်ပို့ခဲ့ပါတယ်။ ဝီဂါတွေဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ အဓိက နေထိုင်ပြီး တရုတ်အစိုးရဟာ အဲဒီ လူနည်းစု မျိုးနွယ်တွေအပေါ် လူမျိုးသုဉ်း ဖိနှိပ်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။

တကယ်လို့ ဝီဂါတွေကို တရုတ်ဆီ လက်လွှဲပေးမယ်ဆိုရင် သူတို့ကို ဒုက္ခတောထဲ ပို့လိုက်ပြီး အန္တရာယ်တွေ ကြုံသွားစေနိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက သတိပေးခဲ့ပေမယ့်လည်း ထိုင်းကတော့ တရုတ်ဆီကိုပဲ ပြန်ပို့ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့တုန်းက ဝီဂါတွေကို ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနရဲ့ ထိန်းသိမ်းရေး စင်တာကနေ အလုံပိတ် ကားတွေပေါ်တင်ပြီး မနက်စောစောပိုင်းမှာ သိုသိုသိပ်သိပ်နဲ့ ဒွန်မောင်း လေဆိပ်ဆီ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဝီဂါတွေကို ကြိုတင် ကြေညာမထားတဲ့ တောင်တရုတ်လေကြောင်း ခရီးစဉ် တစ်ခုပေါ်တင်ပြီး ရှင်းကျန်းဒေသဆီ ခေါ်ဆောင်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဝီဂါတွေကို တရုတ်လက်ထဲ အပ်လိုက်တဲ့ လုပ်ရပ်အပေါ် အမေရိကန် အပါအဝင် နိုင်ငံတကာက အပြင်းအထန် ရှုတ်ချ ဝေဖန်တာတွေ ရှိခဲ့ပေမယ့်လည်း ထိုင်းအစိုးရကတော့ အဲဒီလုပ်ရပ်အပေါ် အသည်းအသန် ကာကွယ်ခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ပညာရှင်တွေက ဝီဂါတွေဟာ တရုတ်မှာ နှိပ်စက်ညှင်းပန်းတာ၊ စနစ်တကျ ဖိနှိပ်တာတွေအပြင် မမျှော်မှန်းနိုင်လောက်တဲ့ အန္တရာယ်တွေပါ ကြုံတွေ့သွားနိုင်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ရွတ်စ် ဂျာလီချန်ဒရာက အဲဒီ ဝီဂါတွေကို လက်ခံပေးပါ့မယ်လို့ နိုင်ငံတချို့ဆီက ကမ်းလှမ်းမှု ရခဲ့တယ်လို့ မတ်လ ၆ ရက်နေ့မှာ ဝန်ခံခဲ့ပါတယ်။ အစောပိုင်းတုန်းကတော့ ထိုင်းဟာ ဝီဂါတွေကို လက်ခံပေးမယ့်နိုင်ငံ မရှိဘူးလို့ ငြင်းချက်ထုတ်ထားခဲ့ပါတယ်။ ရွတ်စ်က ကမ်းလှမ်းတဲ့ နိုင်ငံတွေ စာရင်းကို မကြေညာပေမယ့် အမေရိကန်၊ ကနေဒါနဲ့ ဩစတြေးလျတို့ဟာ ဝီဂါတွေကို လက်ခံ နေရာချပေးဖို့ အဆိုပြုခဲ့ကြကြောင်း အသီးသီး ပြောခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းအတွက်တော့ ဝီဂါတွေကို တခြား ကြားနိုင်ငံ တစ်ခုဆီ လက်လွှဲပေးလိုက်ဖို့ ဆိုတာက လက်တွေ့ကျတဲ့ ရွေးချယ်မှု မဟုတ်ဘူးခဲ့လို့ ရွတ်စ်က ဝန်ခံခဲ့ပါတယ်။ အဲဒီလိုမျိုးသာ ဆုံးဖြတ်မိခဲ့ရင် ထိုင်းနဲ့ တရုတ်ကြားမှာ ဆက်ဆံရေး ခါးသီးသွားနိုင်တဲ့ အလားအလာတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့လည်း သူက ရှင်းပြခဲ့ပါတယ်။

ထိုင်းနိုင်ငံသား အများအပြားရဲ့ ဘဝတွေကို ထိခိုက်သွားစေနိုင်တဲ့ တရုတ်ရဲ့ လက်တုံ့ပြန်မှုမျိုးကို ထိုင်းနိုင်ငံက ကြုံသွားနိုင်တာကို မဖြစ်မနေ ထည့်တွက်ပြီး အကောင်းဆုံး ရွေးချယ်မှုကို လုပ်ဆောင်ခဲ့တာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ တရုတ်ဖက်က ဘယ်လို လက်စားချေ တုံ့ပြန်တာတွေ ရှိနိုင်သလဲ ဆိုတာကိုတော့ ရွတ်စ်က အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းဆီကနေ လက်လွှဲပေးလိုက်တဲ့ သူတွေဟာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေဖြစ်ပြီး တရုတ်၊ ထိုင်းနဲ့ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ အခုသီတင်းပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြန်ပို့ခံရတဲ့ ဝီဂါ ၄၀ ဟာ ၂၀၁၄ တုန်းက ထိုင်းကနေ ထိုင်းကနေ ထွက်ပြေးလာပြီး အဖမ်းခံခဲ့ရသူ ဝီဂါ ၃၀၀ ထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီထဲက တချို့ကို ထိုင်းက တရုတ်ဆီ ပြန်ပို့ခဲ့ပြီး တချို့ကိုတော့ တူရကီဆီ လက်လွှဲပေးခဲ့ပါတယ်။ ကျန်တဲ့ ဝီဂါတွေကတော့ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော်လာတဲ့ထိ ဆက်လက် ချုပ်နှောင် ခံထားရဆဲ ဖြစ်ပါတယ်။

ကိုးကား CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။