Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရားရုံး ဆုံးဖြတ်ချက်နဲ့အတူ ဆံပင်ပုံစံ စိတ်တိုင်းကျ ရွေးခွင့်ရလာတော့မယ့် ထိုင်းကျောင်းသူကျောင်းသားတွေ

နှစ်ရှည်လများ အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ရာကနေ အခုအခါမှာတော့ ထိုင်းကျောင်းသူ ကျောင်းသားတွေဟာ စိတ်တိုင်းကျ ဆံပင်ပုံစံ တရားဝင် ထားခွင့်ရကြတော့မှာ ဖြစ်ပါတယ်။

နှစ်ရှည်လများ အငြင်းပွားစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ရာကနေ အခုအခါမှာတော့ ထိုင်းကျောင်းသူ ကျောင်းသားတွေဟာ စိတ်တိုင်းကျ ဆံပင်ပုံစံ တရားဝင် ထားခွင့်ရကြတော့မှာ ဖြစ်ပါတယ်။

အခုသီတင်းပတ်ထဲမှာ ထိုင်းရဲ့ စီမံခန့်ခွဲမှုရေးရာ တရားရုံးချုပ်ဟာ နှစ်ပေါင်း ၅၀ ကြာ တည်တံ့ခဲ့တဲ့ ကျောင်းသူကျောင်းသားများ ဆံပင်ပုံစံ ကန့်သတ် စည်းမျဉ်းကို ပယ်ဖျက်ကြောင်း အဆုံးအဖြတ် ပေးလိုက်ပါတယ်။ အဲဒီ စည်းမျဉ်းဟောင်းကို ၁၉၇၅ ခုနှစ်၊ ထိုင်းစစ်အစိုးရဟောင်း လက်ထက်ကတည်းက ထုတ်ပြန်ထားခဲ့တာပါ။

စည်းမျဉ်းမှာတော့ ကျောင်းသားတွေဟာ ဆံပင်အတို ညှပ်ရမှာဖြစ်ပြီး ကျောင်းသူတွေကတော့ နားရွက်ထက် ပိုမရှည်တဲ့ ဆံပင်မျိုးပဲ ထားခွင့်ရှိပါတယ်။ မလိုက်နာတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ဆံပင်တွေကို ကျောင်းအာဏာပိုင်တွေက ညှပ်ပစ်ခွင့် ရှိတယ်လို့ စည်းမျဉ်းမှာ ရေးသားထားပါတယ်။

နှစ်တွေ ကြာလာတာနဲ့အမျှ ကျောင်းတွေမှာ ဆံပင်ပုံစံနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေကို အများကြီး ဖြေလျှော့ပေးလာပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သော ကျောင်းတွေကတော့ ၁၉၇၅ ခုနှစ် စည်းမျဉ်းဟောင်းကို လက်ကိုင်ပြုလိုတဲ့ သဘောထားမျိုး ရှိနေပြီး အကျိုးဆက်အဖြစ် ကျောင်းသူကျောင်းသားတွေနဲ့ ကျောင်းအာဏာပိုင်တွေကြား အငြင်းအခုံတွေ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်အရ အဲဒီအငြင်းပွားမှုတွေ အားလုံး အဆုံးသတ်သွားတော့မှာပါ။ စည်းမျဉ်းဟောင်း ပျက်ပြယ်သွားတဲ့အတွက် ကျောင်းသူကျောင်းသားတွေဟာ ဆံပင်ပုံစံကို စိတ်တိုင်းကျ ရွေးချယ်ခွင့် ရကြမှာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက ကျောင်းသူကျောင်းသား ၂၃ ယောက် စုပေါင်းပြီး ၁၉၇၅ ခုနှစ် စည်းမျဉ်းဟောင်းဟာ အခြေခံ ဥပဒေနဲ့ မညီညွတ်ကြောင်း လျှောက်ထား တင်ပြချက်ကို တရားရုံးချုပ်က စိစစ်လေ့လာပြီးတဲ့နောက် အခုလို အဆုံးအဖြတ် ပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းမှာ ကျောင်းသားရေးရာ တက်ကြွ လှုပ်ရှားသူတွေဟာ ဆံပင်ပုံစံနဲ့ ပတ်သက်တဲ့ ကန့်သတ်မှု စည်းမျဉ်းတွေကို ပယ်ဖျက်ပေးဖို့ အစဉ်တစိုက် တောင်းဆိုခဲ့ကြပြီး အဲဒီ ကန့်သတ်ချက်တွေဟာ လူ့ဂုဏ်သိက္ခာနဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ပိုင်ခွင့်တွေကို ထိပါးရာ ရောက်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ကျောင်းသားတွေဖက်က တောင်းဆိုမှုတွေ မြင့်တက်လာနောက် ၂၀၂၀ ပြည့်နှစ်မှာတော့ ဆံပင်အရှည် ထားဖို့ အာဏာပိုင်တွေက စတင် ခွင့်ပြုလာပေမယ့် ကန့်သတ်ချက် တချို့ကတော့ ကျန်နေဆဲပါ။ ဥပမာ ယောက်ျားလေးတွေ ဆံပင် အရှည်က ပခုံးဝန်းကျင်ထက် ပိုထားလို့ မရသလို မိန်းကလေးတွေလည်း ဆံပင်အရှည်ထားရင် စည်းနှောင်ထားရမယ် ဆိုတာမျိုးတွေ ဖြစ်ပါတယ်။ အခုတော့ လက်ကျန် ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးလိုက်ပါတယ်။

ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူတွေက တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ကြိုဆိုကြပေမယ့် ဆံပင်ပုံစံနဲ့ ပတ်သက်လို့ ကျောင်းတစ်ခုချင်းစီက ကန့်သတ် စည်းမျဉ်းတွေ ထားရှိခွင့်ကို မဖျက်သိမ်းသေးတာနဲ့ ပတ်သက်လို့တော့ ဝေဖန် ထောက်ပြကြပါတယ်။ တစ်နည်းအားဖြင့် ရှေးရိုးစွဲဆန်တဲ့ တချို့ကျောင်းတွေဟာ ကိုယ်ပိုင် ကျောင်းစည်းကမ်း အနေနဲ့ ဆံပင်ပုံစံတွေ ဘယ်လိုထားရမယ် ဆိုတာကို သတ်မှတ် ပြဋ္ဌာန်းနိုင်ခွင့် ရှိနေဆဲလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ဆန့်ကျင်ဖို့၊ အဲဒီကိစ္စအတွက် ထိုင်းအစိုးရက ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်အောင် ဖိအားပေးဖို့အတွက် ‘ထိုင်းနိုင်ငံကို ပြန်ယူကြ’ (Take Back Our Thailand’ဆိုတဲ့ လှုပ်ရှားမှုကို အကောင်အထည် ဖော်သွားမယ်လို့ ဝါရင့်...

နိုင်ငံတကာ

ရေတပ်သားတွေ အပန်း‌ဖြေ အနားယူဖို့အတွက် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ဆီ ရောက်ရှိနေခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ အခုအခါ ဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ကမ်းခြေမြို့ ပတ္တယားမှာ အပန်းဖြေ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်လောက်ဟာ ၅ ရက်အတွင်း ဘတ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃ သန်းကျော်)လောက် သုံးစွဲမယ်လို့ မြို့ရဲ့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

သတင်း

ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကပစ္စတို တစ်လက်နဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။