Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယားအရေး အီရန်နဲ့ တိုက်ရိုက်ဆွေးနွေးမယ်လို့ ထရမ့်ပြော

အီရန်ရဲ့ နျူကလီးယား နည်းပညာကို ထိန်းချုပ်ရေး ရည်ရွယ်ချက်အတွက် အမေရိကန်ဟာ တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား နည်းပညာကို ထိန်းချုပ်ရေး ရည်ရွယ်ချက်အတွက် အမေရိကန်ဟာ တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ဟာ အီရန် နျူကလီးယားရေးရာ မူဝါဒနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံး လက်ခံနိုင်မယ့် သဘောတူညီမှုတစ်ခု ပေါ်ထွက်လာရေးအတွက် အခုသီတင်းပတ်ကုန်မှာ တိုက်ရိုက်ကျကျ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ထရမ့်က ဆိုပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း နျူကလီးယားအရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဆွေးနွေးဖြစ်မယ် ဆိုတာကို အတည်ပြုထားပြီး အဲဒါဟာ အခွင့်အလမ်း တစ်ခု ဖြစ်နိုင်သလို စမ်းသပ်မှု တစ်ခုလည်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးထားပါတယ်။

ထရမ့်ကတော့ ဆွေးနွေးမှုဟာ နှစ်ဖက်စလုံးရဲ့ အဆင့်မြင့် အရာရှိတွေ ပါဝင်မှာဖြစ်ပြီး တကယ်လို့ ဘယ်လို သဘောတူညီမှု တစ်ခုခုမှ ထွက်ပေါ်လာတာ မရှိခဲ့ဘူး ဆိုရင်တော့ အီရန်အတွက် အင်မတန် ဆိုးရွားတဲ့ နေ့တစ်နေ့ ဖြစ်သွားနိုင်တယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ဟာ နျူကလီးယား လက်နက်တွေ တည်ဆောက်ဖို့ အားထုတ် ကြိုးစားနေကြောင်း စွပ်စွဲထားပြီး အီရန်ကတော့ နိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်ဟာ စွမ်းအင်ကဏ္ဍအတွက် ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုဖို့သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ လတုန်းက အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီက အမေရိကန်ရဲ့ တိုက်ရိုက် ဆွေးနွေးဖို့ တောင်းဆိုမှုကို အတိအလင်း ပယ်ချခဲ့တဲ့နောက် ထရမ့်က အီရန်ဟာ အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှုမျိုး ကြုံသွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ဧပြီ ၁၂ ရက်နေ့မှာ ပြုလုပ်မယ့် အီရန်နဲ့ ဆွေးနွေးပွဲ ကိစ္စအကြောင်း ပြောတဲ့အခါ ထရမ့်က အီရန်ဆီမှာ နျူကလီးယားလက်နက် လုံးဝ ပိုင်ဆိုင်ခွင့် မရစေရဘူးဆိုတဲ့ အမေရိကန်ရဲ့ သဘောထားကို အတိအလင်း အသိပေးသွားပါတယ်။ အဲဒီ ဆွေးနွေးပွဲ မအောင်မြင်ဘူးဆိုရင် အီရန်ဟာ တကယ့် အန္တရာယ် အကြီးကြီးထဲ ဦးတည်သလို ဖြစ်သွားနိုင်တယ် ဆိုတာကိုလည်း နားလည်ထားသင့်ကြောင်း ထရမ့်က ပြောပါတယ်။

ဒါပေမဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ လျာထားတဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ ထရမ့်က မှတ်ချက် မပေးခဲ့ပါဘူး။

၂၀၁၅ ခုနှစ်၊ အမေရိကန် သမ္မတ ဘာရတ် အိုဘားမား လက်ထက်မှာ အီရန်ရဲ့ နျူကလီးယား လှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့ သဘောတူညီမှုတစ်ခု ရရှိခဲ့ပြီး အီရန်ကလည်း ပြည်တွင်း နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို နိုင်ငံတကာ ပညာရှင်တွေရဲ့ ပုံမှန် စစ်ဆေးစောင့်ကြည့်မှုကို ခွင့်ပြုပေးခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၆ ခုနှစ်မှာ ထရမ့်က အမေရိကန် သမ္မတအဖြစ် ပထမသက်တမ်း တာဝန်ယူခဲ့တဲ့နောက် အဲဒီ သဘောတူညီချက်ကို တစ်ဖက်သတ် ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အီရန်ကလည်း နျူကလီးယား ဓာတ်သတ္တုတွေ သန့်စင်မှုကို ပိုပြီး အရှိန်မြှင့် လုပ်ဆောင်လာခဲ့ကြောင်း ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့် ဌာနဖြစ်တဲ့ နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)က ကြေညာထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။