Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါ ဝန်ကြီးချုပ် ရာထူးကို ဆက်ခံဖို့ ကာနေ ရွေးချယ်ခံရ၊ ထရမ့်ကို ဖီဆန် ရပ်တည်သွားမယ်လို့ပြော

ဘဏ်လုပ်ငန်း အမှုဆောင် တစ်ဦးဖြစ်တဲ့ မတ်ခ်ကာနေဟာ ကနေဒါ အာဏာရ လစ်ဘရယ်ပါတီရဲ့ အကြီးအကဲသစ်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရပြီးတဲ့နောက် ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူရဲ့ အရိုက်အရာကို ဆက်ခံတော့မှာ ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ အောင်ပွဲ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဖီဆန်တဲ့ သဘောထားကို ကာနေက အတိအလင်း ထည့်ပြောသွားခဲ့ပါတယ်။

ဘဏ်လုပ်ငန်း အမှုဆောင် တစ်ဦးဖြစ်တဲ့ မတ်ခ်ကာနေဟာ ကနေဒါ အာဏာရ လစ်ဘရယ်ပါတီရဲ့ အကြီးအကဲသစ်အဖြစ် တင်မြှောက်ခြင်း ခံခဲ့ရပြီးတဲ့နောက် ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူရဲ့ အရိုက်အရာကို ဆက်ခံတော့မှာ ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ အောင်ပွဲ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဖီဆန်တဲ့ သဘောထားကို ကာနေက အတိအလင်း ထည့်ပြောသွားခဲ့ပါတယ်။

ကာနေဟာ ကနေဒါအပေါ် ကုန်သွယ်ရေး မူဝါဒနဲ့ သွင်းကုန် စည်းကြပ်မှုတွေကို အသုံးချပြီး ဖိအားပေးနေတဲ့ ထရမ့်ရဲ့ အစီအမံတွေကို အနည်းဆုံးတော့ လာမယ့် ကနေဒါ ရွေးကောက်ပွဲ မတိုင်ခင်ထိ တုံ့ပြန် ကိုင်တွယ်သွားရမယ့် သဘောပါပဲ။ သူက ထရမ့်ရဲ့ အစိုးရနဲ့ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုတွေကိုတော့ ဆွေးနွေး ပြောဆိုသွားမှာ ဖြစ်တယ်လို့ ကာနေက ဆိုပါတယ်။

ပါတီခေါင်းဆောင် နေရာအတွက် ရွေးချယ်ခံရပြီးတဲ့နောက် ကာနေက လက်ရှိ ကနေဒါ ဝန်ကြီးချုပ် ထရူဒူရဲ့ စကားအတိုင်းပဲ ထရမ့်ဟာ ကနေဒါ နိုင်ငံသားတွေ တည်ဆောက်ခဲ့တဲ့၊ ဖန်တီးခဲ့တဲ့၊ မှီခို အသက်မွေးနေတဲ့ အရာတွေအပေါ် မမျှတတဲ့ အခွန်စည်းကြပ်မှုတွေ သတ်မှတ်ပြီး ကနေဒါရဲ့ စီးပွားရေး အားနည်း ဆုတ်ယုတ်သွားအောင် ကြိုးစားနေတယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။

ထရမ့်ဟာ ကနေဒါ မိသားစုတွေ၊ အလုပ်သမားတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို ထိုးနှက် တိုက်ခိုက်နေတာဖြစ်ပြီး သူ့ရည်ရွယ်ချက် အောင်မြင်အောင် ခွင့်ပြုပေးလို့ မရကြောင်း၊ ကနေဒါကလည်း ဒါကို ခွင့်ပြုမှာ မဟုတ်ကြောင်း ကာနေက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနေဒါဟာ မကျေနပ်တဲ့ အသံတွေကို ကျယ်ကျယ်လောင်လောင် ထုတ်ပြခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း၊ ကနေဒါရဲ့ ဒေသ အသီးသီးဟာ ရှေ့ထွက်လာပြီး တုံ့ပြန် ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း၊ အားလုံး စည်းလုံးကြတဲ့ အချိန်မှာ ကနေဒါဟာ သန်မာလာမှာ ဖြစ်ကြောင်း၊ အမေရိကန်ဖက် ကနေဒါအပေါ် လေးစားမှု ပြသလာတဲ့ အချိန်ထိ ကနေဒါကလည်း အမေရိကန်အပေါ် အခွန်စည်းကြပ်မှုတွေနဲ့ တန်ပြန်မှာဖြစ်ကြောင်း ကာနေက ပြောကြားသွားပါတယ်။

သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ ထရမ့်သာမကဘဲ ကွန်ဆာဗေးတစ် ပါတီ အကြီးအကဲ ပီယေး ပိုလီယက်ဗ်ရီကိုပါ ကာနေက ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။ ထရမ့်ဆီက တိုက်ရိုက်ကျတဲ့ ခြိမ်းခြောက်မှုတွေ ကြုံလာနေတဲ့ မျက်မှောက် ကာလမျိုးမှာ တစ်သက်လုံး နိုင်ငံရေး လုပ်စားလာတဲ့ ပိုလီယက်ဗ်ရီဟာ ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင် နေဖို့ကလွဲရင် ဘာမှ ထိရောက်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ မလုပ်နိုင်ခဲ့ကြောင်း၊ အရင်ကလည်း ဒါမျိုး ဘယ်တုန်းကမှ မရှိခဲ့ကြောင်း၊ စီးပွားရေးမှာ မရေရာမှုတွေ ကြီးကြီးမားမား ကြုံနေရတဲ့ အနေအထားမျိုးမှာ ပိုလီယက်ဗ်ရီဟာ ကနေဒါ ဗဟိုဘဏ်ကို အားလျော့အောင် ဆွဲချသလို ဖြစ်လာနိုင်ကြောင်း သူက ဆိုပါတယ်။

လက်ရှိဟာ ကနေဒါအတွက် မှောင်မိုက်တဲ့ နေ့ရက်တွေဖြစ်ပြီး အဲဒီ နေ့ရက်တွေကို အခုအခါ ကနေဒါအတွက် ယုံစားလို့ မရတော့တဲ့ နိုင်ငံတစ်ခုက ယူဆောင်လာတာဖြစ်ကြောင်း၊ တုန်လှုပ်ခဲ့တဲ့ ကာလတွေကို ဖြတ်ကျော်ပြီးတဲ့ အချိန်မှာတော့ ကနေဒါဟာ ရခဲ့တဲ့ သင်ခန်းစာတွေကို ဘယ်တော့မှ မမေ့တော့ဖို့ လိုကြောင်းလည်း ကာနေက ပြောပါတယ်။ အခုအခါ ကနေဒါဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ရမှာဖြစ်ပြီး စောင့်ကြိုနေမယ့် ခက်ခဲ ကြမ်းတမ်းတဲ့ နေ့ရက်တွေအတွက် အားလုံးအတူတူ ရုန်းကန်ရမှာ ဖြစ်ကြောင်းလည်း ကာနေက ပြောကြားသွားခဲ့ပါတယ်။

ထရမ့်ဟာ ဇန်နဝါရီလမှာ သမ္မတ ဖြစ်လာချိန် ကတည်းက အိမ်နီးချင်း ကနေဒါ နိုင်ငံအပေါ် ကုန်သွယ်ရေးအရ ပစ်မှတ်ထားတဲ့ အခွန်စည်းကြပ်မှုတွေကို ကြေညာခဲ့ပါတယ်။ ဒါတင် မကသေးဘဲ ကနေဒါကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အဖြစ်ကနေ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်လိုတဲ့ သူ့ရဲ့ သဘောထားကိုလည်း ပြောင်ပြောင်တင်းတင်း ထုတ်ပြောခဲ့ပါသေးတယ်။ အဲဒီ ကိစ္စကိုတော့ ကနေဒါရဲ့ လစ်ဘရယ်ရော၊ ကွန်ဆာဗေးတစ် အင်အားစုတွေကပါ လက်မခံနိုင်ကြောင်း အတိအလင်း အသိပေးထားကြပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

သတင်း

ကြားကာလ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် အနိုင်ရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅၀၀၀ စီ ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။